iPad Pro မှာ Bluetooth Keyboard သုံးပြီး မြန်မာစာရိုက်ကြည့်တဲ့ အခါ

 

မင်္ဂလာပါ အခရာ ပရိသတ်များ ခင်ဗျာ…

iPad Pro နဲ့ Bluetooth Keyboard ကို တွဲဖက်ပြီး အသုံးပြုရတာ အခက်အခဲဖြစ်နေသူတွေ အတွက် အခရာက အဆင်ပြေနိုင်မယ့် Application တစ်ခုကို ရှာဖွေတွေ့ရှိထားပါတယ်။

 

မနက်က သွားရင်းလာရင်း iPad နဲ့ မြန်မာစာရိုက်စရာရှိလို့ App တွေ စမ်းကြည့်တာ အတော်တိုင်ပတ်သွားတယ်ဗျာ။ Virtual Keyboard ကို App Store မှာ ရှိတဲ့ App တော်တော်များများ ဥပမာ Myanmar Keyboard၊ TT keyboard၊ Takaung Myanmar Keyboard  စတဲ့ App တွေက Support ပေးပေမယ့် ကိုယ်တွေက Bluetooth Keyboard ပေါ်ကနေမှ အားရပါးရရိုက်ချင်တာဆိုတော့ ရှာရင်း ရှာရင်း “Sar” ဆိုတဲ့ Application လေးတစ်ခုသွားတွေ့တယ်။

 

Sar က ပြောခဲ့တဲ့ အတိုင်း Virtual Keyboard တင်မဟုတ်ဘဲ Bluetooth Keyboard ကိုပါ Support ပေးပါတယ်။ Developer ဖြစ်တဲ့ COMQUAS ကတော့ “Sar” ကို မြန်မာဇော်ဂျီ စာရိုက်စနစ်လို့ ဆိုထားပေမယ့် ကျွန်တော့်အမြင်တော့ သူက စာရိုက်စနစ်ဆိုတာထက် ကျွန်တော်တို့ ဖုန်းတွေမှာပါတဲ့ Note App သဘောမျိုး သွားထားတာပါ။

 

You May Also Like : “iPhone 8 မှာ အပေါက်တစ်ပေါက်တောင် ပါဝင်ဖွယ်မရှိတော့

 

Sar မှာ ဝင်ရေး၊ ပြီးရင် Copy Paste လုပ်ပြီး တခြားမှာ သွားချရင် ချ၊ မဟုတ်ရင်လည်း သူ့ထဲမှာ Add To Notes လုပ်ပြီး သိမ်းလို့ ရပါတယ်။ ဒါမှ မဟုတ်လည်း File Sharing အနေနဲ့ iCloud ကို အသုံးပြုနိုင်တယ်၊ Add To Dropbox လုပ်ပြီး Dropbox ထဲ သိမ်းထားလို့ ရမယ်။ ရိုက်ထားတဲ့ စာတွေကိုလည်း Air Print Printer ကနေလည်း တိုက်ရိုက် Print ထုတ်လို့ ရပါသေးတယ်။

 

အခုလတ်တလော အဆင်ပြေသွားပေမယ့် နောက်ထပ် ဒီ “Sar” လိုမျိုး Bluetooth Keyboard ကို Support ပေးတဲ့ App တွေ အများကြီး ရှိလာရင်၊ ရှိပြီးသား Keyboard App တွေကလည်း Support ပေးမယ်ဆိုရင် iPad နဲ့ Keyboard တွဲပြီး စာရိုက်ချင်သူတွေ အတွက် တော်တော်အဆင်ပြေသွားမှာပဲလို့ အခရာက အကြံပြုချင်ပါတယ်။

 

ရိုးလူ (အခရာ)

www.akhayar.com