မြန်မာနိုင်ငံကခေတ်လူငယ်လေးတွေ Fashion နဲ့ပတ်သက်ပြီး စိတ်ဝင်စားကြတဲ့ လူငယ်တွေအတွက်တော့ Supreme ဆိုတာ နားမစိမ်းတဲ့ ရင်းနှီးလွယ်တဲ့ Brand တစ်ခုပါ။

၂၀၁၇ လောက်မှာ မြန်မာပြည်ရဲ့ Fashion ရေစီးကြောင်းထဲ အရှိန်အဟုန်နဲ့ ဝင်ရောက်လာတဲ့ အနောက်နိုင်ငံတွေရဲ့ ထိပ်တန်း Brand တွေထဲမှာတော့ Supreme ဆိုတာ လူငယ်တွေရဲ့ အိပ်မက်တွေတော်တော်များများကို သူ့ရဲ့ အထာကျတဲ့ စာလုံးနီနီကြီးတွေနဲ့ လွှမ်းမိုးလာခဲ့တဲ့အရာပါ။

အမှန်တော့ Supreme ဆိုတာ 1994 ခုနှစ်တည်းက ပေါ်ပေါက်ခဲ့တဲ့ Brand တစ်ခုဖြစ်ပြီး James Jebbia က New York City မှာ စတင်ထူထောင်ခဲ့တာပါ။ အဓိက ရည်ရွယ်တာကတော့ စကိတ်သမားတွေ ၊ လူငယ်တွေ၊ Hip Hop၊ Punk နဲ့ Rock Culture ကြား ပျံ့နှံ့စေဖို့ရည်ရွယ်ပြီး Shoes တွေ၊ Clothings တွေ၊ Accessories တွေနဲ့ Skateboards တွေထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

ခုဆိုရင်တော့ ကမ္ဘာတလွှားမှာ အောင်မြင်နေတဲ့ Brand တစ်ခုအဖြစ် New York မှာ ၂ဆိုင် ၊ Los Angeles၊ London ၊ Paris နဲ့ Japan မှာ ၆ဆိုင် ဆိုင်ခွဲပေါင်းများစွာနဲ့ အောင်မြင်မှုထုထည်ကြီးမားလာပါပြီ။

Supreme ဟာ တခြား Brand များစွာနဲ့ Collaboration တွေလည်း လုပ်ခဲ့ပါသေးတယ်။ Nike/Air Jordans ၊ Vans ၊ Playboy ၊ Levi’s ၊ Timberland စတဲ့ နာမည်ကြီး Brand တွေနဲ့ Collaboration အသစ်တွေ ပူးပေါင်းဖန်တီးခဲ့ပေမယ့် Supreme ရယ်လို့ တဟုန်ထိုးဈေးကွက်ထိပ်ဆုံးကို ပင့်တင်ပေးခဲ့တာကတော့ 2017 ဇန်နဝါရီလ ၁၈ ရက်နေ့မှာ စတင်ပူးပေါင်းခဲ့တဲ့ Louis Vuitton ပဲဖြစ်ပါတယ်။

Celebrities wearing Supreme

LV x Supreme Collections

LV နဲ့ ပူးပေါင်းခဲ့တဲ့ Supreme ဟာ ဒီနေ့ခေတ်မှာတော့ အအောင်မြင်ဆုံး Youth Culture ကို ဖော်ကျူးနေတဲ့ Brand တစ်ခုဖြစ်လာပြီး ထွက်သမျှ Collection တိုင်း တင်ပြီးပြီးချင်းကို Website တွေမှာပါ Out of stock ဖြစ်ခဲ့တဲ့အထိ၊ အပြင် Supreme Official Store တွေမှာပါ တန်းစီစောင့်ဆိုင်းဝယ်ယူရတဲ့အထိကို လူကြိုက်အများဆုံးဖြစ်လာပါပြီ။

Supreme Collection

Beauty Blogger Nay Chi Oo wearing LV x Supreme Jeans Jacket

ဒီလောက်အောင်မြင်နေတဲ့ Supreme နဲ့ပတ်သက်ပြီး လူမသိသေးတဲ့အချက်တွေလည်း ရှိနေပါသေးတယ်။ Supreme ကို 1994 မှာ စတင်ထူထောင်ကာစက ငွေကြေး 12000$ နဲ့စတင်ခဲ့တာတွေ၊ Supreme မှာ ခုထိ Official Twitter နဲ့ Tumblr Account တွေမရှိသေးတာ၊ 2003 ခုနှစ်မှာထုတ်တဲ့ Supreme ရဲ့ Nike Dunk Low Shoes တွေဟာ Nike ရဲ့ မူပိုင်ခွင့်တွေနဲ့ ငြိနေလို့ ရောင်းချဖို့ အပယ်ခံရတာ၊1994 တုန်းက Calvin Klein ရဲ့ ကြော်ငြာ Model Kate Moss ရဲ့ပုံမှာ Supreme Box Logo Sticker ကို ကပ်မိလို့ Calvin Klein ရဲ့ တရားစွဲတာကိုခံခဲ့ရတာ၊ Supreme ကို တည်ထောင်ခဲ့တဲ့ James Jebbia ရဲ့ အသားတင်ဝင်ငွေဟာ ၂၀၁၂ ခုနှစ်မှာတင် အမေရိကန်ဒေါ်လာ သန်း ၄၀ ရှိခဲ့တာ၊ James အနေနဲ့ Supreme ဆိုတဲ့ တံဆိပ်ကို မူပိုင်ခွင့်မတင်နိုင်ခဲ့လို့ နာမည်ကို ခုထိတရားဝင်မပိုင်ဆိုင်ရတာ စတဲ့ ထူးခြားချက်တွေ လျို့ဝှက်ချက်တွေ၊ အခက်အခဲတွေကလည်း အများကြီးပါပဲ။

Supreme ဟာ အားကစားသမားတွေအတွက် အဓိကထောက်ပံ့ပေးတဲ့ Brand ဖြစ်ပြီး Jebbia ဒီဇိုင်းရေးဆွဲခဲ့တဲ့ Supreme New York Store တွေဟာဆိုရင် စကိတ်သမားတွေ စကိတ်စီးပြီး ဝယ်လို့ရအောင်အထိ ဆိုင်ခန်းအဝအကျယ်ကြီး စီစဉ်ပေးခဲ့ပါတယ်။ ဒီလောက် အောင်မြင်ကြွယ်ဝတဲ့ ဒိတ်ဒိတ်ကြဲ Fashion Brand ကြီးကို ပိုင်ဆိုင်ထားရပေမယ့် Jebbia ဟာ Low Profile နေထိုင်တတ်သူဖြစ်ပြီး မိသားစုနဲ့ အေးဆေးနေထိုင်တတ်သူဖြစ်ပါတယ်။

Supreme Bag Collection

ဒီနောက်ဆုံး မေလ ၇ ရက်နေ့မှာ တရားဝင်ထွက်ရှိခဲ့တဲ့ Supreme ရဲ့ Design သစ်တွေကတော့ ဆိုင်ကယ်သမားတွေအတွက် Collection တစ်ခုဖြစ်ပြီး Supreme Fox Racing ဆိုတဲ့ Theme နဲ့ အလန်းဆုံး Fashion တွေကို ချပြခဲ့ပါတယ်။

Supreme Fox Racing

Supreme Fox Racing

အာရှရဲ့ ဆယ်ကျော်သက်လူငယ်တွေနဲ့ လူမည်း အမျိုးသားတွေကြား အဓိက လွှမ်းမိုးနိုင်ခဲ့တဲ့ Supreme Brand ရဲ့ Founder and CEO James Jebbia က “ကျွန်တော်တို့ရဲ့ Supreme မှာ ဘယ်တော့မှ Limited Edition ဆိုတာမရှိပါဘူး။ ဒါပေမယ့် တစ်ခုသတိထားရမှာက Supreme Products တွေတိုင်းဟာ အမြန်ဆုံးအကုန်လွယ်တဲ့ Products တွေပါပဲ။ ဘယ်သူမှ မလိုချင်ဘဲ ဆိုင်ပေါ်မှာ အရောင်းထိုင်းနေတဲ့ ဘယ် Supreme Products ကိုမှ ကျွန်တော်တို့ ထုတ်မှာမဟုတ်လို့ပါ” လို့ဆိုခဲ့ပါတယ်။

James Jebbia

LV Supreme Skateboard

ဘာပဲဖြစ်ဖြစ် လူငယ်တွေ Fashion ရေစီးကြောင်းနောက် တစ်ရက်မှမျက်ခြေမပျက်လိုက်နေရင်း အသစ်အဆန်းတွေ အမိုက်စား Fashion တွေကို ရူးသွပ်နေကြတဲ့ခေတ်ကြီးမှာ Supreme ကတော့ ထွက်သမျှ Item တိုင်း Collections တိုင်းရောင်းမလောက်တဲ့အပြင် ကြိတ်ကြိတ်တိုးဝယ်ယူအားပေးနေရဆဲဖြစ်တဲ့ ၂၁ ရာစု Street Culture ရဲ့ ဘုရင်တစ်ပါးလို့ သတ်မှတ်ရလောက်အောင်ပါပဲ။

EiEiKhineMinn ( Akhayar )

www.akhayar.com