[Zawgyi]





Mourinho

Mourinho







Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အင်္ဂါနေ့ ဘောလုံးသတင်းတိုများစုစည်းဖော်ပြမှု

ဂျူဗင်တပ်စ် – ဂျူဗင်တပ်စ်အသင်း တိုက်စစ်မှူး စီရော်နယ်လ်ဒို Cristiano Ronaldo က သူရီးယဲလ်အသင်းကနေ ထွက်ခွာခဲ့ရခြင်းဟာ အသင်းဥက္ကဌ ပီရက်ဇ် Perez ရဲ့သူ့အပေါ်ဆက်ဆံပုံတွေကြောင့်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာ – ဘာစီလိုနာလူငယ်တိုက်စစ်ကစားသမား ဒမ်ဘီလီ Dembele ကို ခေါ်ယူဖို့အတွက် ချယ်လ်ဆီး ၊ အာဆင်နယ်နဲ့ လီဗာပူးလ်အသင်းတွေက ချိတ်ဆက်နေကြပါတယ်။

ဂျူဗင်တပ်စ် – ဂျူဗင်တပ်စ်အသင်းဟာ စပါး ၊ မန်ယူအသင်းတို့ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ဖီအိုရင်တီးနား နောက်ခံလူ Nikola Milenkovic ကိုခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။

Mourinho

Mourinho

မန်ယူ – မန်ယူနည်းပြ မော်ရင်ဟို Mourinho ဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ပေါင်သန်း(၁၀၀)ကျော် သုံးစွဲခွင့်ရမှာဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ် – ရီးယဲလ်မက်ဒရစ် နည်းပြသစ်ရာထူးအတွက် ကွန်တီ Conte ဟာအသံတွေထွက်နေပေမယ့် ရီးယဲလ်မက်ဒရစ်အသင်းကတော့ စပါးနည်းပြပိုချက်တီနို Pochettino ကိုသာ နည်းပြသစ်နေရာအတွက် မျက်စိကျနေပါတယ်။

လိုက်ပစ်ဇ် – လိုက်ပစ်ဇ်အသင်းဟာ အဲဗာတန်လူငယ်ကစားသမား Lookman ကိုခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။

အဲဗာတန် – ဂါလာတာစာရေးအသင်းမှာ အငှားနဲ့ကစားနေတဲ့ အဲဗာတန်တိုက်စစ်မှူး Henry Onyekuru ကို ဘိုင်ယန်မြူးနစ် ၊ PSG နဲ့ မာဆေးလ်အသင်းတွေကခေါ်ယူလိုနေပါတယ်။

စပါး – စပါးအသင်းဟာ အေဂျက်စ်ဂိုးသမား Onana ကိုခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။

မန်ယူ – အင်္ဂလန်ဂန္ထဝင်တိုက်စစ်မှူး အလန်ရှီးယား Alan Shearer က မန်ယူတိုက်စစ်မှူး ရပ်ရှ်ဖို့ဒ် Rashford ဟာ အထောင်တိုက်စစ်မှူးအဖြစ်သာ ကစားသင့်တယ်လို့ ထင်မြင်ချက်ပေးခဲ့ပါတယ်။

Ref: BBC Sport , Goal.com , Ronaldo.com
Photo: Automatic Blogging Automatic Blogging
Ko Kyue(Akhayar)
www.akhayar.com