[Zawgyi]



Tun Tun


Tun Tun

Tun Tun


Tun Tun

Tun Tun


www.akhayar.com

[Unicode]

ထိန်ပင်အမှိုက်ပုံမီးလောင်ကျွမ်းမှုမှာ မီးငြိမ်းသတ်ပေးနေသူတွေကို စားစရာတွေလှူဒါန်းခဲ့တဲ့ ထွန်းထွန်း

ရုပ်ရှင်သရုပ်ဆောင်ထွန်းထွန်းက ဒီနေ့မနက်မှာပဲ လှိုင်သာသာမြို့နယ်မှာရှိတဲ့ ထိန်ပင်အမှိုက်ပုံမီးလောင်ကျွမ်းမှုမှာ မီးငြိမ်းသတ်ပေးနေကြတဲ့ တာဝန်ရှိသူများကို စားစရာများ၊ သောက်ရေသန့်၊ ဓာတ်ဆားရည်၊ Mask ၊ အအေးနဲ့ လိုအပ်တဲ့ဆေးဝါးများကို တတ်နိုင်သလောက် ကုသိုလ်ယူလှူဒါန်းခဲ့ပါတယ်။

Tun Tun

ထွန်းထွန်းအပါအဝင် ထွန်းထွန်းကိုချစ်ခင်ကြတဲ့ ပရိသတ်တွေရဲ့ လှူဒါန်းမှုနဲ့ တတ်နိုင်သလောက် လှူဒါန်းခဲ့ကြောင်းကိုလည်း “အခုမနက်ပဲ ရောက်ခဲ့တယ်။ အများကြီးမဟုတ်ပေမယ့် နိုင်သလောက်ပေါ့။ အအေးတွေ၊ ထမင်းစားစရာတွေ၊ ဆေးတွေ၊ မုန့်တွေကို WLTTE တွေရဲ့ကောင်းမှုနဲ့ ကုသိုလ်ပြုပေးခဲ့တယ်ဗျာ။ တာဝန်ကျေပွန်အောင် ထမ်းဆောင်နေကြတဲ့ ဆိုင်ရာပုဂ္ဂိုလ်အပေါင်းကို တကယ်လေးစားပါတယ်ဗျာ” လို့ သူရဲ့ဖေ့ဘုတ်စာမျက်နှာထက်ကနေ ပရိသတ်တွေကို အသိပေးပြောပြထားတာဖြစ်ပါတယ်။

Tun Tun

Tun Tun

သရုပ်ဆောင်ထွန်းထွန်းအနေနဲ့ နှင်းဆီအဖွဲ့ဝင်တစ်ဦးဖြစ်ကာ နှင်းဆီအဖွဲ့နဲ့လည်း အခုလိုပရဟိတကုသိုလ်ရေးကို တစ်ဖက်တစ်လမ်းကနေ တတ်နိုင်သလောက် ကူညီပေးနေတဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။

Tun Tun

Tun Tun

Photo Credit:Htin Aung Tun Facenbook

www.akhayar.com