ချယ်လ်ဆီး – ချယ်လ်ဆီးအသင်းဟာ ရီးယဲလ်ကွင်းလယ်လူ ကိုဗာချစ် Kovacic ကို ပေါင်သန်း(၄၀)နဲ့ ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ ကိုဗာချစ် ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ချယ်လ်ဆီးအသင်းမှာ အငှားနဲ့လာကစားခဲ့သူဖြစ်ပြီး ယူရိုပါလိဂ်ချန်ပီယံဆုကို ရရှိအောင် ကူညီပေးခဲ့သလို လက်ရှိမှာတော့ အသင်းကို (၅)နှစ်စာချုပ်နဲ့ အပြီးသတ်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

မန်ယူ – မန်ယူအသင်းဟာ ကွင်းလယ်လူ ဖာနန်ဒက်စ် Fernandes ကို ခေါ်ယူဖို့ ပေါင်(၃၁)သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် စပို့တင်းလစ္စဘွန်းအသင်းက ပယ်ချခဲ့တယ်လို့ သိရပါတယ်။ ဖာနန်ဒက်စ် ဟာ မန်ယူအသင်း နောက်ထပ်ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ကစားသမားဖြစ်သလို ပြီးခဲ့တဲ့ ဘောလုံးရာသီက အသင်းအတွက် သွင်းဂိုး (၃၁)ဂိုးသွင်းယူပေးခဲ့ပါတယ်။

ဘာစီလိုနာ – ဘာစီလိုနာအသင်းဟာ အင်တာမီလန်တိုက်စစ်မှူး မာတီနက်ဇ် Martinez ကိုခေါ်ယူဖို့အတွက် စာချုပ်လျော်ကြေးပေါင်သန်း(၁၀၀)ကို ပေးဖို့ ဆန္ဒရှိနေပါတယ်။ မာတီနက်ဇ် ဟာ ၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းအတွက် ခြေစွမ်းပြကစားနေတာကြောင့် ဘာစီလိုနာအသင်းက ခေါ်ယူလိုနေတာဖြစ်ပါတယ်။

Dalian Yifang – နယူးကာဆယ်အသင်းကနေ ထွက်ခွာခဲ့ပြီဖြစ်တဲ့ နည်းပြဘင်နီတက်ဇ် Benitez ဟာ တရုတ်စူပါလိဂ်ကလပ် Dalian Yifang အသင်းရဲ့ နည်းပြသစ်ရာထူးအတွက် သဘောတူညီမှုရရှိခဲ့တယ်လို့ သိရပါတယ်။ Dalian Yifang အသင်းမှာ နည်းပြဘင်နီတက်ဇ် ဟာ တစ်နှစ်လုပ်ခပေါင်(၁၂)သန်းထိ ရရှိသွားမှာဖြစ်ပါတယ်။

အာဂျင်တီးနား – ဘရာဇီးလ်အသင်းနဲ့ ကစားမယ့် ကိုပါအမေရိကဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ တိုက်စစ်မှူး အဂွဲရိုး Aguero ဟာ ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်လာမှာဖြစ်တယ်လို့ နည်းပြ စကာလိုနီ Scaloni က ပြောကြားခဲ့ပါတယ်။အဂွဲရိုး ဟာ ၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲ အာဂျင်တီးနားအသင်းရဲ့ တိုက်စစ်မှာ ခြေစွမ်းပြကစားနေသူဖြစ်ပါတယ်။

ဆီဗီလာ – ဆီဗီလာအသင်းဟာ PSV တိုက်စစ်မှူး လုခ်ဒီယွန်း Luuk de Jong ကို ယူရို(၁၂.၅)သန်း ၊ (၄)နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ လုခ်ဒီယွန်း ဟာ PSV အသင်းမှာ (၅)ရာသီကြာ ကစားခဲ့ပြီး ခြေစွမ်းပြကစားနိုင်ခဲ့သလို အသင်းနဲ့အတူ နယ်သာလန်အမှတ်ပေးချန်ပီယံဆုကို (၃)ကြိမ်ထိရရှိခဲ့ပါတယ်။

Ref: BBC Sports , Sportskeeda
Photo: Kovacic Twitter
Ko Kyue(Akhayar)
www.akhayar.com