This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ကမၻာ႔ဖလားၿပိဳင္ပဲြသမုိင္းမွာ ေအာင္ျမင္မႈမရွိေပမယ့္ ထူးျခားတဲ့ မွတ္တမ္းေတြရယူႏုိင္ခဲ့တ့ဲ တူနီးရွား

တူနီးရွားအသင္းဟာ ကမၻာ႔ဖလားၿပိဳင္ပဲြသမုိင္းမွာ ေအာင္ျမင္မႈမရွိေပမယ့္ ထူးျခားတဲ့ မွတ္တမ္းေတြကုိ ေတာ့ရယူႏုိင္ခဲ့တယ္။ ကမၻာ႔ဖလားၿပိဳင္ပဲြ(၄)ႀကိမ္ ယွဥ္ၿပိဳင္ခဲ့ဖူးၿပီး အႀကိမ္တိုင္း အုပ္စု အဆင့္က ထြက္ခဲ့ရေပမယ့္ ၁၉၇၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ မကၠဆီကုိအသင္းကုိ (၃-၁)ဂုိုးနဲ႔အႏုိင္ရခဲ့ၿပီး ကမၻာ႔ဖလားၿပိဳင္ပဲြတစ္ေလွ်ာက္ ႏုိင္ပဲြရယူခဲ့တဲ့ ပထမဆုံး အာဖရိကအသင္းအျဖစ္ မွတ္တမ္း၀င္ခဲ့တယ္။ အဲဒီ ၿပိဳင္ပဲြမွာပဲ လက္ရွိခ်န္ပီယံ(အေနာက္)ဂ်ာမနီအသင္းကုိ ဂုိးမရွိသေရကစားႏုိင္ခဲ့တယ္။ တူနီးရွားအသင္းအေနနဲ႔ ၂၀၀၄ အာဖရိက ႏုိင္ငံမ်ားဖလားၿပိဳင္ပဲြမွာ ဗုိလ္စဲြခဲ့ၿပီး အာဖရိကေဒသတြင္းၿပိဳင္ပဲြေတြမွာ ေအာင္ျမင္မႈရခဲ့ေပမယ့္ ကမၻာ႔ အဆင့္မွာေတာ့ ေအာင္ျမင္မႈနဲ႔ အလွမ္းကြာေနဆဲပါ။

Tunisia-Players-Celebrate

Tunisia-Players-Celebrate

တူနီးရွားအသင္းရဲ႕ ကမၻာ႔ဖလားသမုိင္းေၾကာင္း

၁၉၅၆ ခုႏွစ္မွာ ျပင္သစ္လက္ေအာက္ခံ ႏုိင္ငံအျဖစ္ကေန ကုိယ္ပုိင္လြတ္လပ္ေရးရခဲ့တဲ့ တူနီးရွားဟာ (၁) ႏွစ္အၾကာမွာ တူနီးရွားေဘာလုံးအဖဲြ႕ခ်ဳပ္ကုိ စတင္ဖဲြ႕စည္းခဲ့ၿပီး ၁၉၆၂ ခုႏွစ္မွ ကမၻာ႔ဖလားေျခစစ္ပဲြ ၀င္ၿပိဳင္ခဲ့ေပမယ့္ ေျခစစ္ပဲြမေအာင္ျမင္ခဲ့ဘူး။ ၁၉၆၆ တုန္းက ေျခစစ္ပဲြကႏုတ္ထြက္ခဲ့သလုိ၊ ၁၉၇၀၊ ၁၉၇၄ ၿပိဳင္ပဲြေတြမွာေတာ့ ေျခစစ္ပဲြမေအာင္ျမင္ခဲ့ဘဲ ၁၉၇၈ ခုႏွစ္က်မွ ပထမဆုံးအႀကိမ္ ကမၻာ႔ဖလားယွဥ္ၿပိဳင္ခြင့္ရရွိခဲ့ တယ္။ ၁၉၈၂ ကေန ၁၉၉၄ ခုႏွစ္အထိ ေျခစစ္ပဲြမေအာင္ျမင္ခဲ့ဘဲ ၁၉၉၈မွ ဒုတိယအႀကိမ္ ေျခစစ္ပဲြေအာင္ ျမင္ခဲ့ၿပီး ၂၀၀၂၊ ၂၀၀၆ ၿပိဳင္ပဲြေတြမွာ ဆက္တိုက္ ေျခစစ္ပဲြေအာင္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၀၊ ၂၀၁၄ ၿပိဳင္ပဲြေတြမွာ ေျခစစ္ပဲြမေအာင္ခဲ့ဘဲ အခု ၂၀၁၈ ခုႏွစ္မွသာ (၅)ႀကိမ္ေျမာက္အျဖစ္ ေျခစစ္ပဲြေအာင္ခဲ့တာပါ။

၂၀၁၈ ကမၻာ႔ဖလားေျခစစ္ပဲြျဖတ္သန္းခဲ့မႈ

တူနီးရွားအသင္းဟာ အာဖရိကဇုန္မွာ ဒုတိယအဆင့္ေျခစစ္ပဲြအဆင့္က ယွဥ္ၿပိဳင္ခဲ့ၿပီး ေမာ္ရီေတးနီးယား အသင္းကုိ ေက်ာ္ျဖတ္ႏုိင္ခဲ့သလုိ ေနာက္ဆုံးအဆင့္မွာ DR ကြန္ဂုိ၊ လစ္ဗ်ား၊ ဂီနီအသင္းတို႔နဲ႔ အတူ က်ေရာက္ခဲ့တယ္။ အုပ္စုတြင္းမွာ တူနီးရွားအသင္းအတြက္ အခက္အခဲမရွိခဲ့ဘဲ (၄)ပဲြႏုိင္ (၂)ပဲြ သေရ ႐ႈံးပဲြမရွိ အုပ္စုပထမနဲ႔ တိုက္႐ုိက္ေျခစစ္ပဲြေအာင္ျမင္ခဲ့တယ္။

ေစာင့္ၾကည့္ရမယ့္ကစားသမားမ်ား

ဥေရာပအေျခစုိက္ကစားသမားေတြထဲက ျပင္သစ္ကလပ္ ရန္းစ္အသင္းမွာ ကစားေနတဲ့ ခါဇရီ Khazri၊ ေဆာ္ဒီကလပ္ အယ္လ္အစ္တီဖက္ တိုက္စစ္မွဴး ဘန္ယူဆြတ္ဖ္ Ben Youssef တို႔ဟာ တူနီးရွားအသင္းကုိ ဦးေဆာင္မယ့္သူေတြ ျဖစ္လာမွာပါ။ တူနီးရွားအသင္းဟာ ၀ါရင့္ကစားသမားေတြနဲ႔ လူငယ္ကစားသမား ေတြကုိ အခ်ိဳးညီညီ စုဖဲြ႕ထားတဲ့အသင္းတစ္သင္းလည္းျဖစ္ပါတယ္။

Photo:The Score,Football News Hound
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာ အောင်မြင်မှုမရှိပေမယ့် ထူးခြားတဲ့ မှတ်တမ်းတွေရယူနိုင်ခဲ့တဲ့ တူနီးရှား

တူနီးရှားအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာ အောင်မြင်မှုမရှိပေမယ့် ထူးခြားတဲ့ မှတ်တမ်းတွေကို တော့ရယူနိုင်ခဲ့တယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ(၄)ကြိမ် ယှဉ်ပြိုင်ခဲ့ဖူးပြီး အကြိမ်တိုင်း အုပ်စု အဆင့်က ထွက်ခဲ့ရပေမယ့် ၁၉၇၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မက္ကဆီကိုအသင်းကို (၃-၁)ဂိုးနဲ့အနိုင်ရခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် နိုင်ပွဲရယူခဲ့တဲ့ ပထမဆုံး အာဖရိကအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။ အဲဒီ ပြိုင်ပွဲမှာပဲ လက်ရှိချန်ပီယံ(အနောက်)ဂျာမနီအသင်းကို ဂိုးမရှိသရေကစားနိုင်ခဲ့တယ်။ တူနီးရှားအသင်းအနေနဲ့ ၂၀၀၄ အာဖရိက နိုင်ငံများဖလားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပြီး အာဖရိကဒေသတွင်းပြိုင်ပွဲတွေမှာ အောင်မြင်မှုရခဲ့ပေမယ့် ကမ္ဘာ့ အဆင့်မှာတော့ အောင်မြင်မှုနဲ့ အလှမ်းကွာနေဆဲပါ။

Tunisia-Players-Celebrate

Tunisia-Players-Celebrate

တူနီးရှားအသင်းရဲ့ ကမ္ဘာ့ဖလားသမိုင်းကြောင်း

၁၉၅၆ ခုနှစ်မှာ ပြင်သစ်လက်အောက်ခံ နိုင်ငံအဖြစ်ကနေ ကိုယ်ပိုင်လွတ်လပ်ရေးရခဲ့တဲ့ တူနီးရှားဟာ (၁) နှစ်အကြာမှာ တူနီးရှားဘောလုံးအဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၆၂ ခုနှစ်မှ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဝင်ပြိုင်ခဲ့ပေမယ့် ခြေစစ်ပွဲမအောင်မြင်ခဲ့ဘူး။ ၁၉၆၆ တုန်းက ခြေစစ်ပွဲကနုတ်ထွက်ခဲ့သလို၊ ၁၉၇၀၊ ၁၉၇၄ ပြိုင်ပွဲတွေမှာတော့ ခြေစစ်ပွဲမအောင်မြင်ခဲ့ဘဲ ၁၉၇၈ ခုနှစ်ကျမှ ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့်ရရှိခဲ့ တယ်။ ၁၉၈၂ ကနေ ၁၉၉၄ ခုနှစ်အထိ ခြေစစ်ပွဲမအောင်မြင်ခဲ့ဘဲ ၁၉၉၈မှ ဒုတိယအကြိမ် ခြေစစ်ပွဲအောင် မြင်ခဲ့ပြီး ၂၀၀၂၊ ၂၀၀၆ ပြိုင်ပွဲတွေမှာ ဆက်တိုက် ခြေစစ်ပွဲအောင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀၊ ၂၀၁၄ ပြိုင်ပွဲတွေမှာ ခြေစစ်ပွဲမအောင်ခဲ့ဘဲ အခု ၂၀၁၈ ခုနှစ်မှသာ (၅)ကြိမ်မြောက်အဖြစ် ခြေစစ်ပွဲအောင်ခဲ့တာပါ။

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲဖြတ်သန်းခဲ့မှု

တူနီးရှားအသင်းဟာ အာဖရိကဇုန်မှာ ဒုတိယအဆင့်ခြေစစ်ပွဲအဆင့်က ယှဉ်ပြိုင်ခဲ့ပြီး မော်ရီတေးနီးယား အသင်းကို ကျော်ဖြတ်နိုင်ခဲ့သလို နောက်ဆုံးအဆင့်မှာ DR ကွန်ဂို၊ လစ်ဗျား၊ ဂီနီအသင်းတို့နဲ့ အတူ ကျရောက်ခဲ့တယ်။ အုပ်စုတွင်းမှာ တူနီးရှားအသင်းအတွက် အခက်အခဲမရှိခဲ့ဘဲ (၄)ပွဲနိုင် (၂)ပွဲ သရေ ရှုံးပွဲမရှိ အုပ်စုပထမနဲ့ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ခဲ့တယ်။

စောင့်ကြည့်ရမယ့်ကစားသမားများ

ဥရောပအခြေစိုက်ကစားသမားတွေထဲက ပြင်သစ်ကလပ် ရန်းစ်အသင်းမှာ ကစားနေတဲ့ ခါဇရီ Khazri၊ ဆော်ဒီကလပ် အယ်လ်အစ်တီဖက် တိုက်စစ်မှူး ဘန်ယူဆွတ်ဖ် Ben Youssef တို့ဟာ တူနီးရှားအသင်းကို ဦးဆောင်မယ့်သူတွေ ဖြစ်လာမှာပါ။ တူနီးရှားအသင်းဟာ ဝါရင့်ကစားသမားတွေနဲ့ လူငယ်ကစားသမား တွေကို အချိုးညီညီ စုဖွဲ့ထားတဲ့အသင်းတစ်သင်းလည်းဖြစ်ပါတယ်။

Photo:The Score,Football News Hound
Naing Linn(Akhayar)
www.akhayar.com