[Zawgyi]

အဂၤါေန႔ ေဘာလံုးသတင္းတိုမ်ားစုစည္းေဖာ္ျပမႈ

နယ္သာလန္ – ရီးယဲလ္ ၊ စပါးအသင္းေတြရဲ႕ နယ္သာလန္ကစားသမားေဟာင္း ဗန္ဒါဗတ္ Van der Vaart ဟာ ကစားသမားဘ၀ကေန အနားယူခဲ႔ပါတယ္။

အာဆင္နယ္ – အာဆင္နယ္ ဂႏၳ၀င္နည္းျပ အာစင္၀င္းဂါး Arsene Wenger ဟာ ေအစီမီလန္အသင္းနည္းျပရာထူးနဲ႔ ပတ္သက္ျပီး အသံေတြထြက္ေနပါတယ္။

၀က္စ္ဟမ္း – ၀က္စ္ဟမ္းေနာက္ခံလူ ဇာဘလက္တာ Zabaleta ဟာ အသင္းကေန ထြက္ခြာဖို႔ ရိွေနပါတယ္။

မန္စီးတီး – မန္စီးတီးေတာင္ပံ တိုက္စစ္ကစားသမား ဆာေနး Sane က မန္စီးတီးအသင္းဟာ သူ႔အတြက္မွန္ကန္တဲ႔ အသင္းျဖစ္ျပီး အသင္းမွာေပ်ာ္ရႊင္ေနပါတယ္ လို႔ ေျပာၾကားခဲ႔ပါတယ္။

Hazard

Hazard

ခ်ယ္လ္ဆီး – ခ်ယ္လ္ဆီးေတာင္ပံ တိုက္စစ္ကစားသမား ဟာဇက္ Hazard က သူ႔ရဲ႕ အနာဂတ္ကို ရာသီကုန္မွ ဆံုးျဖတ္မွာျဖစ္တယ္လို႔ ေသာ္ဂန္ဟာဇက္ Thorgen Hazard ကေျပာၾကားခဲ႔ပါတယ္။

ရီးယဲလ္မက္ဒရစ္ – ရီးယဲလ္မက္ဒရစ္ ကစားသမား ကာဗာဟယ္လ္ Carvajal က နည္းျပလိုပယ္တက္ဂီ Lopetegui ဟာ နည္းျပေကာင္းတစ္ဦးျဖစ္ျပီး အလုပ္ၾကိဳးစားသူျဖစ္ေပမယ္႔ ရီးယဲလ္မက္ဒရစ္အသင္းမွာေတာ႔ ကံမေကာင္းခဲ႔ပါဘူး လို႔ေျပာၾကားခဲ႔ပါတယ္။

မန္စီးတီး – မန္စီးတီးအသင္းဟာ လိုင္လီေတာင္ပံ ကစားသမား Pepe ကိုေခၚယူဖို႔ ေစာင္႔ၾကည္႔ေနပါတယ္။

ေဆာက္သမ္တန္ – ေဆာက္သမ္တန္အသင္းနည္းျပ မာ႔ခ္ဟုခ်္ Mark Hughes ဟာ လာမယ္႔ စေနေန႔မွာ ကစားမယ္႔ ၀က္ဖို႔ဒ္နဲ႔ပြဲမွာ အသင္းရလဒ္မေကာင္းခဲ႔ရင္ ရာထူးကေန ထုတ္ပယ္ခံရဖို႔ရိွေနျပီး သူ႔ရဲ႕ေနရာကို အစား၀င္ဖို႔အတြက္ ဆမ္အလာဒိြဳက္စ္ Sam Allardyce နဲ႔ ေဒးဗစ္မိြဳက္စ္ David Moyes တို႔ကေရပန္းစားေနၾကပါတယ္။

ဘင္ဖီကာ – မန္ယူနဲ႔ ဘာစီလိုနာအသင္းေတြဟာ ဘင္ဖီကာအသင္းရဲ႕ (၁၅)ႏွစ္အရြယ္လူငယ္ကြင္းလယ္လူ Ronaldo Camara ကိုေခၚယူဖို႔ စိတ္၀င္စားေနၾကပါတယ္။

Ref: BBC Sport , Ronaldo.com
Photo: Best World News
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အင်္ဂါနေ့ ဘောလုံးသတင်းတိုများစုစည်းဖော်ပြမှု

နယ်သာလန် – ရီးယဲလ် ၊ စပါးအသင်းတွေရဲ့ နယ်သာလန်ကစားသမားဟောင်း ဗန်ဒါဗတ် Van der Vaart ဟာ ကစားသမားဘဝကနေ အနားယူခဲ့ပါတယ်။

အာဆင်နယ် – အာဆင်နယ် ဂန္ထဝင်နည်းပြ အာစင်ဝင်းဂါး Arsene Wenger ဟာ အေစီမီလန်အသင်းနည်းပြရာထူးနဲ့ ပတ်သက်ပြီး အသံတွေထွက်နေပါတယ်။

ဝက်စ်ဟမ်း – ဝက်စ်ဟမ်းနောက်ခံလူ ဇာဘလက်တာ Zabaleta ဟာ အသင်းကနေ ထွက်ခွာဖို့ ရှိနေပါတယ်။

မန်စီးတီး – မန်စီးတီးတောင်ပံ တိုက်စစ်ကစားသမား ဆာနေး Sane က မန်စီးတီးအသင်းဟာ သူ့အတွက်မှန်ကန်တဲ့ အသင်းဖြစ်ပြီး အသင်းမှာပျော်ရွှင်နေပါတယ် လို့ ပြောကြားခဲ့ပါတယ်။

Hazard

Hazard

ချယ်လ်ဆီး – ချယ်လ်ဆီးတောင်ပံ တိုက်စစ်ကစားသမား ဟာဇက် Hazard က သူ့ရဲ့ အနာဂတ်ကို ရာသီကုန်မှ ဆုံးဖြတ်မှာဖြစ်တယ်လို့ သော်ဂန်ဟာဇက် Thorgen Hazard ကပြောကြားခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ် – ရီးယဲလ်မက်ဒရစ် ကစားသမား ကာဗာဟယ်လ် Carvajal က နည်းပြလိုပယ်တက်ဂီ Lopetegui ဟာ နည်းပြကောင်းတစ်ဦးဖြစ်ပြီး အလုပ်ကြိုးစားသူဖြစ်ပေမယ့် ရီးယဲလ်မက်ဒရစ်အသင်းမှာတော့ ကံမကောင်းခဲ့ပါဘူး လို့ပြောကြားခဲ့ပါတယ်။

မန်စီးတီး – မန်စီးတီးအသင်းဟာ လိုင်လီတောင်ပံ ကစားသမား Pepe ကိုခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။

ဆောက်သမ်တန် – ဆောက်သမ်တန်အသင်းနည်းပြ မာ့ခ်ဟုချ် Mark Hughes ဟာ လာမယ့် စနေနေ့မှာ ကစားမယ့် ဝက်ဖို့ဒ်နဲ့ပွဲမှာ အသင်းရလဒ်မကောင်းခဲ့ရင် ရာထူးကနေ ထုတ်ပယ်ခံရဖို့ရှိနေပြီး သူ့ရဲ့နေရာကို အစားဝင်ဖို့အတွက် ဆမ်အလာဒွိုက်စ် Sam Allardyce နဲ့ ဒေးဗစ်မွိုက်စ် David Moyes တို့ကရေပန်းစားနေကြပါတယ်။

ဘင်ဖီကာ – မန်ယူနဲ့ ဘာစီလိုနာအသင်းတွေဟာ ဘင်ဖီကာအသင်းရဲ့ (၁၅)နှစ်အရွယ်လူငယ်ကွင်းလယ်လူ Ronaldo Camara ကိုခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

Ref: BBC Sport , Ronaldo.com
Photo: Best World News
Ko Kyue(Akhayar)
www.akhayar.com