[Zawgyi]

ခ်စ္သူနဲ႔ အတူေပ်ာ္ရႊင္စြာေတြ႔ရတတ္ တဲ့အဆိုေတာ္သရုပ္ေဆာင္ထြန္းထြန္း

အခ်စ္ေရးကို Instagram နဲ႔ Facebook မွာ ေလ့လာရင္သိနိုင္ပါတယ္ဆိုတဲ့ အဆိုေတာ္သရုပ္ေဆာင္ထြန္းထြန္းရဲ ႔ခ်စ္သူနဲ႔  ရိုက္ထားတဲ့ ပံုတခ်ိဳ႕ ကို ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။ ထြန္းထြန္းဟာ သူ႔ရဲ ႔ Instagram အေကာင့္မွာ ခ်စ္သူနဲ႔ ပံုေတြကို အျမဲတင္ေလ့ရွိတဲ့ အနုပညာရွင္တစ္ေယာက္ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ေမလ ၁ ရက္ေန႔ကလည္း Happy 300 Days of Love ဆိုတဲ့ ကိတ္မုန္႔ေလးကို တင္ထားခဲ့တာလည္းေတြ႔ရပါေသးတယ္။

ထြန္းထြန္းဟာ သီခ်င္းေတြသီဆိုရာမွာလည္း ထူးခြ်န္သလို သရုပ္ေဆာင္ပိုင္းမွာလည္း သူ႔ရဲ ႔အနုပညာဖန္တီးမႈေတြက ပီျပင္ အသက္ပါတဲ့ အတြက္ ၿပီးခဲ့တဲ့ ၂၀၁၆ခုနွစ္အကယ္ဒမီေပးပြဲမွာ ေရႊစင္ဆုကိုရရွိခဲ့တာျဖစ္ပါတယ္။

ဒါရိုက္တာေမာင္မ်ိဳးမင္းစီစဥ္တဲ့ နွင္းဆီအၿငိမ့္တိုင္းမွာ ပရိသတ္ေတြအတြက္ ေပ်ာ္ရႊင္ဖြယ္ဟာသေတြကိုတင္ဆက္နိုင္တဲ့  လူရႊင္ေတာ္တစ္ဦးအျဖစ္ လုပ္ေဆာင္ရာမွာလည္း လူႀကိဳက္မ်ားတဲ့အတြက္ စြယ္စံုရအနုပညာရွင္တစ္ဦးျဖစ္ပါတယ္။လတ္တေလာမွာလည္း ထြန္းထြန္းပါဝင္တဲ့ သားပိုက္ေကာင္ ရုပ္ရွင္ဇာတ္ကားကို ရံုတင္ျပသလ်က္ရွိပါတယ္။

ၾကည္သာ (Akhayar)

Photo Credit:TunTun Instagram

www.akhayar.com
[Unicode]

ချစ်သူနဲ့ အတူပျော်ရွှင်စွာတွေ့ရတတ် တဲ့အဆိုတော်သရုပ်ဆောင်ထွန်းထွန်း

အချစ်ရေးကို Instagram နဲ့ Facebook မှာ လေ့လာရင်သိနိုင်ပါတယ်ဆိုတဲ့ ဆိုတော်သရုပ်ဆောင်ထွန်းထွန်းရဲ့ချစ်သူနဲ့ ရိုက်ထားတဲ့ ပုံတချို့ ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ ထွန်းထွန်းဟာ သူ့ရဲ့ Instagram အကောင့်မှာ ချစ်သူနဲ့ ပုံတွေကို အမြဲတင်လေ့ရှိတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့ကလည်း Happy 300 Days of Love ဆိုတဲ့ ကိတ်မုန့်လေးကို တင်ထားခဲ့တာလည်းတွေ့ရပါသေးတယ်။

ထွန်းထွန်းဟာ သီချင်းတွေသီဆိုရာမှာလည်း ထူးချွန်သလို သရုပ်ဆောင်ပိုင်းမှာလည်း သူ့ရဲ့အနုပညာဖန်တီးမှုတွေက ပီပြင် အသက်ပါတဲ့ အတွက် ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ်အကယ်ဒမီပေးပွဲမှာ ရွှေစင်ဆုကိုရရှိခဲ့တာဖြစ်ပါတယ်။

ဒါရိုက်တာမောင်မျိုးမင်းစီစဉ်တဲ့ နှင်းဆီအငြိမ့်တိုင်းမှာ ပရိသတ်တွေအတွက် ပျော်ရွှင်ဖွယ်ဟာသတွေကိုတင်ဆက်နိုင်တဲ့ လူရွှင်တော်တစ်ဦးအဖြစ် လုပ်ဆောင်ရာမှာလည်း လူကြိုက်များတဲ့အတွက် စွယ်စုံရအနုပညာရှင်တစ်ဦးဖြစ်ပါတယ်။လတ်တလောမှာလည်း ထွန်းထွန်းပါဝင်တဲ့ သားပိုက်ကောင် ရုပ်ရှင်ဇာတ်ကားကို ရုံတင်ပြသလျက်ရှိပါတယ်။

ကြည်သာ (Akhayar)

Photo Credit:TunTun Instagram

www.akhayar.com