[Zawgyi]





Marcelo

Marcelo






Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အင်္ဂါနေ့ ဘောလုံးသတင်းတိုများစုစည်းဖော်ပြမှု

ရီးယဲလ်မက်ဒရစ် – လက်ရှိ ရီးယဲလ်မက်ဒရစ်အသင်းနည်းပြလိုပယ်တက်ဂီ Lopetegui ရာထူးကနေ ထုတ်ပယ်ခံရရင် ချယ်လ်ဆီးနည်းပြဟောင်းကွန်တီ Conte ဟာ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြသစ်ဖြစ်လာဖို့ တစ်ပြေးနေပါတယ်။

အင်တာမီလန် – အင်တာမီလန်အသင်း နောက်ခံလူ Skriniar ကိုခေါ်ယူဖို့ မန်ယူနဲ့ မန်စီးတီးအသင်းတွေက ချိတ်ဆက်နေကြပါတယ်။

ချယ်လ်ဆီး – ချယ်လ်ဆီးအသင်းဟာ ဂျီနိုအာတိုက်စစ်မှူး ပီယာတက် Piatek ကိုလာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာခေါ်ယူဖို့ စဉ်းစားနေပါတယ်။

Marcelo

Marcelo

ရီးယဲလ်မက်ဒရစ် – ရီးယဲလ်မက်ဒရစ်အသင်း နောက်ခံလူ မာဆယ်လို Marcelo ဟာ အသင်းဖော်ဟောင်း စီရော်နယ်လ်ဒို Cristiano Ronaldo နဲ့ ပြန်လည်ပေါင်းစည်းလိုနေတယ်လို့ သိရပါတယ်။

ချယ်လ်ဆီး – ချယ်လ်ဆီးအသင်း ကင်းထောက်တွေဟာ ပြီးခဲ့တဲ့ မီလန်ဒါဘီပွဲစဉ်မှာ အေစီမီလန်နောက်ခံလူ Romagnoli ရဲ့ ခြေစွမ်းကိုကြည့်ရှုခဲ့ကြပါတယ်။

ဘာစီလိုနာ – ဘာစီလိုနာအသင်းဟာ လာဇီယိုကွင်းလယ်လူ မီလင်ကိုဗစ် Milinkovic ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။

လီဗာပူးလ် – အာဖရိကနိုင်ငံအများစုကို တာဝန်ယူကိုင်တွယ်ခဲ့ပြီး လက်ရှိတိုဂိုအသင်းနည်းပြ ပြင်သစ်လူမျိုး Le Roy က လီဗာပူးလ်တိုက်စစ်ကစားသမား မာနေ Mane ဟာ ရီးယဲလ် ဒါမှမဟုတ် ဘာစီလိုနာအသင်းတွေမှာ ကစားနိုင်စွမ်းရှိပါတယ်လို့ ပြောကြားခဲ့ပါတယ်။

စပါးတပ်မော်စကို – စပါးတပ်မော်စကိုအသင်းဟာ နည်းပြ Massimo Carrera ကိုရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။

Ref: BBC Sports , Goal.com , Ronaldo.com
Photo: talkSPORT , Sport360
Ko Kyue(Akhayar)
www.akhayar.com