[Zawgyi]






Harry-Kane

Harry-Kane





Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အင်္ဂါနေ့ ဘောလုံးသတင်းတိုများစုစည်းဖော်ပြမှု

ဒေါ့မွန် – ဒေါ့မွန်အသင်းမှာ ခြေစွမ်းပြနေတဲ့ အင်္ဂလန်လူငယ်ကစားသမား ဆန်ချို Sancho ကို ပရီးမီးယားလိဂ်ကလပ်အသင်း အများစုကခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

မန်ယူ – မန်ယူအသင်းနည်းပြ မော်ရင်ဟို Mourinho ဟာ အင်တာမီလန်အသင်းနောက်ခံလူ Skriniar နဲ့ အေစီမီလန်အသင်းနောက်ခံလူ Romagnoli တို့ကိုခေါ်ယူလိုနေပါတယ်။

အဲဗာတန် – အဲဗာတန်အသင်း တိုက်စစ်မှုး တိုဆန် Tosun ဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းဟောင်း ဘက်ဆစ်တက်အသင်းကို အငှားနဲ့ ပြန်လည်ပြောင်းရွှေ့ဖို့ရှိနေပါတယ်။

ဂျီနိုအာ – ဂျီနိုအာအသင်းမှာ ခြေစွမ်းပြကစားနေပြီး လက်ရှိအချိန်မှာ စီးရီးအေရဲ့ ဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာ ဦးဆောင်နေတဲ့ တိုက်စစ်မှုး Piatek ကို ဘာစီလိုနာ ၊ မန်စီးတီး ၊ စပါး နဲ့ လီဗာပူးလ်အသင်းတွေက ခေါ်ယူဖို့ စောင့်ကြည့်နေကြပါတယ်။

Harry-Kane

Harry-Kane

ရီးယဲလ်မက်ဒရစ် – ရီးယဲလ်မက်ဒရစ်အသင်းဟာ စပါးအသင်းတိုက်စစ်မှုး ဟယ်ရီကိန်း Harry Kane ကိုခေါ်ယူလိုနေပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်း အနေနဲ့ ဟယ်ရီကိန်း အတွက် ပေါင်သန်း(၂၀၀)လောက် အသုံးပြုရဖို့ ရှိနေပါတယ်။

ချယ်လ်ဆီး – ချယ်လ်ဆီးအသင်း တောင်ပံတိုက်စစ်ကစားသမား ဟာဇက် Hazard ဟာ ရီးယဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့က သူ့ရဲ့ အိပ်မက်တစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဟယ်ဆင်ဘော့ – ဆွီဒင်အသင်းနဲ့ ဟယ်ဆင်ဘော့ အသင်းတို့ရဲ့ ဝါရင့်နောက်ခံလူ Granqvist က မန်ယူအသင်းဟာ သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်လို့ ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာ – ဘာစီလိုနာကွင်းလယ်လူ ဗီဒယ်လ် Vidal ဟာအသင်းမှာ မပျော်ရွှင်ဘူးလို့သိရပါတယ်။ ဒါပေမဲ့ ဗီဒယ်လ်ဟာ နည်းပြ ဗယ်လ်ဗာဒီ Valverde နဲ့လည်း ဘာပြဿနာမှမရှိသူပါ။

Ref: BBC Sport , Goal.com , Sportskeeda
Photo: The Independent , Evening Standard
Ko Kyue(Akhayar)
www.akhayar.com