ခရီးသွားကြတဲ့အခါ တွေ့ကြရမယ့် သူငယ်ချင်းပုံစံ အမျိုးမျိုး

သူငယ်ချင်းတွေစုပြီးတော့ ခရီးထွက်တဲ့အခါမျိုးမှာ တစ်ယောက်အကျင့်စရိုက်တစ်မျိုးစီနဲ့မို့ အမျိုးမျိုးအထွေထွေ ကြုံတတ်ကြပါတယ်။ ဘယ်ရောက်ရောက်ဓါတ်ပုံရိုက်မယ်ဆိုတဲ့သူတွေကြောင့် ရှေ့မရောက်တာမျိုးရှိသလို အမြဲဟာသတွေပြောနေတဲ့ကောင်တွေကြောင့် ပါးစပ်မစိရတာမျိုးလည်းရှိပါတယ်။ ဒါကြောင့် ခရီးတစ်ခု ထွက်ရင်ဘယ်လိုသူငယ်ချင်းအမျိုးအစားတွေပါလေ့ရှိလဲဆိုတာကို လေ့လာကြည့်ပါဦး။

အစားအသောက်မီးလိုတောက်သူ (The Hungry Foodie)

အစားအရမ်းမက်တဲ့ အစားသရဲတွေနဲ့ ခရီးအတူသွားဖူးမလား မသိဘူး။ ဘယ်ဒေသပဲရောက်ရောက် ဒေသအစားအစာ ဘာကောင်းလဲ စုံစမ်းပြီး ရှာဖွေတတ်သူတွေပေါ့။ သူတို့အတူသွားမယ်ဆို အစားကောင်းတွေ မြည်းစမ်းကြည့်ရမှာ အမှန်ပါပဲ။ ဘာပဲစားစား မစားခင် ဓာတ်ပုံလေးရိုက်ပြီး Facebook တင်တတ်တဲ့ သူတွေနဲ့ဆို တော်တော်လေး အတွဲညီမှာပါ။

ငပေါ (The Always GV Joker)

သူငယ်ချင်းတွေစုပြီး ခရီးသွားကြမယ်ဆိုရင် ပွဲဆူအောင် လုပ်ပေးတတ်တဲ့ သူငယ်ချင်းမျိုး တကယ်လိုပါတယ်။ ပျင်းစရာကောင်းတဲ့ ခရီးမျိုး ဘယ်သူမှ မလိုချင်ပါဘူး။ ပါလာသမျှလူတိုင်းနဲ့ အဆင်ပြေအောင် နေတတ်သလို ကားပေါ်မှာတွေ့တဲ့ ကားသမားနဲ့တောင် အရမ်းခင်သွားအောင် ရောနိုင်တဲ့ သူတွေပါ။ အမြဲရီစရာတွေပြောနေပြီး သင်တို့ကို ပျော်အောင် လုပ်ပေးပါလိမ့်မယ်။ ခရီးသွားမယ်ဆိုရင်တော့ ဒီလို ငပေါတစ်ယောက်လောက် ပါအောင်ခေါ်သွားမှ ပြောစရာ ကောင်းမှာနော်။

ဓာတ်ဆရာ (The Moment Capturer)

ဓာတ်ပုံရိုက်တတ်တဲ့သူ ရိုက်တာတော်တဲ့သူဆိုရင်တော့ လူတိုင်းရဲ့ ပုံတွေကို ရိုက်ပေးရတော့မှာ ဖြစ်ပါတယ်။ Instagram မှာ ပုံလေးတွေရိုက်တင်ပြီး အေးဆေးနေမယ် စိတ်ကူးမယ်ဆိုရင်တော့ မှားသွားပါလိမ့်မယ်။ ဓာတ်ဆရာကောင်းကောင်း တစ်ယောက်က ခရီးတစ်ခုအတွက် အရမ်းအရေးပါတယ်လေ။ သင်သူတို့ကိုရိုက်ပေးသလို ပုံကောင်းကောင်းလေးတွေ သင့်ကိုပြန်ရိုက်ပေးနိုင်မယ် ထင်ခဲ့ရင်တော့ သင်မှားသွားမှာပါ။

လမ်းညွှန်ဆရာ (The Trip Navigator)

ခရီးအတူသွားမယ့် သူငယ်ချင်းတွေထဲမှာတော့ ဆရာကြီးပါပဲ။ သင်ဟာ ဘယ်သွားမယ်၊ ဘာလုပ်မယ် ဆိုတာ ဆုံးဖြတ်ချက်ချနိုင်တယ်၊ သိနေတယ်ဆိုရင် အားလုံးက သင့်ကို ဆရာတင်ပြီး သင့်နောက်ကို လိုက်ကြမှာပါ။ စွန့်စားသွားလာရတဲ့ ခရီးတွေမှာလည်း ဦးဆောင်သူတစ်ယောက် ဖြစ်နေမှာပါ။

လက်ဖွာသူ (The Generous Spender)

ခရီးထွက်တာနဲ့ ရှိတဲ့ ပိုက်ဆံအကုန်သုံးမယ်ဆိုတဲ့ သူမျိုးပေါ့။ လိုလို မလိုလို အရမ်းသုံးတတ်တဲ့သူတွေပါ။ အိတ်ထဲက ပိုက်ဆံကုန်တဲ့အထိ အမှတ်တရပစ္စည်းတွေ ဝယ်နေတတ်တဲ့သူမျိုးတွေပါ။ အဖွဲ့ထဲမှာလည်းသဘောအကောင်းဆုံး၊ အရက်ရောဆုံးပေါ့။ ရှိတာအကုန် မသုံးမိဖို့တော့ သတိထားသင့်ပါတယ်။

 တိကျကျစ်လျစ်သူ (The OC planner)

သူငယ်ချင်းတွေထဲ အရမ်းကိုအတိစဉ်းစားတဲ့ သူတစ်ယောက်တော့ ပါလာတတ်ပါတယ်။ ပိုက်ဆံနည်းတာပဲဖြစ်ဖြစ်၊ အချိန်မလောက်တာပဲ ဖြစ်ဖြစ် အသေစဉ်းစားနေပြီး ပိုက်ဆံကိုဒီလောက်အတွင်း ရအောင်သုံးမယ်။ ဘယ်နေ့အမီပြန်ရမယ် စတာတွေနဲ့ရှုပ်နေတဲ့ သူမျိုးပေါ့။

သံမဏိကင်းထောက်(The Scout Survivor)

ခရီးသွား အတွေ့အကြုံ ရင့်ပြီး ဘာပဲလိုလို လိုအပ်တဲ့ ပစ္စည်းအားလုံးပါလာတတ်တဲ့သူမျိုးပေါ့။ ဘာလိုလိုသူ့ကိုအားကိုးနေရတဲ့ သူမျိုးတွေပေါ့။

မိုက်တီးလူစွန့်စား (YOLO Adventurer)

စိတ်အေးလက်အေးနဲ့ ဘာမှ စိတ်မပူတတ်တဲ့ သူမျိုးပေါ့။ ဘာအစီအစဉ်မှ မရှိပဲ စဉ်းစားမထားပဲ ခရီးထွက်လဲလာလဲ ဖြစ်တဲ့သူမျိုးပါ။ ဘာပဲဖြစ်လာလာ အေးဆေးပါပဲ။

Lodggy.com ဟာ Hotel Booking Website တစ်ခုဖြစ်ပြီး မြန်မာပြည်အနှံ့ မြို့များမှာ တည်းခိုရန်အတွက် Booking တင်နိုင်ပါတယ်။ Booking တင်ဖို့ 09 4444 38366 ကိုဆက်သွယ်နိုင်ပါပြီ။

အခရာ

(www.akhayar.com)