ခႏၱီးၿမိဳ႕နယ္မွ လုိဏ္ဂူသစ္ (၂) ခုကုိ သဘာဝနယ္ေျမသတ္မွတ္ဖုိ႔ တင္ျပမယ္

Cave

[Zawgyi]

ခႏၱီးၿမိဳ႕နယ္မွ လုိဏ္ဂူသစ္ (၂) ခုကုိ သဘာဝနယ္ေျမသတ္မွတ္ဖုိ႔ တင္ျပမယ္

စစ္ကိုင္းတိုင္းေဒသႀကီး ခႏၲီးၿမိဳ႕နယ္အတြင္းက ပယင္းလုပ္ကြက္ေတြကို သြားေရာက္လုပ္ကိုင္ၾကရင္း ေတြ႕ရွိခဲ့ရတဲ့ သဘာဝထံုးေက်ာက္လိုဏ္ဂူႏွစ္ခုကို သဘာဝနယ္ေျမအျဖစ္သတ္မွတ္ႏိုင္ေစရန္ တိုင္းေဒသႀကီးအစိုးရအဖြဲ႕ကေန တင္ျပသြားမယ္လို႔ သိရပါတယ္။

အဲဒီလိုဏ္ဂူႏွစ္ခုကေတာ့ ခႏၱီးၿမိဳ႕နဲ႔အနည္းငယ္ အလွမ္းေဝးၿပီး အနီးအနားက ေဒသခံေတြနဲ႔ ေတာ ထဲကိုသြားေရာက္ကာ ပယင္းေမွာ္လုပ္ကိုင္သူေတြေလာက္သာ သိၾကတယ္လို႔ သိရွိရပါတယ္။

“အဲဒီဂူကို ငဖဲဂူလို႔ေတာ့ ေဒသခံေတြကသိတာမ်ားတယ္။ ဒါေပမယ့္ ျမင္ေနက်ပံုစံပါပဲ။ သိပ္ၿပီး သတိမထားမိၾကဘူး။ အဲဒီနားမွာ ပယင္းလုပ္ကြက္ေတြခ်ထားေပးေတာ့ ပယင္းေမွာ္ေတြမွာ သြားေရာက္လုပ္ကိုင္ၾကရင္း ပိုသတိထားမိလာၾကတာပါ။ လႊႊတ္ေတာ္ကိုယ္စားလွယ္တခ်ိဳ႕လည္း ကြင္းဆင္းေလ့လာၿပီးေတာ့ အဲဒီနားတစ္ဝိုက္ကို သဘာဝနယ္ေျမသတ္မွတ္ဖို႔အတြက္ တိုင္းေဒသႀကီး အစိုးရကိုတင္ျပခဲ့တာပါ” လို႔ ခႏၲီးက ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးျဖစ္တ့ဲ ဦးေအာင္သန္းစိန္က ျမန္မာ့ပလက္ေဖာင္းမီဒီယာကို ေျပာပါတယ္။

အဆိုပါ လိုဏ္ဂူႏွစ္ကိုေတာ့ ထန္အီပန္းနဲ႔ ထန္အီစမ္းလို႔လည္း ေခၚၾကၿပီး ထန္အီပန္ (နန္းအီပန္) ဂူကိုေတာ့ မင္းတုန္းမင္းလက္ထက္မွာဘုရင္ကို ပုန္ကန္ဖို႔ လူသူစုေဆာင္းၿပီး ခိုေအာင္းခဲ့တဲ့ မင္းသားငဖဲကိုအမွီျပဳၿပီးေတာ့ ငဖဲဂူလို႔လည္း ေခၚဆိုၾကတယ္လို႔ သိရပါတယ္။ ဂူႏွစ္လံုးစလံုးကေတာ့ ထံုးေက်ာက္ဂူအမ်ဳိးအစားျဖစ္ၿပီးေတာ့ ေတာထဲကိုျဖတ္ရတဲ့အျပင္ ေတာင္ေပၚတက္ရၿပီးမွ ဂူေတြရွိရာေနရာကို ေရာက္ႏိုင္တယ္လို႔ သိရပါတယ္။

ယင္းလိုဏ္ဂူေတြအျပင္ အနီးနားက သစ္ေတာဧရိယာကို သဘာဝအတိုင္း ေရရွည္တည္တံ့တဲ့ ထိန္းသိမ္းကာကြယ္ေရးနယ္ေျမျဖစ္လာေစဖို႔ သဘာဝနယ္ေျမအျဖစ္ သတ္မွတ္ေပးဖို႔အတြက္ တိုင္းေဒသႀကီးအစိုးရထံကို တင္ျပခဲ့တာပဲျဖစ္ပါတယ္။

“လိုဏ္ဂူကေတာ့ ေတာ္ေတာ္နက္တယ္။ လမ္းအေျခအေနကေတာ့ ဆိုင္ကယ္ေလာက္ပဲ သြားလို႔ရမယ္။ ကားနဲ႔ မရေလာက္ေသးဘူး။ အခုလို သဘာဝနယ္ေျမျဖစ္လာရင္ေတာ့ လမ္းပန္းဆက္သြယ္ေရးလည္း ေကာင္းမြန္လာမယ္။ ခရီးသြားေတြလည္း လည္ပတ္ဖို႔ အဆင္ေျပမယ္ဆိုရင္ လာၾကတဲ့ ဧည့္သည္လည္းမ်ားလာမယ္။ ေဒသခံေစ်းသည္ေတြလည္း ေစ်းေရာင္းေကာင္းမွာေပါ့” လို႔ ဦးေအာင္သန္းစိန္က ေျပာပါတယ္။

အဲဒီလိုဏ္ဂူေတြကို သြားေရာက္မယ္ဆိုရင္ေတာ့ ခႏၲီး-နန္စီပြန္-တာမခံကားလမ္းအတိုင္းသြားရမွာျဖစ္ၿပီး အဲဒီကေန ဆိုင္ကယ္နဲ႔ျဖစ္ေစ ေျခက်င္ျဖစ္ေစ သြားေရာက္ႏိုင္တယ္လို႔ သိရပါတယ္။ ထံုးေက်ာက္ဂူေတြျဖစ္လို႔ ထံုးေက်ာက္တိုင္ေတြ ေက်ာက္ခတ္ပန္းဆြဲေတြကို ဂူအတြင္းမွာ ေတြ႔ႏိုင္ပါတယ္။ ဂူအတြင္းနံရံေတြကေတာ့ ျမင့္မားလွၿပီး ဂူအဆံုးထိသြားဖို႔ရာ ရွည္လ်ားလွတာေၾကာင့္ လိုအပ္တဲ့ ဓာတ္မီးတို႔ကို ယူေဆာင္သြားဖို႔လိုတယ္လို႔ သိရပါတယ္။

www.akhayar.com

[Unicode]

ခန္တီးမြို့နယ်မှ လိုဏ်ဂူသစ် (၂) ခုကို သဘာဝနယ်မြေ သတ်မှတ်ဖို့ တင်ပြမယ်

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်အတွင်းက ပယင်းလုပ်ကွက်တွေကို သွားရောက်လုပ်ကိုင်ကြရင်း တွေ့ရှိခဲ့ရတဲ့ သဘာဝထုံးကျောက်လိုဏ်ဂူနှစ်ခုကို သဘာဝနယ်မြေအဖြစ်သတ်မှတ်နိုင်စေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ တင်ပြသွားမယ်လို့ သိရပါတယ်။

အဲဒီလိုဏ်ဂူနှစ်ခုကတော့ ခန္တီးမြို့နဲ့အနည်းငယ် အလှမ်းဝေးပြီး အနီးအနားက ဒေသခံတွေနဲ့ တောထဲကိုသွားရောက်ကာ ပယင်းမှော်လုပ်ကိုင်သူတွေလောက်သာ သိကြတယ်လို့ သိရှိရပါတယ်။

“အဲဒီဂူကို ငဖဲဂူလို့တော့ ဒေသခံတွေကသိတာများတယ်။ ဒါပေမယ့် မြင်နေကျပုံစံပါပဲ။ သိပ်ပြီး သတိမထားမိကြဘူး။ အဲဒီနားမှာ ပယင်းလုပ်ကွက်တွေချထားပေးတော့ ပယင်းမှော်တွေမှာ သွားရောက်လုပ်ကိုင်ကြရင်း ပိုသတိထားမိလာကြတာပါ။ လွှွှတ်တော်ကိုယ်စားလှယ်တချို့လည်း ကွင်းဆင်းလေ့လာပြီးတော့ အဲဒီနားတစ်ဝိုက်ကို သဘာဝနယ်မြေသတ်မှတ်ဖို့အတွက် တိုင်းဒေသကြီး အစိုးရကိုတင်ပြခဲ့တာပါ” လို့ ခန္တီးက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးအောင်သန်းစိန်က မြန်မာ့ပလက်ဖောင်းမီဒီယာကို ပြောပါတယ်။

အဆိုပါ လိုဏ်ဂူနှစ်ကိုတော့ ထန်အီပန်းနဲ့ ထန်အီစမ်းလို့လည်း ခေါ်ကြပြီး ထန်အီပန် (နန်းအီပန်) ဂူကိုတော့ မင်းတုန်းမင်းလက်ထက်မှာဘုရင်ကို ပုန်ကန်ဖို့ လူသူစုဆောင်းပြီး ခိုအောင်းခဲ့တဲ့ မင်းသားငဖဲကိုအမှီပြုပြီးတော့ ငဖဲဂူလို့လည်း ခေါ်ဆိုကြတယ်လို့ သိရပါတယ်။ ဂူနှစ်လုံးစလုံးကတော့ ထုံးကျောက်ဂူအမျိုးအစားဖြစ်ပြီးတော့ တောထဲကိုဖြတ်ရတဲ့အပြင် တောင်ပေါ်တက်ရပြီးမှ ဂူတွေရှိရာ နေရာကို ရောက်နိုင်တယ်လို့ သိရပါတယ်။

ယင်းလိုဏ်ဂူတွေအပြင် အနီးနားက သစ်တောဧရိယာကို သဘာဝအတိုင်း ရေရှည်တည်တံ့တဲ့ ထိန်းသိမ်းကာကွယ်ရေးနယ်မြေဖြစ်လာစေဖို့ သဘာဝနယ်မြေအဖြစ် သတ်မှတ်ပေးဖို့အတွက် တိုင်းဒေသကြီးအစိုးရထံကို တင်ပြခဲ့တာပဲဖြစ်ပါတယ်။

“လိုဏ်ဂူကတော့ တော်တော်နက်တယ်။ လမ်းအခြေအနေကတော့ ဆိုင်ကယ်လောက်ပဲ သွားလို့ရမယ်။ ကားနဲ့ မရလောက်သေးဘူး။ အခုလို သဘာဝနယ်မြေဖြစ်လာရင်တော့ လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းမွန်လာမယ်။ ခရီးသွားတွေလည်း လည်ပတ်ဖို့ အဆင်ပြေမယ်ဆိုရင် လာကြတဲ့ ဧည့်သည်လည်းများလာမယ်။ ဒေသခံဈေးသည်တွေလည်း ဈေးရောင်းကောင်းမှာပေါ့” လို့ ဦးအောင်သန်းစိန်က ပြောပါတယ်။

အဲဒီလိုဏ်ဂူတွေကို သွားရောက်မယ်ဆိုရင်တော့ ခန္တီး-နန်စီပွန်-တာမခံကားလမ်းအတိုင်းသွားရမှာဖြစ်ပြီး အဲဒီကနေ ဆိုင်ကယ်နဲ့ဖြစ်စေ ခြေကျင်ဖြစ်စေ သွားရောက်နိုင်တယ်လို့ သိရပါတယ်။ ထုံးကျောက်ဂူတွေဖြစ်လို့ ထုံးကျောက်တိုင်တွေ ကျောက်ခတ်ပန်းဆွဲတွေကို ဂူအတွင်းမှာ တွေ့နိုင်ပါတယ်။ ဂူအတွင်းနံရံတွေကတော့ မြင့်မားလှပြီး ဂူအဆုံးထိသွားဖို့ရာ ရှည်လျားလှတာကြောင့် လိုအပ်တဲ့ ဓာတ်မီးတို့ကို ယူဆောင်သွားဖို့လိုတယ်လို့ သိရပါတယ်။

www.akhayar.com