[ZawGyi]



ဇာတ်လမ်းစခဲ့သူလေး

ဇာတ်လမ်းစခဲ့သူလေး


ဒီနည်းတွေလည်းရှိတယ်

ဒီနည်းတွေလည်းရှိတယ်


တချို့ကဒီလိုပြောတယ်

တချို့ကဒီလိုပြောတယ်


ဒီလိုပြောပြန်ပါတယ်

ဒီလိုပြောပြန်ပါတယ်


www.akhayar.com

[Unicode]

Twitter မှာခေတ်စားနေတဲ့ သွားတိုက်နည်း Debate

အခုတစ်လောတော့ Twitter မှာ သွားတိုက်တံနဲ့ သွားတိုက်ဆေးပြဿနာတက်နေပါတယ်။ ဒီဇာတ်လမ်းက @envyteeee ဆိုတဲ့ အမျိုးသမီးကစလိုက်တာဖြစ်ပါတယ်။ သူမက သွားတိုက်တဲ့အခါ သွားတိုက်တံကို ရေအရင်ဆွတ်ပြီးမှ သွားတိုက်ဆေးတင်သလား။ သွားတိုက်ဆေးကိုသွားတိုက်တံပေါ်အရင်ညှစ်ပြီးမှ ရေဆွတ်သလားဆိုတာကို မေးခဲ့တာဖြစ်ပါတယ်။

ဇာတ်လမ်းစခဲ့သူလေး

ဇာတ်လမ်းစခဲ့သူလေး

ဒီအချိန်မှာ အံ့သြဖွယ်ရာကောင်းလောက်အောင် ပြန်ဖြေတဲ့သူတွေကအမျိုးမျိုးရှိနေခဲ့တာတွေ့ရပါတယ်။
တချို့တွေက သွားတိုက်တံကို ရေအရင်ဆွတ်တယ်။

ဒီနည်းတွေလည်းရှိတယ်

ဒီနည်းတွေလည်းရှိတယ်

တချို့တွေကတော့ သွားတိုက်ဆေးအရင်ညှစ်တယ် ပြီးမှရေဆွတ်တယ်။
တချို့ကျပြန်တော့ ရေပူနဲ့သွားတိုက်တံကိုရေဆွတ် ပြီးမှသွားတိုက်ဆေးတင်ပြီး ပြီးရင်ရေအေးနဲ့ပြန်ဆွတ်တယ်လို့ ဆိုပါတယ်။

တချို့ကဒီလိုပြောတယ်

တချို့ကဒီလိုပြောတယ်

တချို့တွေက သွားတိုက်တံကို ရေနဲ့စင်စင်ကြယ်ကြယ်ဆေးပြီး သွားတိုက်တံမွေးလေးတွေပျော့ပျောင်းလာချိန်မှာမှ သွားတိုက်ဆေးတင်သင့်တယ်လို့ဆိုပါတယ်။ ဒီနည်းလမ်းက သွားဖုံးနဲ့သွားတွေကို ပိုပြီးစိတ်ချရစေတယ်လို့ ဆိုထားပြန်ပါတယ်။

ဒီလိုပြောပြန်ပါတယ်

ဒီလိုပြောပြန်ပါတယ်

ဒီအကြောင်းအရာက Twitter မှာ Debate လုပ်သူအများကြီးနဲ့ ပေါ်ပြူလာဖြစ်နေခဲ့ပါတယ်။
တကယ်တမ်း မှန်ကန်တဲ့သွားတိုက်နည်းအဆင့်တွေကိုတော့ Quip သွားတိုက်ဆေး သွားတိုက်တံရဲ့ထုတ်လုပ်သူ Simon Enever နဲ့ နာမည်ကြီးသွားဆရာဝန် ဒေါက်တာ Mark Burhenn ကအခုလိုပြောပြခဲ့ပါတယ်။
လူတော်တော်များများက ခံတွင်းကိုရေစွတ်ပြီးတာနဲ့ သွားတိုက်ဆေးနဲ့သွားပွတ်တံယူပြီးသွားတိုက်တော့တာပဲ။ တကယ်တမ်းမှာတော့ သွားတိုက်ဆေး ပွတ်ပြီးချိန်မှာ ခဏတော့ သွားတိုက်ဆေးနဲ့နှပ်ထားသင့်ပါတယ်။ ပြီးမှ သွားပွတ်တံနဲ့တိုက်ပါ။ ပလုတ်ကျင်းချိန်မှာတော့ သေသေချာချာပြောင်အောင်ပလုတ်ကျင်းဖို့ပြောပြထားပါတယ်။
အခရာပရိသတ်ကြီးရော သွားတိုက်ရင် သွားတိုက်တံကို ရေအရင်ဆွတ်လား နောက်မှဆွတ်လား ပြောခဲ့ပေးပါဦး။ ဆန်းပြားတဲ့နည်းလမ်းတွေနဲ့အယူအဆအသစ်တွေဖလှယ်နိုင်တာပေါ့နော်။

www.akhayar.com