[Zawgyi]

“A Quiet Place” ဇာတ္ကား မထင္မွတ္ေလာက္ေအာင္ ဝင္ေငြေကာင္းေန

Netflix လို ဇာတ္ကားေကာင္းေတြ အခ်ိန္ျပည့္ၾကည့္ေနႏုိင္တဲ့ Service ေတြ၊ TV Cable ေတြကလည္း ဇာတ္ကားေကာင္းေတြ လာေနတဲ့အခ်ိန္မွာ ရုပ္ရွင္ကားတစ္ကား ဝင္ေငြေကာင္းဖို႔ ဆိုတာ မလြယ္ကူတဲ့အရာပါ။ အခုတစ္ခါမွာေတာ့ ဒုိင္ယာေလာ့ေတြ မပါသေလာက္ နည္းတဲ့ “A Quiet Place” ဆိုတာ မထင္ထားဘဲ ဝင္ေငြေကာင္းခဲ့ပါတယ္။

ကမာၻေျမကို ထူးဆန္းတဲ့ ျဂိဳဟ္သားေတြ အုပ္စိုးေနတဲ့အခ်ိန္၊ ဒီျဂိဳဟ္သားေတြ လက္က လြတ္ဖို႔ဆိုရင္ အသံတစ္္စက္မွ မထြက္ရတဲ့ အေျခအေန ( သူတို႔က အသံနဲ႔ အမဲလိုက္တာကိုးဗ်)မွာ မိသားစုတစ္စုဟာ ဘယ္လို အသက္ရွင္ေအာင္ ရုန္းကန္ရတယ္ဆုိတဲ့ ဒီဇာတ္ကားဟာ လက္ရွိ ေဒၚလာ ၁၉ သန္းေလာက္ ဝင္ေငြရရွိထားပါတယ္။

သရုပ္ေဆာင္ေတြ ျဖစ္တဲ့ Krasinski နဲ႔ Emily Blunt တို႔ဟာ သူတို႔ရဲ့ ကေလးေတြကို အသံတစ္ခ်က္ထြက္တာနဲ႔ အသတ္ခံရႏုိင္တဲ့ ေဘးကေန ဘယ္လို ကာကြယ္မလဲဆိုတာကို ၾကည့္ရမယ့္ ဒီကားဟာ Box Office မွာ ျပိဳင္ဘက္ေတြအျဖစ္ ဒါရုိက္တာၾကီး Steven Spielberg ရဲ့ Ready Player One နဲ႔ John Cena နဲ႔ Leslie Mann တို႔ ပါဝင္သရုပ္ေဆာင္ထားတဲ့ Blockers တို႔နဲ႔ ယွဥ္ျပိဳင္ရမွာပါ။

A Quiet Place ဟာ ခ်ီးက်ဴးမႈေတြ ရရွိထားျပီး ဒါရိုက္တာ Krasinski ရဲ့ ပရိသတ္ေတြကေတာ့ ဒီလိုမ်ိဳးရိုက္ႏုိင္တာကို မအံ့ၾသဘဲနဲ႔ ဘယ္ေလာက္ထိ ဆက္ဝင္ေငြေကာင္းမလဲဆိုတာ ဆက္လက္ေစာင့္ၾကည့္ေနၾကပါတယ္ခင္ဗ်ား။

ရိုးလူ (Akhayar)

www.akhayar.com
[Zawgyi]

“A Quiet Place” ဇာတ်ကား မထင်မှတ်လောက်အောင် ဝင်ငွေကောင်းနေ

Netflix လို ဇာတ်ကားကောင်းတွေ အချိန်ပြည့်ကြည့်နေနိုင်တဲ့ Service တွေ၊ TV Cable တွေကလည်း ဇာတ်ကားကောင်းတွေ လာနေတဲ့အချိန်မှာ ရုပ်ရှင်ကားတစ်ကား ဝင်ငွေကောင်းဖို့ ဆိုတာ မလွယ်ကူတဲ့အရာပါ။ အခုတစ်ခါမှာတော့ ဒိုင်ယာလော့တွေ မပါသလောက် နည်းတဲ့ “A Quiet Place” ဆိုတာ မထင်ထားဘဲ ဝင်ငွေကောင်းခဲ့ပါတယ်။

ကမ္ဘာမြေကို ထူးဆန်းတဲ့ ဂြိုဟ်သားတွေ အုပ်စိုးနေတဲ့အချိန်၊ ဒီဂြိုဟ်သားတွေ လက်က လွတ်ဖို့ဆိုရင် အသံတစ်စက်မှ မထွက်ရတဲ့ အခြေအနေ ( သူတို့က အသံနဲ့ အမဲလိုက်တာကိုးဗျ)မှာ မိသားစုတစ်စုဟာ ဘယ်လို အသက်ရှင်အောင် ရုန်းကန်ရတယ်ဆိုတဲ့ ဒီဇာတ်ကားဟာ လက်ရှိ ဒေါ်လာ ၁၉ သန်းလောက် ဝင်ငွေရရှိထားပါတယ်။

သရုပ်ဆောင်တွေ ဖြစ်တဲ့ Krasinski နဲ့ Emily Blunt တို့ဟာ သူတို့ရဲ့ ကလေးတွေကို အသံတစ်ချက်ထွက်တာနဲ့ အသတ်ခံရနိုင်တဲ့ ဘေးကနေ ဘယ်လို ကာကွယ်မလဲဆိုတာကို ကြည့်ရမယ့် ဒီကားဟာ Box Office မှာ ပြိုင်ဘက်တွေအဖြစ် ဒါရိုက်တာကြီး Steven Spielberg ရဲ့ Ready Player One နဲ့ John Cena နဲ့ Leslie Mann တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Blockers တို့နဲ့ ယှဉ်ပြိုင်ရမှာပါ။

A Quiet Place ဟာ ချီးကျူးမှုတွေ ရရှိထားပြီး ဒါရိုက်တာ Krasinski ရဲ့ ပရိသတ်တွေကတော့ ဒီလိုမျိုးရိုက်နိုင်တာကို မအံ့သြဘဲနဲ့ ဘယ်လောက်ထိ ဆက်ဝင်ငွေကောင်းမလဲဆိုတာ ဆက်လက်စောင့်ကြည့်နေကြပါတယ်ခင်ဗျား။

ရိုးလူ (Akhayar)

www.akhayar.com