
Android Messages






Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Google ကနေ သူရဲ့ Pixel စမတ်ဖုန်းတွေမှာ ပါဝင်ပြီးသားဖြစ်သလို သီးခြားလည်း Play Store ကနေ Download ရယူပြီး အသုံးပြုလို့ရတဲ့ Android Messages ကို အသေးစားအဆင့်မြှင့်တင်မှုတစ်ခုပြုလုပ်ခဲ့ပါတယ်။

Android Messages

အခု Android Messages ရဲ့ Update ပြုလုပ်မှုကတော့ ကိုယ့်ရဲ့ Social Media Account တွေကို Two-Factor Authentication စနစ်နဲ့ ပိုပြီး လုံခြုံအောင်လုပ်ထားတဲ့သူတွေအတွက်တော့ အရမ်းကိုအဆင်ပြေလာတဲ့ Feature တစ်ခုလို့ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အခုလိုမျိုး Two-Factor Authentication Code တွေဝင်လာတဲ့အချိန်မှာ Messages Notification မှာ “MARK AS READ” အပြင် Code နံပါတ်တစ်ခုထဲကိုပဲ Copy ကူးနိုင်တဲ့ Feature ပါဝင်လာတာဖြစ်ပါတယ်။

Android Messages Update

အခုလိုမျိုး Two-Factor Authentication Code တွေကို အခုလိုမျိုး လွယ်လွယ်ကူကူ Copy ယူနိုင်ပြီဖြစ်တဲ့အတွက် Android Messages ကို အသုံးပြုသူတွေအတွက် ပိုပြီးလွယ်ကူအဆင်ပြေသွားစေတာဖြစ်ပြီးတော့ အချိန်ကုန်ပိုပြီး သက်သာစေမှာပါ။

ဒါပေမယ့်လည်း Google က အခုလိုမျိုး Code နံပါတ်ကိုပဲ သီးသန့် Copy ယူနိုင်တဲ့ Feature ကို ထည့်သွင်းလာတဲ့ ပထမဆုံး Android ဖုန်းမဟုတ်ပါဘူး။ ဘာလို့လဲဆိုရင် Xiaomi အပါအဝင် အခြားသော Chinese ဖုန်းထုတ်လုပ်သူတွေကလည်း သူတို့ဖုန်းတွေမှာ အခု Feature ကို ထည့်သွင်းထားပြီးဖြစ်နေလို့ပါ။ ဒါပေမယ့်လည်း အခုလိုမျိုး Google ကိုယ်တိုင်က ထည့်သွင်းပေးလာတာက ကောင်းမွန်တဲ့အချက်တစ်ခုလို့ ပြောလို့ရပါတယ်။

Google ရဲ့ အခု Android Messages App ကို Google Play Store ကနေ Update ပြုလုပ်နိုင်မှာဖြစ်သလို အခု Android Police ရဲ့ Website Link ကနေလည်း Download ပြုလုပ်ပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com