စပါး – စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်း Harry Kane ဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်အတွက် အသင့်ဖြစ်နေပြီလို့ သိရပါတယ်။ ဟယ်ရီကိန်း ဟာ ဒဏ်ရာပြဿနာကြောင့် ကာလအတန်ကြာအနားယူခဲ့ရပြီး စပါးအသင်းရဲ့ပွဲစဉ်တွေကို လွဲချော်ခဲ့ပေမယ့် လက်ရှိမှာတော့ လီဗာပူးလ်အသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်မှာ ပါဝင်လာဖို့ရှိနေပါတယ်။


ဂျူဗင်တပ်စ် – ဂျူဗင်တပ်စ်တိုက်စစ်ကစားသမား ဒီဘားလား Dybala ဟာ လာမယ့်ရာသီအသင်းမှာပဲ ဆက်နေဖို့ ဆန္ဒရှိတယ်လို့ အတည်ပြုခဲ့ပါတယ်။ လက်ရှိ အပြောင်းအရွှေ့ဈေးကွက်ထဲမှာတော့ ဒီဘားလား ဟာ မန်ယူအသင်းနဲ့ သတင်းတွေထွက်ပေါ်နေသူဖြစ်ပါတယ်။

အေစီမီလန် – အေစီမီလန်အသင်းနည်းပြ ဂတ်ဆူဆို Gattuso ဟာ အသင်းနဲ့ လမ်းခွဲခဲ့ပြီလို့ သိရပါတယ်။ ဂတ်ဆူဆို ဟာ ဒီရာသီတစ်လျှောက်လုံး ဖိအားတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး အေစီမီလန်အသင်းကလည်း ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့တာကြောင့် အခုလို အသင်းနဲ့ လမ်းခွဲခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာ – ဘာစီလိုနာအသင်းဟာ နည်းပြရာထူးကနေ ဗယ်လ်ဗာဒီ Valverde ထွက်ခွာသွားရင် ဘယ်လ်ဂျီယံအသင်းနည်းပြ မာတီနက်ဇ် Martinez နဲ့ အစားထိုးသွားဖို့ရှိတယ်လို့သိရပါတယ်။ မာတီနက်ဇ် ဟာ ဘာစီလိုနာအသင်းရဲ့ ပထမဦးစားပေးအဖြစ်ရှိနေပြီး နည်းပြလောကမှာ ထိုက်သင့်တဲ့ အောင်မြင်မှုတွေရရှိထားသူဖြစ်ပါတယ်။

ချယ်လ်ဆီး – ချယ်လ်ဆီးနည်းပြဆာရီ Sarri ဟာ ဂျူဗင်တပ်စ်အသင်းကို (၃)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ဖို့အတွက် သဘောတူညီမှုရရှိခဲ့ပြီလို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဆာရီ ဟာ ဂျူဗင်တပ်စ်အသင်းမှာ တစ်နှစ်လုပ်ခပေါင်(၆.၂)သန်းဝန်းကျင်ရရှိသွားဖို့ရှိနေပါတယ်။

Ref: BBC Sports , Goal.com , Daily Mail
Photo: The National , Sky Sports , Metro , BBC
Ko Kyue(Akhayar)
www.akhayar.com