[Zawgyi]

သ႐ုပ္ေဆာင္ထြန္းထြန္းက ပီဇာ႐ုပ္႐ွင္ဇာတ္ကားမွာ မိဘလက္ငုပ္လက္ရင္းျဖစ္တဲ့ အမိႈက္ေကာက္ အလုပ္နဲ႔ ဝမ္းစာရွာရမယ့္ဇာတ္႐ုပ္ကို ပါဝင္သ႐ုပ္ေဆာင္သြားမယ္လို႔ အဲဒီဇာတ္ကားရဲ႕ ဒါ႐ိုက္တာစတီးလ္ ကေျပာပါတယ္။

“ဇာတ္လမ္းမွာကေလးႏွစ္ေယာက္က ပီဇာစားခ်င္တာကေနၿပီး စတဲ့ဇာတ္ပါ။ မစားဖူးတဲ့ အစားအစာေတြကိုစားလိုက္တဲ့အခ်ိန္ကစၿပီး ဇာတ္လမ္းစေတာ႔တာပါပဲ။ စားဖို႔အတြက္႐ုန္းကန္ေနၾကရတဲ့ဘဝေတြကို ကိုယ္ခ်င္းစာဖို႔ပါ။ ထြန္းထြန္းက မိဘလက္ငုပ္လက္ရင္းအလုပ္ အမိႈက္ေတြကိုေကာက္ၿပီး ဝမ္းစာရွာရတယ္”ဟုဒါ႐ိုက္တာစတီးလ္ကဆိုပါတယ္။

အဲဒီ႐ုပ္ရွင္ဇာတ္ကားႀကီးအတြက္ ကန္ေတာ့ေပးပြဲကိုလည္း ေရႊတိဂံုေစတီေတာ္မွာ ၾသဂုတ္ ၁ ရက္က ျပဳလုပ္ခဲ့ၿပီးျဖစ္တယ္လို႔ သိရပါတယ္။ အဲဒီဇာတ္ကားမွာ သ႐ုပ္ေဆာင္စည္ၿဖိဳးက ပိုလီယိုမသန္စြမ္းအျဖစ္သ႐ုပ္ေဆာင္ထားၿပီး သ႐ုပ္ေဆာင္သြန္းဆက္က ကေလးႏွစ္ေယာက္အေမအျဖစ္ သ႐ုပ္ေဆာင္ထားတဲ့အျပင္ သ႐ုပ္ေဆာင္ေရႊသမီးမွာ သတင္းေထာက္အျဖစ္ပါဝင္သ႐ုပ္ေဆာင္ထားတယ္လို႔ သိရပါတယ္။

“ဒီကားမွာ ေမပန္းခ်ီက ပလတ္စတစ္ေတြ၊ အမိႈက္ကေနျပန္ေရာင္းတာကို ဝယ္တဲ႔ဒိုင္အျဖစ္သ႐ုပ္ေဆာင္ရမယ္။ အဝတ္အစားေတြကအစ ေသခ်ာဂ႐ုစိုက္ဖို႔ေျပာထားတယ္”ဟု ဒါ႐ိုက္တာစတီးလ္က ေျပာဆိုထားပါတယ္။

ပီဇာဇာတ္ကားမွာ လူ႔ဘ၀အနိမ့္အျမင့္၊ အတက္အက်ကုိ သ႐ုပ္ေဖာ္႐ုိက္ကူးသြားမွာျဖစ္ၿပီး ဒရာမာဇာတ္လမ္း ျဖစ္တယ္လို႔ သိရပါတယ္။ ပီဇာဇာတ္ကားကို ပါဝါကင္း႐ုပ္႐ွင္ထုတ္လုပ္ေရးကထုတ္လုပ္ၿပီး ရက္ေပါင္း(၂၀)ၾကာ ႐ိုက္ကူးသြားမွာျဖစ္ကာ ပါဝင္သ႐ုပ္ေဆာင္ၾကမယ့္ သ႐ုပ္ေဆာင္ေတြရဲ႕ ဇာတ္ေကာင္စ႐ိုက္ေတြ၊ ဝတ္စားဆင္ယင္မႈေတြကိုပါ ေျပာင္းလဲသြားမယ္လို႔ ဒါ႐ိုက္တာစတီးလ္ကေျပာၾကားထားပါတယ္။

HGID_KV_Ads_Square

အခရာ

www.akhayar.com

[Unicode]

သရုပ်ဆောင်ထွန်းထွန်းက ပီဇာရုပ်ရှင်ဇာတ်ကားမှာ မိဘလက်ငုပ်လက်ရင်းဖြစ်တဲ့ အမှိုက်ကောက် အလုပ်နဲ့ ဝမ်းစာရှာရမယ့်ဇာတ်ရုပ်ကို ပါဝင်သရုပ်ဆောင်သွားမယ်လို့ အဲဒီဇာတ်ကားရဲ့ ဒါရိုက်တာစတီးလ် ကပြောပါတယ်။

“ဇာတ်လမ်းမှာကလေးနှစ်ယောက်က ပီဇာစားချင်တာကနေပြီး စတဲ့ဇာတ်ပါ။ မစားဖူးတဲ့ အစားအစာတွေကိုစားလိုက်တဲ့အချိန်ကစပြီး ဇာတ်လမ်းစတော့တာပါပဲ။ စားဖို့အတွက်ရုန်းကန်နေကြရတဲ့ဘဝတွေကို ကိုယ်ချင်းစာဖို့ပါ။ ထွန်းထွန်းက မိဘလက်ငုပ်လက်ရင်းအလုပ် အမှိုက်တွေကိုကောက်ပြီး ဝမ်းစာရှာရတယ်”ဟုဒါရိုက်တာစတီးလ်ကဆိုပါတယ်။

အဲဒီရုပ်ရှင်ဇာတ်ကားကြီးအတွက် ကန်တော့ပေးပွဲကိုလည်း ရွှေတိဂုံစေတီတော်မှာ သြဂုတ် ၁ ရက်က ပြုလုပ်ခဲ့ ပြီးဖြစ်တယ်လို့ သိရပါတယ်။ အဲဒီဇာတ်ကားမှာ သရုပ်ဆောင်စည်ဖြိုးက ပိုလီယိုမသန်စွမ်းအဖြစ်သရုပ်ဆောင်ထားပြီး သရုပ်ဆောင်သွန်းဆက်က ကလေးနှစ်ယောက်အမေအဖြစ် သရုပ်ဆောင်ထားတဲ့အပြင် သရုပ်ဆောင်ရွှေသမီးမှာ သတင်းထောက်အဖြစ်ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

“ဒီကားမှာ မေပန်းချီက ပလတ်စတစ်တွေ၊ အမှိုက်ကနေပြန်ရောင်းတာကို ဝယ်တဲ့ဒိုင်အဖြစ်သရုပ်ဆောင်ရမယ်။ အဝတ်အစားတွေကအစ သေချာဂရုစိုက်ဖို့ပြောထားတယ်”ဟု ဒါရိုက်တာစတီးလ်ကပြောဆိုထားပါတယ်။

ပီဇာဇာတ်ကားမှာ လူ့ဘဝအနိမ့်အမြင့်၊ အတက်အကျကို သရုပ်ဖော်ရိုက်ကူးသွားမှာဖြစ်ပြီး ဒရာမာဇာတ်လမ်း ဖြစ်တယ်လို့ သိရပါတယ်။ ပီဇာဇာတ်ကားကို ပါဝါကင်းရုပ်ရှင်ထုတ်လုပ်ရေးကထုတ်လုပ်ပြီး ရက်ပေါင်း(၂၀)ကြာ ရိုက်ကူးသွားမှာဖြစ်ကာ ပါဝင်သရုပ်ဆောင်ကြမယ့် သရုပ်ဆောင်တွေရဲ့ ဇာတ်ကောင်စရိုက်တွေ၊ ဝတ်စားဆင်ယင်မှုတွေကိုပါ ပြောင်းလဲသွားမယ်လို့ ဒါရိုက်တာစတီးလ်ကပြောကြားထားပါတယ်။

HGID_KV_Ads_Square

အခရာ

www.akhayar.com