ဘိုင်ယန်မြူးနစ် – ဘိုင်ယန်မြူးနစ်အသင်းဟာ ဘာစီလိုနာကွင်းလယ်တိုက်စစ်ကစားသမား ကော်တင်ဟို Coutinho ကို အငှားနဲ့ခေါ်ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီအနေအထားဟာ ဘာစီလိုနာအသင်းနဲ့ ကော်တင်ဟို တို့အတွက် စိတ်ကျေနပ်စရာမရှိတဲ့ အခြေအနေတစ်ခုဖြစ်နေပါတယ်။ လက်ရှိမှာတော့ ဘိုင်ယန်မြူးနစ်အသင်းဟာ အင်တာမီလန်တောင်ပံကစားသမား ပါရီဆစ် Perišić ကိုခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။

ရီးယဲလ်မက်ဒရစ် – ရီးယဲလ်မက်ဒရစ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေထွက်နေတဲ့ အေဂျက်စ်လူငယ်ကွင်းလယ်လူ ဗန်ဒီဘိ Van de Beek ဟာ အေဂျက်စ်အသင်းမှာပဲ ဆက်ရှိနေမယ်လို့ အသံတွေပြန်ထွက်လာပါတယ်။ လက်ရှိမှတော့ာ ဗန်ဒီဘိ နဲ့ ပတ်သက်တဲ့ သတင်းတွေကလည်း မျိုးစုံကိုထွက်ပေါ်နေပါတယ်။

ဂျူဗင်တပ်စ် – ဂျူဗင်တပ်စ်အသင်းဟာ စပါးကွင်းလယ်လူ အဲရစ်ဆင် Eriksen ကို ခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဂျူဗင်တပ်စ်အသင်းဟာ ဒီရာသီမှာ စပါးအသင်းနဲ့ အဲရစ်ဆင် စာချုပ်သက်တမ်းကုန်ဆုံးတဲ့ အချိန်ထိစောင့်ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုတာဖြစ်ပါတယ်။

မန်စီးတီး – မန်စီးတီးနောက်ခံလူ မန်ဂါလာ Mangala ဟာ ဗလင်စီယာအသင်းကို (၂)နှစ် စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တယ်လို့ သိရပါတယ်။ မန်ဂါလာ ဟာ ဗလင်စီယာအသင်းမှာ ၂၀၁၆ – ၂၀၁၇ ဘောလုံးရာသီက အငှားနဲ့သွားကစားခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပါတယ်။

ဘီလ်ဘာအို – ဘီလ်ဘာအိုအသင်းတိုက်စစ်မှူး ၀ီလီယံစ် Inaki Williams ဟာ အသင်းနဲ့ (၉)နှစ်စာချုပ် သက်တမ်းတိုးခဲ့တယ်လို့ သိရပါတယ်။ စာချုပ်သစ်ကြောင့် ၀ီလီယံစ် ဟာ ဘီလ်ဘာအိုအသင်းမှာ ၂၀၂၈ ခုနှစ်အထိရှိနေမှာဖြစ်ပြီး စာချုပ်လျော်ကြေးကတော့ ပေါင်(၁၂၅)သန်းဖြစ်ပါတယ်။

လီဗာပူးလ် – လီဗာပူးလ်အသင်းတိုက်စစ်မှူးဟောင်း စတာရစ်ခ်ျ Sturridge ဟာ ကလပ်အသင်း(၁၃)သင်းရဲ့ကမ်းလှမ်းမှုကို စဉ်းစားနေပြီး ဒီတစ်ပတ်ထဲမှာ သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်ချက်ချသွားမှာဖြစ်တယ်လို့ သိရပါတယ်။ စတာရစ်ခ်ျ ကို ကမ်းလှမ်းထားတဲ့ အသင်းတွေထဲမှာ ဖီနာဘာချီအသင်းလည်း ပါဝင်နေပြီး တစ်ပတ်လုပ်ခပေါင်(၆၀၀၀၀)နဲ့ ကမ်းလှမ်းထားပါတယ်။

မိုနာကို – ဆီဗီလာအသင်းတိုက်စစ်မှူး ဘင်ယက်ဘ်ဒါ Ben Yedder ဟာ ပြောင်းရွှေ့ကြေးပေါင် (၃၇.၁)သန်းနဲ့ မိုနာကိုအသင်းဆီ ပြောင်းရွှေ့ဖို့ ရှိတယ်လို့ သိရပါတယ်။ လက်ရှိ အပြောင်းအရွှေ့ကာလမှာ ဘင်ယက်ဘ်ဒါ ဟာ မန်ယူအသင်းနဲ့လည်း အပြောင်းအရွှေ့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

ခရစ္စတယ်ပဲလေ့စ် – ခရစ္စတယ်ပဲလေ့စ် တောင်ပံတိုက်စစ်ကစားသမား တောင်ဆန် Townsend က ဇာဟာ Zaha အသင်းမှဆက်ရှိနေတာကြောင့် ကျေနပ်နေမိတယ်လို့ သိရပါတယ်။ ဇာဟာ ဟာအခုအပြောင်းအရွှေ့ကာလမှာ ခရစ္စတယ်ပဲလေ့စ်အသင်းကနေ ထွက်ခွာဖို့ နီးစပ်ခဲ့သူဖြစ်ပါတယ်။

မိုနာကို – မိုနာကိုအသင်းဟာ အဲဗာတန်တိုက်စစ်မှူး Onyekuru ကို (၅)နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့ပြီး ပြောင်းရွှေ့ကြေးကိုတော့ မဖော်ပြခဲ့ဘူးလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီကတော့ Onyekuru ဟာ ဂါလာတာစာရေးအသင်းမှာ အငှားနဲ့ သွားကစားခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပါတယ်။

Ref: BBC Sports , Goal.com , Ronaldo.com , Mirror
Photo: Metro
Ko Kyue(Akhayar)
www.akhayar.com