[Zawgyi]






Ashley-Cole

Ashley-Cole






Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အင်္ဂါနေ့ ဘောလုံးသတင်းတိုများစုစည်းဖော်ပြမှု

မန်ယူ – မန်ယူအသင်းဟာ ဝက်စ်ဟမ်းတိုက်စစ်ကစားသမား အာနော်တိုဗစ် Arnautovic နဲ့ ဒေါ့မွန်ကွင်းလယ်လူ ဝစ်ဆဲလ် Witsel တို့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

အေစီမီလန် – အေစီမီလန်အသင်းဟာ ချယ်လ်ဆီးနောက်ခံလူ ကာဟေးလ် Cahill ကိုခေါ်ယူဖို့ အခွင့်အရေးရရှိခဲ့ပေမယ့် ငြင်းဆန်ခဲ့ပါတယ်။

အဲဗာတန် – အဲဗာတန်အသင်းဟာ လိုင်ယွန်ကွင်းလယ်လူ Ndombele ကိုခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။

အာဆင်နယ် – အာဆင်နယ်အသင်းဟာ ဂါလာတာစာရေးနောက်ခံလူ Ozan Kabak ကိုခေါ်ယူဖို့လိုက်နေသလို သူ့ကိုခေါ်ယူဖို့အတွက် အင်တာမီလန်အသင်းကလည်း ပစ်မှတ်ထားနေပါတယ်။

Ashley-Cole

Ashley-Cole

LA Galaxy – အာဆင်နယ် ၊ ချယ်လ်ဆီးအသင်းတွေရဲ့ ကစားသမားဟောင်း အက်ရှ်လေကိုးလ် Ashley Cole ဟာ LA Galaxy အသင်းကနေ ထွက်ခွာခဲ့ပြီလို့သိရပါတယ်။

PSG – PSG အသင်းဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ လီဗာပူးလ်ကစားသမား ဖာဘင်ဟို Fabinho ကိုခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။

အဲဗာတန် – အဲဗာတန်အသင်းဟာ ဆန်းတို့စ်အသင်းမှာ အငှားနဲ့ကစားနေပြီး ခြေစွမ်းပြနေတဲ့ အင်တာမီလန်တိုက်စစ်မှူး Gabriel Barbosa ကိုခေါ်ယူဖို့ မျက်စိကျနေပါတယ်။

မန်စီးတီး – မန်စီးတီးအသင်းဟာ လိုင်ယွန်အသင်းကို လက်စားချေလိုနေတယ်လို့ မန်စီးတီး နောက်ခံလူ လာပေါ့တ် Laporte ကပြောကြားခဲ့ပါတယ်။

ပရီးမီးယားလိဂ် – ဒီနေ့ မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နယူးကာဆယ်အသင်းဟာ ဘန်လေအသင်းကို အဝေးကွင်းမှာ ( ၁ – ၂ )နဲ့ အနိုင်ရရှိခဲ့ပါတယ်။

Ref: BBC Sports , Goal.com , Sportskeeda
Photo: Evening Standard , The Spokesman-Review
Ko Kyue(Akhayar)
www.akhayar.com