



Twitter



Twitter


Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Social Media တွေမှာ ကိုယ်တင်တဲ့ Post တွေ၊ ဓါတ်ပုံတွေကို တစ်ယောက်ယောက်က Like လုပ်သွားတယ်ဆိုရင် သဘောကျတတ်ကြပါတယ်။ အဲ့ဒီအတွက် အခု Like Feature ကလည်း Social Media တိုင်းမှာ မရှိမဖြစ်ထည့်သွင်းဖြစ်နေတဲ့ Feature တစ်ခုလည်းဖြစ်ပါတယ်။ ဒါပေမယ့် Twitter ကတော့ Like Button ကို မကြိုက်တဲ့ပုံစံပါပဲ။

Twitter CEO Jack Dorsey

အခုသတင်းကို ပြီးခဲ့တဲ့ ရက်သတ္တပတ်က ပြုလုပ်ခဲ့တဲ့ Twitter Event မှာ CEO Jack Dorsey ကပြောကြားခဲ့တာဖြစ်ပြီးတော့ အဆိုပါ Event မှာ သူက Heart Shaped ပုံစံ Button ကို မကြိုက်တဲ့အတွက် မကြာခင်မှာ ဖယ်ရှားဖို့စီစဉ်နေတယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် အခုလိုမျိုး Twitter မှာ Like Button ပျောက်သွားမလားဆိုတဲ့ သတင်းတွေထွက်ပေါ်လာတာဖြစ်ပါတယ်။

အခုလိုမျိုး Like Button ဖြုတ်မယ့်သတင်းကို Twitter အသုံးပြုသူတွေက ပြင်းပြင်းထန်ထန်ကို ဝေဖန်ခဲ့ပြီးတော့ အခုလိုမျိုး Like Button မပါဘဲ ဘယ်လိုမျိုး အသုံးပြုရမလဲဆိုတဲ့ မေးခွန်းတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ တကယ်လို့သာ Like Button မပါခဲ့ရင် ဘယ်လိုမျိုးဖြစ်လာမလဲဆိုတာက စိတ်ဝင်စားစရာပါ။

Twitter

အခုသတင်းကို Twitter ရဲ့ Communication VP ဖြစ်တဲ့ Brandon Borrman ကနေ Twitter ဟာ Like Button အပြင် Feature အသစ်တွေနဲ့ Redesign လုပ်တာတွေကို ပြုလုပ်ဖို့စိတ်ကူးနေပေမယ့် Timeline သတ်မှတ်ထားတာမျိုးမရှိတဲ့အတွက် လောလောဆယ်မှာတော့ ဖြစ်မှာမဟုတ်သေးဘူးလို့ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။

အခုလိုမျိုး Twitter CEO Jack Dorsey က Like Button ကို ဖြုတ်ဖို့စိတ်ကူးနေတာက Like Button တွေက အသုံးပြုသူတွေအချင်းချင်း စကားပြောဆိုမှုတွေ ငြင်းဆိုမှုတွေပြုလုပ်တဲ့အချိန်မှာ မလိုအပ်ဘဲ ထောက်နေပြီးတော့ တစ်ခါတလေမှာ Offensive ဖြစ်သွားနိုင်တာကြောင်ြ့ဖစ်တယ်လို့ သိရပါတယ်။

Twitter

ဘာပဲဖြစ်ဖြစ် တကယ်သာ Twitter သာ Like Button ကို ဖြုတ်လာခဲ့ရင် လက်ရှိ Social Media တွေထဲမှာ သိသိသာသာထူးခြားနေတော့မှာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com