Twitter က လက်ရှိ Facebook ပြီးရင် လူသုံးအများဆုံး Social Media တစ်ခုလို့ပြောလို့ရပါတယ်။ ပြီးခဲ့တဲ့ ၁ နှစ်ကျော်လောက်ထဲက Mac Desktop App ကို Support ပေးနေမှုကို ရပ်ဆိုင်းလိုက်တဲ့ Twitter က အခုအချိန်မှာတော့ ပြန်ပြီး Support ပေးနေပြီလို့ ကြေညာခဲ့ပါတယ်။

Twitter App on MacOS

Twitter ဟာ ပြီးခဲ့တဲ့ အပတ်တုန်းက ပြုလုပ်ခဲ့တဲ့ Apple ရဲ့ WWDC Conference မှာ Twitter Desktop App ဟာ MacOS Catalina အသစ်နဲ့အတူ ဒီနှစ်ကုန်ပိုင်းမှာ ပြန်လာမယ်လို့ ပြောကြားခဲ့တာပါ။ အခု Twitter Desktop အသစ်ဟာ Feature အသစ်တွေလည်း အများအပြားပါဝင်လာမှာဖြစ်ပြီးတော့ Dark Mode ၊ Keyboard Shortcuts ၊ Multiple Windows နဲ့ Notifications တွေလိုမျိုး Feature တွေပါဝင်လာမယ်လို့ ကတိပေးသွားခဲ့ပါတယ်။

Twitter ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀၁၈ ခုနှစ်တုန်းက Apple ရဲ့ App Store ကနေ သူ့ရဲ့ Desktop App ကို ဖယ်ရှားခဲ့ပြီးတော့ အသုံးပြုသူတွေကိုလည်း Web Version ကိုပဲ အသုံးပြုဖို့ တွန်းအားပေးခဲ့တာဖြစ်ပါတယ်။

Apple WWDC 2019

အဲ့ဒီလိုမျိုး ပြုလုပ်ခဲ့တဲ့အပေါ်ကိုလည်း Twitter ကနေ ပြန်လည်ဖြေရှင်းခဲ့ပြီးတော့ အဲ့ဒီအချိန်တုန်းက Twitter ဟာ Mobile Apps တွေအပေါ်ကို အာရုံစိုက်နေတဲ့အတွက် အခုလိုမျိုး MacOS အတွက် Desktop App ကို အာရုံမစိုက်နိုင်တော့တာကြောင့် အခုလိုမျိုး ပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။

Twitter

ဒါပေမယ့် အခုအချိန်မှာတော့ Apple ကိုယ်တိုင်က iOS App တွေကို MacOS မှာ သုံးလာနိုင်စေမယ့် Project Catalyst ကို မိတ်ဆက်ပြီးတဲ့အချိန်မှာတော့ Twitter အနေနဲ့ လက်ရှိ ရှိနေပြီးသား iOS App အတွက် Codebase တွေကို အနည်းငယ်ပြင်ဆင်ပြီးတော့ ပိုပြီးကောင်းမွန်တဲ့ MacOS Twitter Desktop App အနေနဲ့ သုံးနိုင်တော့မှာပါ။

Ref : The Verge