MacOS အတွက် Twitter App ကို ရပ်ဆိုင်းလိုက်ပြီ





Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Twitter ဟာ Facebook ပြီးရင် လူသုံးအများဆုံး Social Application တစ်ခုဖြစ်ပြီး အခုအချိန်မှာ MacOS ကို အသုံးပြုနေတဲ့သူတွေအတွက် ကြေငြာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီ ကြေငြာချက်ကတော့ Twitter ဟာ MacOS အတွက် Application ကို ရပ်ဆိုင်းတော့မှာပဲဖြစ်ပါတယ်။

Twitter ရဲ့ MacOS အတွက် Application ဟာ ယခင်ကလည်း ထုတ်ပေးထားတယ်ဆိုပေမယ့် Features တွေမစုံလင်သလို အသုံးပြုရတာ အဆင်မပြေတဲ့အတွက် App Store မှာလည်း 1.7 out of 5 Stars ပဲရရှိထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် အခုလိုမျိုး ရပ်ဆိုင်းလိုက်တာလည်း ဖြစ်နိုင်တာပါတယ်။

ဒါ့အပြင် MacOS မှာ Twitter အသုံးပြုဖို့အတွက် Third-Party App တွေဖြစ်တဲ့ Tweetdeck လိုမျိုး Application တွေကို မယှဉ်နိုင်ခဲ့သလို လက်ရှိအချိန်အထိလည်း MacOS နဲ့ ကိုက်ညီအောင် Update မပြုလုပ်နိုင်သေးတာပဲဖြစ်ပါတယ်။

အဲ့ဒီအတွက် Twitter ကတော့ ယနေ့ကစတင်ပြီး Twitter MacOS App ကို Download ပြုလုပ်ခွင့်ရပ်ဆိုင်းလိုက်မှာဖြစ်ပြီး လက်ရှိအသုံးပြုနေတဲ့သူတွေအနေနဲ့လည်း ရက် ၃၀ နေရင် အသုံးပြုနိုင်မှာမဟုတ်တော့ပါဘူး။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com