Twitter ဟာ အင်္ဂါနေ့က သူတို့ရဲ့ ၀န်ဆောင်မှုဖြစ်တဲ့ Vine Video sharing App ကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေငြာခဲ့ပါတယ်။ Twitter ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာ Vine Apps ကို ရပ်ဆိုင်းမယ်လို့ ကြေငြာပြီးတဲ့နောက်မှာ ၀န်ထမ်းတွေကိုတပါတည်းလျှော့ချခဲ့ပြီး ရင်းနှီးမြုပ်နှံသူတွေကို ကုမ္ပဏီ တိုးတက်ကောင်းမွန်ရေးအတွက်အာရုံ စိုက်မယ်လို့ ကတိပေးခဲ့ပါတယ်။ Twitter ဟာ ၂၀၁၂ မှာ Vine ကို စတင် Launch လုပ်ခဲ့ပြီး သူတို့ရဲ့ မူလရည်ရွယ်ချက်ကတော့ လူမှုပတ်ဝန်းကျင်ဆိုင်ရာဗီဒီယို ဝေမျှခြင်းဝန်ဆောင်မှု ( Social Video Sharing Service) ပဲဖြစ်ပါတယ်။

ကုမ္ပဏီ ဟာ Video Sharing Service ကို ရပ်ဆိုင်းလိုက်ပေမယ့် အဲဒီ့ အစား  Vine’s Camera Apps ကို  iOS နဲ့ Android မှာ အစား ထိုးရန် စီစဉ်ထားကြောင်းသိရပါတယ်။ အသစ်ထွက်ရှိတဲ့ Apps ရဲ့  Looping Videos ဟာ 6-Second ကြာမြင့်ပြီး Twitter ကို တိုက်ရိုက် Post တင်နိုင်မှာဖြစ်ပြီး Service Website မှာ Download ရယူနိုင်ကြောင်းသိရပါတယ်။

Snapchat နဲ့ Instagram ဟာ သူတို့ရဲ့ Video Sharing တွေကို Features အသစ်တွေနဲ့ တိုးချဲ့လာတာကြောင့် Vine အနေနဲ့လည်း သူတို့ရဲ့ Apps အသစ် ကို ပိုကောင်းလာအောင် လုပ်ဖို့ စီစဉ်ထားကြောင်းသိရပါတယ်။

၂၀၁၇ မှာ Vine ဟာ Apple Apps Store ရဲ့ ထိပ်ဆုံး အခမဲ့ သုံးနိုင်တဲ့ Apps 100 ထဲကနေ လျော့ကျသွားတာကို App Annie ရဲ့ App Ranking အရ သိရပြီး များစွာသော Twitter အသုံးပြုသူတွေဟာ Vine ရဲ့ နောက်ဆုံးချိန်မှာ သူတို့အနှစ်သက်ဆုံး ဒါမှမဟုတ် ပထမဆုံး video မှာ #RIPVine လို့ရေးသားပြီး Sharing လုပ်ခဲ့ကြောင်းသိရပါတယ်။

Jan (Akhayar)