[Zawgyi]

အဂၤါေန႔ ေဘာလံုးသတင္းတိုမ်ားစုစည္းေဖာ္ျပမႈ

မန္ယူ – မန္ယူကစားသမားေတြ ျဖစ္ၾကတဲ႔ ေပါ႔ဘာ Pogba နဲ႔ မာစီယဲလ္ Martial တို႔ဟာ ဒဏ္ရာျပႆနာေၾကာင္႔ ျပင္သစ္အသင္းရဲ႕ လူစာရင္းကေန ႏုတ္ထြက္ခဲ႔ၾကပါတယ္။

PSG – PSG ေနာက္ခံအစြန္လူ ဒန္နီအဲလ္ဗတ္စ္ Dani Alves ဟာ ကစားသမားဘ၀ ကေန အနားမယူခင္ ပရီးမီးယားလိဂ္မွာ ကစားဖို႔ အစီအစဥ္ရိွတယ္လို႔ ေျပာၾကားခဲ႔ပါတယ္။

အာဆင္နယ္ – အာဆင္နယ္လူငယ္ကြင္းလယ္လူ Ben Cottrell ကို ေဒါ႔မြန္နဲ႔ မာေဆးလ္အသင္းေတြက ေခၚယူဖို႔ စိတ္၀င္စားေနၾကပါတယ္။

မန္စီးတီး – မန္စီးတီးကြင္းလယ္လူ ဒီဘ႐ိုင္းနား De Bruyne ဟာ သူရဲ႕ ဒူးဒဏ္ရာကေန ေစာစီးစြာ သက္သာလာဖို႔ ေမွ်ာ္လင္႔ေနပါတယ္။

Hazard

Hazard

ခ်ယ္လ္ဆီး – ခ်ယ္လ္ဆီး ေတာင္ပံတိုက္စစ္ကစားသမား ဟာဇက္ Hazard က အသင္းမွာေပ်ာ္ရႊင္ေနတယ္လို႔ သိရပါတယ္။ ဟာဇက္ ကို ေခၚယူဖို႔အတြက္ ရီးယဲလ္အသင္းဟာ ကာလရွည္ပစ္မွတ္ထားေနပါတယ္။

မန္ယူ – မန္ယူအသင္းဟာ ေတာင္ပံကစားသမား အက္ရွ္ေလယန္း Ashley Young နဲ႔ (၁)ႏွစ္ စာခ်ဳပ္သက္တမ္းတိုးဖို႔ ေဆြးေႏြးေနပါတယ္။

ရီးယဲလ္မက္ဒရစ္ – ရီးယဲလ္မက္ဒရစ္အသင္းရဲ႕ ကစားသမားေတြျဖစ္ၾကတဲ႔ ကက္စ္မဲ႐ိုး Casemiro ၊ နာခ်ိဳ Nacho တို႔ဟာ အသင္းရဲ႕ဒဏ္ရာစာရင္းထဲမွာပါ၀င္လာခဲ႔ျပီး သူတို႔ရဲ႕ေရွ႕မွာလည္း မာဆယ္လို Marcelo ၊ ကာဗာဟယ္လ္ Carvajal ၊ ဗာရာနီ Varane နဲ႔ ဗယ္လီဟို Vallejo တို႔ဟာလည္း ဒဏ္ရာျပႆနာေတြရိွေနၾကပါတယ္။

စပါးတပ္ေမာ္စကို – စပါးတပ္ေမာ္စကိုအသင္းဟာ အသင္းရဲ႕နည္းျပသစ္အျဖစ္ Oleg Kononov ကိုခန္႔အပ္ခဲ႔ပါတယ္။

Ref: BBC Sports , Ronaldo.com , Sportskeeda
Photo: Bleacher Report
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အင်္ဂါနေ့ ဘောလုံးသတင်းတိုများစုစည်းဖော်ပြမှု

မန်ယူ – မန်ယူကစားသမားတွေ ဖြစ်ကြတဲ့ ပေါ့ဘာ Pogba နဲ့ မာစီယဲလ် Martial တို့ဟာ ဒဏ်ရာပြဿနာကြောင့် ပြင်သစ်အသင်းရဲ့ လူစာရင်းကနေ နုတ်ထွက်ခဲ့ကြပါတယ်။

PSG – PSG နောက်ခံအစွန်လူ ဒန်နီအဲလ်ဗတ်စ် Dani Alves ဟာ ကစားသမားဘ၀ ကနေ အနားမယူခင် ပရီးမီးယားလိဂ်မှာ ကစားဖို့ အစီအစဉ်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ် – အာဆင်နယ်လူငယ်ကွင်းလယ်လူ Ben Cottrell ကို ဒေါ့မွန်နဲ့ မာဆေးလ်အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

မန်စီးတီး – မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းနား De Bruyne ဟာ သူရဲ့ ဒူးဒဏ်ရာကနေ စောစီးစွာ သက်သာလာဖို့ မျှော်လင့်နေပါတယ်။

Hazard

Hazard

ချယ်လ်ဆီး – ချယ်လ်ဆီး တောင်ပံတိုက်စစ်ကစားသမား ဟာဇက် Hazard က အသင်းမှာပျော်ရွှင်နေတယ်လို့ သိရပါတယ်။ ဟာဇက် ကို ခေါ်ယူဖို့အတွက် ရီးယဲလ်အသင်းဟာ ကာလရှည်ပစ်မှတ်ထားနေပါတယ်။

မန်ယူ – မန်ယူအသင်းဟာ တောင်ပံကစားသမား အက်ရှ်လေယန်း Ashley Young နဲ့ (၁)နှစ် စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးနေပါတယ်။

ရီးယဲလ်မက်ဒရစ် – ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ကစားသမားတွေဖြစ်ကြတဲ့ ကက်စ်မဲရိုး Casemiro ၊ နာချို Nacho တို့ဟာ အသင်းရဲ့ဒဏ်ရာစာရင်းထဲမှာပါဝင်လာခဲ့ပြီး သူတို့ရဲ့ရှေ့မှာလည်း မာဆယ်လို Marcelo ၊ ကာဗာဟယ်လ် Carvajal ၊ ဗာရာနီ Varane နဲ့ ဗယ်လီဟို Vallejo တို့ဟာလည်း ဒဏ်ရာပြဿနာတွေရှိနေကြပါတယ်။

စပါးတပ်မော်စကို – စပါးတပ်မော်စကိုအသင်းဟာ အသင်းရဲ့နည်းပြသစ်အဖြစ် Oleg Kononov ကိုခန့်အပ်ခဲ့ပါတယ်။

Ref: BBC Sports , Ronaldo.com , Sportskeeda
Photo: Bleacher Report
Ko Kyue(Akhayar)
www.akhayar.com