[Zawgyi]






ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

ပုဂံရောက်တုန်း ဘုရားဖူးနေကြတဲ့ ထွန်းထွန်း နဲ့ သူငယ်ချင်းတစ်သိုက်

ထွန်းထွန်း ၊ D ဖြိုး ၊ နိုင်းဝမ်း ၊ ဝေလျှံ ၊ မိုးယံဇွန် ၊ နေဒွေး စတဲ့ အဆိုတော် တွေနဲ့ မင်းသားတစ်သိုက်ဟာ ပုဂံကိုရောက်ခိုက် ဘုရားတွေကို ဖူးမျှော်ဦးခိုက်နေတယ် ဆိုပြီး သူတို့တွေရဲ့လူမှုကွန်ရက်ပေါ်မှာတင်ထားတာတွေ့ရပါတယ်။

အနုပညာရှင်တွေ ဖြစ်တဲ့ အတွက် နယ်ဘက်တွေ ဆင်းပြီး ဖျော်ဖြေရတာတွေ ရိုက်ကူးရေးတွေ လုပ်ရတာတွေရှိတဲ့ အတွက် ပုဂံကို ဆိုရင်လည်း ခဏခဏ ရောက်ဖြစ်တယ်ဆိုတာကို နိုင်ဝမ်းက သူ့ရဲ့လူမှုကွန်ရက်ပေါ်မှာ “မောနီး မဟာ…
ဘဝမှာ မှတ်မှတ်ရရ (၇၇)ကြိမ်မြောက် ပုဂံရောက်”ဆိုပြီး အခုလိုရေးထားပြီး ပုဂံကို ၇၇ ကြိမ်မြောက်ရောက်တယ်ဆိုပြီး ဖော်ပြထားပါတယ်။

ဝေလျှံ ကလည်း အခုလို ဆုံရတာကို ပျော်ရွှင်တဲ့ အနေနဲ့အားလုံးစုပြီးရိုက်ထားတဲ့ ဓါတ်ပုံနဲ့အတူ “ဒီလိုပြန်မဆုံတာကြာပြီဖြစ်တဲ့ ညီကိုတွေ”ဆိုပြီးရေးထားတာကိုတွေ့ရပါသေးတယ်။

Photo Credit: Kyaw Zin Latt Facebook ၊ Wai Hlian Phyo Facebook

ကြည်သာ (Akhayar)

www.akhayar.com