[Zawgyi]



Can Yaman

Can Yaman


“Erkenci Kus”

“Erkenci Kus”


Can Yaman

Can Yaman


Can Yaman

Can Yaman


Can Yaman

Can Yaman


Can Yaman

Can Yaman


Can Yaman

Can Yaman


Can Yaman

Can Yaman


Erkenci Kus

Erkenci Kus


Su Yi Htet (Akhayar)

[Zawgyi]

ကောင်မလေးတွေကြား လတ်တလော ရေပန်းစားနေတဲ့ တူရကီ သရုပ်ဆောင် Can Yaman

ရှာဖွေလေ တွေ့ရှိလေဆိုတဲ့စကားအတိုင်းပါပဲ… Social Media ပေါ်မှာ မရိုးနိုင်တဲ့ မျက်စိပသာဒဖြစ်စရာ ဆယ်လီတွေ၊ သရုပ်ဆောင်တွေက တစ်နေ့တစ်မျိုး မရိုးရအောင် ထွက်ပေါ်နေတာပါ။ အခုဆိုလည်း ကောင်မလေးတွေကြားထဲမှာ ပြောမဆုံးနိုင်လောက်အောင် သဘောကျရတဲ့ဆယ်လီ နောက်တစ်ယောက် ပေါ်လာပြန်ပါပြီ။ ကောင်မလေးတွေသဘောကျတယ်ဆိုမှတော့ အမျိုးသား ဆယ်လီဆိုတာ အထွေအထူးတော့ ပြောဖို့ လိုမယ်မထင်ပါဘူးနော်။

Can Yaman

Can Yaman

ဒီမှာ သူနာမည်စကြီးလာတာကတော့ Facebook ပေါ်ကနေစတယ်လို့ ဆိုရမှာပါ။ သူပါဝင်ထားတဲ့ တီဗွီစီးရီးရဲ့ ဇာတ်ဝင်ခန်းတွေကို Cover Song တွေမှာ သုံးတာ၊ Romance Page တွေကနေ ချစ်စရာကောင်းတဲ့ ဇာတ်ဝင်ခန်းတွေကို Share တာတွေကနေ Facebook မှာ လူတွေသတိထားမိလာတာဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ ဇာတ်ဝင်ခန်းတွေကို သဘောကျကြတာရော၊ ဆွဲဆောင်မှုရှိတဲ့ သူ့ရဲ့ ပုံစံတွေကို ကြိုက်တာရောကြောင့် ဘာဇာတ်ကားလဲ၊ သူဘယ်သူလဲဆိုတာ ကောင်မလေးတွေရဲ့ စိတ်ဝင်စားစရာ ဖြစ်လာတာပါ။

“Erkenci Kus”

“Erkenci Kus”

သူ့နာမည်အပြည့်အစုံကတော့ Can Yaman လို့ခေါ်ပြီး တူရကီ တီဗွီစီးရီးဖြစ်တဲ့ “Erkenci Kus” ရဲ့ အမျိုးသားဇာတ်ဆောင်ဖြစ်ပါတယ်။ တခြားစီးရီးတွေလည်း ရိုက်ကူးခဲ့တယ်ဆိုပေမယ့် ပြောရမယ်ဆိုရင် “Erkenci Kus” ဇာတ်လမ်းတွဲနဲ့ သူ့ကို လူပိုသိလာခဲ့တာပါ။

Can Yaman

Can Yaman

၁၉၈၉ နိုဝင်ဘာလ ၈ရက်နေ့မှာ မွေးဖွားခဲ့တဲ့ Can Yaman ဟာ တူရကီ လူမျိုးဖြစ်ပြီးတော့ သရုပ်ဆောင်အပြင် ရှေ့နေ့တစ်ယောက်လည်း ဖြစ်ပါတယ်။ Can Yaman ကို တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မှာ မွေးဖွားခဲ့ပြီးတော့ မူလတန်းနဲ့ အထက်တန်းကျောင်းကို Bilfen Kolej မှာ သင်ကြားခဲ့ပါတယ်။ အထက်တန်းကျောင်းကိုတော့ အီတလီ အထက်တန်းကျောင်းမှာ သင်ကြားခဲ့ပြီး အထက်တန်းကို ထူးထူးချွန်ချွန်ပဲ ပြီးမြောက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အမေရိကားကို Student Exchange Program နဲ့ သွားခဲ့ပြီး ၂၀၁၂ မှာ Yeditepe University ရဲ့ Law Department ကနေ ဘွဲ့ရခဲ့ပါတယ်။ အဲဒီနောက် Intern ဆင်းပြီး ရှေ့နေအဖြစ် ခြောက်လလောက်လည်း အလုပ်လုပ်ခဲ့ပါတယ်။

Can Yaman

Can Yaman

တက္ကသိုလ်တက်နေစဉ်မှာတုန်းက Can Yaman တစ်ယောက် “Gyuneyt Sayil” မှာ “Acting Skills” အတန်းကို တက်ခဲ့ပေမယ့် ဝါသနာအရရယ်လို့သာ တက်ခဲ့တယ်လို့ ဆိုသလို ရှေ့နေအလုပ်ကိုပဲ အဓိက လုပ်မယ်လို့ စဉ်းစားခဲ့ပါတယ်တဲ့။နောက်ပိုင်း ရှေ့နေတစ်ယောက်အဖြစ်သာ အချိန်ကုန်ဆုံးနေတဲ့သူကို အားမလိုအားမရဖြစ်ကြတဲ့ သူငယ်ချင်းတွေရဲ့ တိုက်တွန်းချက်နဲ့အတူ ၂၀၁၄ မှာ ပထမဦးဆုံး စီးရီးဖြစ်တဲ့ “Affairs of the Heart”မှာ ပါဝင်ခဲ့ပါတယ်။ အဲဒီစီးရီးအတွက် Can တစ်ယောက် သူ့ရဲ့ ကျယ်ပြန့်လှတဲ့ ပခုံးသားတွေကို သေးအောင် ၆ ကီလိုလောက် ဝိတ်ချခဲ့ရပြီးတော့ စစချင်း “Affairs of the Heart” ဟာ ပွဲဦးထွက်မှာတင်အောင်မြင်မှု ရရှိခဲ့တဲ့အပြင် မီဒီယာတွေကလည်း Can Yaman ကို သတိထားမိလာခဲ့ကြပါတယ်။

Can Yaman

Can Yaman

နောက်ထပ် ပရောဂျက်ဖြစ်တဲ့ “Love out of spite” မှာတော့ Can တစ်ယောက် အဓိက ဇာတ်ဆောင်နေရာမှာ သရုပ်ဆောင်ခွင့်ရခဲ့ပါပြီ။ အဲဒီ “Love out of spite” စီးရီးဟာ ပရိသတ်တွေရဲ့ အသည်းစိုင်ကို ကိုင်လှုပ်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ စီးရီးတွေ ဆက်တိုက်ထွက်ရှိခဲ့သလို ပရိသတ်တွေရဲ့ အသည်းကျော် မင်းသားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ “Erkenci Kus” က ၂၀၁၈ မှာနောက်ဆုံးထွက်ထားတဲ့ စီးရီးဖြစ်ပါတယ်။

Can Yaman

Can Yaman

အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ Can Yaman ဟာ အရပ်က ၁၈၃ စင်တီမီတာ (၆ပေ) ရှိပါတယ်။ အားကစားလိုက်စားရတာ ကြိုက်တဲ့သူမို့ ဗလခပ်ဖြောင့်ဖြောင့်နဲ့ Athletic Body Type ပါ။ ကိုယ်အလေးချိန်က ၁၂၄ ပေါင် ရှိပြီးBirth Sign ကတော့ Scorpio ဖြစ်ပါတယ်။ အကြိုက်ဆုံးအရောင်ကတော့ အဖြူနဲ့ အနက်ပါတဲ့။ ၂၀၁၇ မှာတုန်းက မင်းသမီး Bestemsu Ozdemir နဲ့ တွဲခဲ့ဖူးပေမယ့် ပြတ်စဲသွားပြီလို့လည်း သိရပါတယ်။

Can Yaman

Can Yaman

Can Yaman ဟာ အင်္ဂလိပ်၊ ဂျာမန်၊ အီတာလျံနဲ့ တူရကီစကားကို ကောင်းကောင်း ပြောတတ်ပြီးတော့ ဘက်စ်စကက်ဘော၊ စားပွဲတင်တင်းနစ်၊ အပျော်တမ်း လှေလှော်ဖောင်စီးတာနဲ့ ကြက်တောင်ရိုက်တာကို နှစ်သက်သူ ဖြစ်ပါတယ်။ ဒါ့အပြင် ဂစ်တာ၊ စန္ဒရား စတဲ့ ဂီတ တူရိယာတွေကိုလည်း တီးခတ်ရတာ ကြိုက်နှစ်သက်ပါတယ်တဲ့။

Can Yaman

Can Yaman

Cute Type ပုံစံမျိုးကို သဘောကျတဲ့ကောင်မလေးတွေအနေနဲ့တော့ သူ့ကို သဘောတွေ့ချင်မှ တွေ့မှာပါ။ Manly ဖြစ်ပြီး ဗလတောင့်တောင့် ဂျစ်ကန်ကန်ပုံစံကို ကြိုက်တဲ့ ကောင်မလေးတွေအတွက်ကတော့ Can က တကယ်ကိုစိတ်ကူးယဉ်ချင်စရာ ဖြစ်ပါလိမ့်မယ်နော်။

Erkenci Kus

Erkenci Kus

အရမ်းကို ရိုတဲ့ သူ့ရဲ့ စီးရီး “Erkenci Kus”ကိုလည်း ကြည့်ဖြစ်အောင် ကြည့်လိုက်ပါဦး။

Su Yi Htet (Akhayar)