Bitcoin က တကမၻာလံုးမွာ တစ္ခုတည္းေသာေငြေၾကးျဖစ္လာမယ္လုိ႔ ေျပာလုိက္တဲ့ Twitter CEO

Twitter နဲ႔ Square ကုမၸဏီ ၂ ခုမွာ CEO အေနနဲ႔ တာဝန္ယူထားတဲ့ Jack Dorsey ကေတာ့ Digital Currency တစ္ခုျဖစ္တဲ့ Bitcoin အေပၚမွာ ၾကီးမားတဲ့ ေမွ်ာ္လင့္ခ်က္ေတြရွိေနတဲ့ပံုပါပဲ။ လတ္တေလာက ျပဳလုပ္ခဲ့တဲ့ The Times မဂၢဇင္းနဲ႔ အင္တာဗ်ဴးမွာ Dorsey ကအခု Cryptocurrency – ဒီဂ်စ္တယ္ေငြေၾကးေတြက တကမၻာလံုးမွာ တစ္ခုတည္းေသာေငြေၾကးျဖစ္လာမယ္လုိ႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

Jack Dorsey ကေတာ့ “ကမၻာၾကီးမွာ အသံုးျပဳေနတဲ့ ေငြေၾကးေတြဟာ တစ္ခုထဲျဖစ္လာမွာျဖစ္ျပီး အင္တာနက္မွာလည္း အသံုးျပဳတဲ့ေငြေၾကးကတစ္ခုထဲျဖစ္လာမွာပါ။ ကၽြန္ေတာ့္ရဲ႕ ထင္ျမင္ခ်က္အရေတာ့ အဲ့ဒီေငြေၾကးက Bitcoing ျဖစ္လာမွာပါ” လုိ႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ဆက္လက္ျပီးလည္း အခုလုိမ်ိဳး ေငြၾကးတစ္ခုထဲအေနနဲ႔ ျဖစ္လာႏုိင္တဲ့အခ်ိန္ကို ေမးျမန္းရာမွာ “ဆယ္ႏွစ္အတြင္းျဖစ္လာႏုိင္တယ္၊ ဒါေပမယ့္ အဲ့ဒီထက္ေတာင္ ပိုျမန္ႏုိင္တယ္” လုိ႔ ေျဖၾကားခဲ့တာျဖစ္ပါတယ္။

အခုလုိမ်ိဳး ေျပာၾကားခ်က္ဟာ လက္ရွိ Bitcoin ရဲ႕ အလြန္အတက္အက်ၾကမ္းေနတဲ့အေျခအေနနဲ႔ ခ်ိန္ထုိးၾကည့္မယ္ဆုိရင္ ျဖစ္ႏုိင္ဖြယ္ရာမရွိဘူးလုိ႔ေတာင္ယူဆလုိ႔ရပါတယ္။ ဒါေပမယ့္ ျပီးခဲ့တဲ့ လပိုင္းတုန္းက Bitcoin ရဲ႕ တရွိန္ထုိးတန္ဖုိးတုိးတက္မႈေတြေၾကာင့္ အခု Crytocurrency အေပၚကို လူေတြရဲ႕ စိတ္ဝင္စားမႈကို ရရွိေစခဲ့တာလည္း မမွားပါဘူး။

Jack Dorsey ဟာ တရားဝင္မေဖာ္ျပထားေပမယ့္ Bitcoin ေတြကို စုေဆာင္းသူတစ္ေယာက္လုိ႔ သိရျပီး သူ CEO အျဖစ္တာဝန္ယူထားတဲ့ Square ကုမၸဏီမွာလည္း မၾကာေသးမီကမွာ Bitcoin နဲ႔ ေငြေပးေခ်လုိ႔ရတဲ့ Option တစ္ခုကို Square Cash App မွာ ထည့္သြင္းေပးခဲ့တာျဖစ္ပါတယ္။ ယခင္တုန္းက The Verge နဲ႔ အင္တာဗ်ဴးမွာလည္း Bitcoin ကို ႏုိင္ငံတကာေငြေၾကးအတြက္ ေနာက္ထပ္ဖြင့္လွစ္ရမယ့္အဆင့္တစ္ခုလုိ႔ ေျပာၾကားခဲ့ေသးတာပဲျဖစ္ပါတယ္။

Jack Dorsey ေျပာသလုိပဲ Bitcoin ဟာ တစ္ခုတည္းေသာေငြေၾကးျဖစ္လာႏုိင္မလား?

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Twitter နဲ့ Square ကုမ္ပဏီ ၂ ခုမှာ CEO အနေနဲ့ တာဝန်ယူထားတဲ့ Jack Dorsey ကတော့ Digital Currency တစ်ခုဖြစ်တဲ့ Bitcoin အပေါ်မှာ ကြီးမားတဲ့ မျှော်လင့်ချက်တွေရှိနေတဲ့ပုံပါပဲ။ လတ်တလောက ပြုလုပ်ခဲ့တဲ့ The Times မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ Dorsey ကအခု Cryptocurrency – ဒီဂျစ်တယ်ငွေကြေးတွေက တကမ္ဘာလုံးမှာ တစ်ခုတည်းသောငွေကြေးဖြစ်လာမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Jack Dorsey ကတော့ “ကမ္ဘာကြီးမှာ အသုံးပြုနေတဲ့ ငွေကြေးတွေဟာ တစ်ခုထဲဖြစ်လာမှာဖြစ်ပြီး အင်တာနက်မှာလည်း အသုံးပြုတဲ့ငွေကြေးကတစ်ခုထဲဖြစ်လာမှာပါ။ ကျွန်တော့်ရဲ့ ထင်မြင်ချက်အရတော့ အဲ့ဒီငွေကြေးက Bitcoing ဖြစ်လာမှာပါ” လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီးလည်း အခုလိုမျိုး ငွေကြးတစ်ခုထဲအနေနဲ့ ဖြစ်လာနိုင်တဲ့အချိန်ကို မေးမြန်းရာမှာ “ဆယ်နှစ်အတွင်းဖြစ်လာနိုင်တယ်၊ ဒါပေမယ့် အဲ့ဒီထက်တောင် ပိုမြန်နိုင်တယ်” လို့ ဖြေကြားခဲ့တာဖြစ်ပါတယ်။

အခုလိုမျိုး ပြောကြားချက်ဟာ လက်ရှိ Bitcoin ရဲ့ အလွန်အတက်အကျကြမ်းနေတဲ့အခြေအနေနဲ့ ချိန်ထိုးကြည့်မယ်ဆိုရင် ဖြစ်နိုင်ဖွယ်ရာမရှိဘူးလို့တောင်ယူဆလို့ရပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ လပိုင်းတုန်းက Bitcoin ရဲ့ တရှိန်ထိုးတန်ဖိုးတိုးတက်မှုတွေကြောင့် အခု Crytocurrency အပေါ်ကို လူတွေရဲ့ စိတ်ဝင်စားမှုကို ရရှိစေခဲ့တာလည်း မမှားပါဘူး။

Jack Dorsey ဟာ တရားဝင်မဖော်ပြထားပေမယ့် Bitcoin တွေကို စုဆောင်းသူတစ်ယောက်လို့ သိရပြီး သူ CEO အဖြစ်တာဝန်ယူထားတဲ့ Square ကုမ္ပဏီမှာလည်း မကြာသေးမီကမှာ Bitcoin နဲ့ ငွေပေးချေလို့ရတဲ့ Option တစ်ခုကို Square Cash App မှာ ထည့်သွင်းပေးခဲ့တာဖြစ်ပါတယ်။ ယခင်တုန်းက The Verge နဲ့ အင်တာဗျူးမှာလည်း Bitcoin ကို နိုင်ငံတကာငွေကြေးအတွက် နောက်ထပ်ဖွင့်လှစ်ရမယ့်အဆင့်တစ်ခုလို့ ပြောကြားခဲ့သေးတာပဲဖြစ်ပါတယ်။

Jack Dorsey ပြောသလိုပဲ Bitcoin ဟာ တစ်ခုတည်းသောငွေကြေးဖြစ်လာနိုင်မလား?

Zawyè (Akhayar) 

www.akhayar.com