[Zawgyi]







ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

ထွန်းထွန်း အရွယ်တင်တာပိုသိသာသွားတဲ့ အိစိကွေး နဲ့ ထွန်းထွန်း ရဲ့အရင်ကပုံလေးတွေ

အိစိကွေး က သူနဲ့ ထွန်းထွန်း အရင်က ရိုက်ထားတဲ့ ပုံလေးတွေကို လူမှုကွန်ရက်မှာတင်လိုက်တဲ့ အခါ ထွန်းထွန်းပုံတွေကိုကြည့်ရင်း အခုပုံနဲ့ ယှဉ်ရင် ဘာမှသိပ်ပြောင်းလဲမသွားတာကိုတွေ့ရပါတယ်။ အိစိကွေးကတော့ လူပျိုပေါက်စတောင်ဖြစ်နေပြီ ထွန်းထွန်းကတော့ အရင် ကအတိုင်းပါပဲ ဒါကြောင့် ဦးဦးထွန်းထွန်း ကို အရွယ်တင်နုပျိုတယ်လို့ပြောလိုက်တာပါ။

“လက်ရှိကျွန်တော်နဲ့ကိုကြီးထွန်းထွန်း
ဟိုအရင်က ကျွန်တော်နဲ့ ကိုကြီးထွန်းထွန်း
ကိုကြီးထွန်းထွန်းကတော့အခုထိနုတုန်းပေါ့ဗျာ” ဆိုပြီးတော့လည်း ပုံလေးတွေအပေါ်မှာ အခုလိုစာလေးကို အိစိကွေး ကရေးထားပါသေးတယ်။

Gym မှာ အတူတူဆုံဖြစ်ခဲ့ကြတဲ့ ထွန်းထွန်း ၊ အိစိကွေး နဲ့ အနုပညာရှင်တချို့

သူတို့နှစ်ယောက်ဟာ ဇာတ်ကားတော်တော်များများမှာ တွဲဖက်သရုပ်ဆောင်ဖူးခဲ့ကြတဲ့ သူတွေဖြစ်ပါတယ်။ အိစိကွေးဟာ ကလေးသရုပ်ဆောင်ဘဝထဲက အနုပညာလောကို ရောက်ရှိခဲ့တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး လက်ရှိအချိန်မှာလည်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေတဲ့ ကြိုးစားချင်စိတ်ရှိတဲ့ လူငယ်အနုပညာရှင်တစ်ယောက်ပါ။

Photo Credit: Eisi Kway Facebook

ကြည်သာ (Akhayar)

www.akhayar.com