[Zawgyi]

တစ္ႏွစ္ေနရုံနဲ႔ ေဒၚလာတစ္ေသာင္း ေထာက္ပံ့ေနတဲ့ အေမရိကန္ႏုိင္ငံ Tulsa ၿမိဳ႕

လူတစ္ေယာက္ဟာ တစ္ႏွစ္ကုိ အလကားေနရင္း ေဒၚလာတစ္ေသာင္းေလာက္ရမယ္ဆုိရင္ စိတ္ဝင္စားၾကမယ္ထင္ပါတယ္။ စိတ္ဝင္စားမွာပါ။ ရလာတဲ့ ေဒၚလာတစ္ေသာင္းနဲ႔ လုိခ်င္တဲ့ပစၥည္းေတြကုိ ဝယ္ႏုိင္ၿပီေလ။ တကယ္လုိ႔ ၿမိဳ႕ထဲမွာ တစ္ႏွစ္ေနရုံနဲ႔ ေဒၚလာတစ္ေသာင္းဆုခ်မယ္ဆုိရင္ သြားေနၾကမွာလား။ အဲဒီၿမိဳ႕က တကယ္ရွိပါတယ္။ အေမရိကန္ႏုိင္ငံ Oklahoma ျပည္နယ္မွာရွိတဲ့ Tulsa ၿမိဳ႕ ပဲျဖစ္ပါတယ္။

Tulsa ၿမိဳ႕ အာဏာပုိင္ေတြနဲ႔ George Kaiser Family Foundation တုိ႔ပူးေပါင္းၿပီး Tulsa Remote Program ကုိ စတင္ခဲ့ပါတယ္။ အဲဒါက ရပ္ေဝးဝန္ထမ္းေတြအေနနဲ႔ Tulsa ၿမိဳ႕မွာ ေနထုိင္ၿပီး အလုပ္လုပ္မယ္ဆုိရင္ တစ္ႏွစ္ကုိ ေဒၚလာတစ္ေသာင္းဆုခ်သြားမွာပါ။ ေဒၚလာတစ္ေသာင္းကုိ တစ္ခါတည္းဆုခ်သြားမွာ မဟုတ္ဘဲ တစ္လေဒၚလာငါးရာ (ဆယ့္ႏွစ္လ – ေဒၚလာေျခာက္ေထာင္) ၊ ေနထုိင္စရိတ္ ေဒၚလာႏွစ္ေထာင့္ငါးရာနဲ႔ ႏွစ္ကုန္ရင္ ေဒၚလာတစ္ေထာင့္ငါးရာဆုိၿပီးေတာ့ ေပးအပ္သြားမွာပါ။ Tulsa ၿမိဳ႕ မွာ ေနထုိင္ၿပီး ျပင္ပအလုပ္တစ္ခုကုိ လုပ္မယ္ဆုိရင္ေတာ့ Tulsa Remote Program မွာ အက်ံဳးဝင္သြားမွာပါ။

Tulsa Remote Program ကုိ ေလ်ွာက္ထားလုိသူေတြဟာ အသက္ (၁၈) ႏွစ္ျပည့္ဖုိ႔ လုိအပ္ၿပီး ေျခာက္လအတြင္းမွာ Tulsa ၿမိဳ႕ကုိ သြားေရာက္ေနထုိင္ႏုိင္သူျဖစ္ရပါမယ္။ Tulsa ၿမိဳ႕ထဲမွာ အလုပ္ရထားသူေတြအေနနဲ႔ Tulsa Remote Program ကုိ ေလ်ွာက္ထားဖုိ႔ အက်ံဳးမဝင္ဘဲ တျခားၿမိဳ႕ မွာ အလုပ္ရထားသူေတြက လာေလ်ွာက္ရမွာပါ။ အားသာခ်က္တစ္ခုက Tulsa ၿမိဳ႕ဟာ တျခားၿမိဳ႕ ေတြနဲ႔စာရင္ က်န္က်စရိတ္ ရွစ္ရာခုိင္ႏႈန္းပုိနည္းၿပီး အားနည္းခ်က္တစ္ခုက အေမရိကန္ႏုိင္ငံမွာ (၁၄) ခုေျမာက္အႏၱရာယ္အမ်ားဆုံးၿမိဳ႕ ျဖစ္ေနတာပါပဲ။ ကဲ . . . . ဒါဆုိရင္ေတာ့ အေမရိကန္ႏုိင္ငံမွာ ေနထုိင္တဲ့ တျခားၿမိဳ႕သားေတြအေနနဲ႔ Tulsa ၿမိဳ႕ ကုိ သြားၿပီး ေနသင့္ပါၿပီ။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

တစ်နှစ်နေရုံနဲ့ ဒေါ်လာတစ်သောင်း ထောက်ပံ့နေတဲ့ အမေရိကန်နိုင်ငံ Tulsa မြို့

လူတစ်ယောက်ဟာ တစ်နှစ်ကို အလကားနေရင်း ဒေါ်လာတစ်သောင်းလောက်ရမယ်ဆိုရင် စိတ်ဝင်စားကြမယ်ထင်ပါတယ်။ စိတ်ဝင်စားမှာပါ။ ရလာတဲ့ ဒေါ်လာတစ်သောင်းနဲ့ လိုချင်တဲ့ပစ္စည်းတွေကို ဝယ်နိုင်ပြီလေ။ တကယ်လို့ မြို့ထဲမှာ တစ်နှစ်နေရုံနဲ့ ဒေါ်လာတစ်သောင်းဆုချမယ်ဆိုရင် သွားနေကြမှာလား။ အဲဒီမြို့က တကယ်ရှိပါတယ်။ အမေရိကန်နိုင်ငံ Oklahoma ပြည်နယ်မှာရှိတဲ့ Tulsa မြို့ ပဲဖြစ်ပါတယ်။

Tulsa မြို့ အာဏာပိုင်တွေနဲ့ George Kaiser Family Foundation တို့ပူးပေါင်းပြီး Tulsa Remote Program ကို စတင်ခဲ့ပါတယ်။ အဲဒါက ရပ်ဝေးဝန်ထမ်းတွေအနေနဲ့ Tulsa မြို့မှာ နေထိုင်ပြီး အလုပ်လုပ်မယ်ဆိုရင် တစ်နှစ်ကို ဒေါ်လာတစ်သောင်းဆုချသွားမှာပါ။ ဒေါ်လာတစ်သောင်းကို တစ်ခါတည်းဆုချသွားမှာ မဟုတ်ဘဲ တစ်လဒေါ်လာငါးရာ (ဆယ့်နှစ်လ – ဒေါ်လာခြောက်ထောင်) ၊ နေထိုင်စရိတ် ဒေါ်လာနှစ်ထောင့်ငါးရာနဲ့ နှစ်ကုန်ရင် ဒေါ်လာတစ်ထောင့်ငါးရာဆိုပြီးတော့ ပေးအပ်သွားမှာပါ။ Tulsa မြို့ မှာ နေထိုင်ပြီး ပြင်ပအလုပ်တစ်ခုကို လုပ်မယ်ဆိုရင်တော့ Tulsa Remote Program မှာ အကျုံးဝင်သွားမှာပါ။

Tulsa Remote Program ကို လျှောက်ထားလိုသူတွေဟာ အသက် (၁၈) နှစ်ပြည့်ဖို့ လိုအပ်ပြီး ခြောက်လအတွင်းမှာ Tulsa မြို့ကို သွားရောက်နေထိုင်နိုင်သူဖြစ်ရပါမယ်။ Tulsa မြို့ထဲမှာ အလုပ်ရထားသူတွေအနေနဲ့ Tulsa Remote Program ကို လျှောက်ထားဖို့ အကျုံးမဝင်ဘဲ တခြားမြို့ မှာ အလုပ်ရထားသူတွေက လာလျှောက်ရမှာပါ။ အားသာချက်တစ်ခုက Tulsa မြို့ဟာ တခြားမြို့ တွေနဲ့စာရင် ကျန်ကျစရိတ် ရှစ်ရာခိုင်နှုန်းပိုနည်းပြီး အားနည်းချက်တစ်ခုက အမေရိကန်နိုင်ငံမှာ (၁၄) ခုမြောက်အန္တရာယ်အများဆုံးမြို့ ဖြစ်နေတာပါပဲ။ ကဲ . . . . ဒါဆိုရင်တော့ အမေရိကန်နိုင်ငံမှာ နေထိုင်တဲ့ တခြားမြို့သားတွေအနေနဲ့ Tulsa မြို့ ကို သွားပြီး နေသင့်ပါပြီ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com