စပါး – စပါးအသင်းဟာ ညာနောက်ခံလူ ထရစ်ပီယာ Trippier ကို လာမယ့်နွေမှာ ရောင်းချသွားဖို့ အသင့်ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ထရစ်ပီယာ ကိုခေါ်ယူဖို့အတွက် မန်ယူနဲ့ နာပိုလီအသင်းတွေက စိတ်ဝင်စားနေကြပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာတော့ ထရစ်ပီယာ ဟာ စပါးအသင်းအတွက် ပွဲပေါင်း(၃၃)ပွဲကစား (၁)ဂိုးသွင်းယူထားပါတယ်။

အေစီမီလန် – အေစီမီလန်အသင်းဟာ အဲဗာတန်အသင်းရဲ့ ဘရာဇီးလ်လူငယ် တိုက်စစ်မှူး ရစ်ချာလီဆင် Richarlison ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ရစ်ချာလီဆင် ဟာ ဒီနှစ်ဘောလုံးရာသီမှာ အဲဗာတန်အသင်းအတွက် ခြေစွမ်းပြကစားနေသူဖြစ်ပြီး လက်ရှိအချိန်ထိ သွင်းဂိုး(၁၄)ဂိုးသွင်းယူထားပါတယ်။

ချယ်လ်ဆီး – ချယ်လ်ဆီးအသင်းဟာ ဘာစီလိုနာ ကွင်းလယ်တိုက်စစ်ကစားသမား ကော်တင်ဟို Coutinho ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဟာဇက် Hazard ကို ဆုံးရှုံးရဖို့ရှိနေတာကြောင့် ကော်တင်ဟို ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်း ဥက္ကဌ ဘာတိုမြူ Bartomeu ကတော့ ကော်တင်ဟို ဟာ လာမယ့်ရာသီမှာ ဘာစီလိုနာအသင်းရဲ့ ကစားသမားအဖြစ် ရှိနေလိမ့်မယ်လို့ ပြောကြားခဲ့တာကြောင့် အခြေအနေတွေကတော့ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Brisbane Roar – A-League ကလပ်အသင်းတစ်သင်းဖြစ်တဲ့ Brisbane Roar အသင်းဟာ လီဗာပူးလ်ကစားသမားဟောင်း ရောင်ဘီဖောင်လာ Robbie Fowler ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။ ရောင်ဘီဖောင်လာ ဟာ ထိုင်းကလပ်မြောင်တောင်ယူနိုက်တက်အသင်းကို ၂၀၁၁ ခုနှစ်က ကစားသမား / နည်းပြအဖြစ်တာဝန်ယူဖူးသူဖြစ်ပါတယ်။

ချယ်လ်ဆီး – ချယ်လ်ဆီးအသင်းရဲ့ လူငယ်တောင်ပံတိုက်စစ်ကစားသမား အိုဒွိုင်းလ် Hudson-Odoi ဟာ ဘန်လေနဲ့ ပွဲမှာရရှိခဲ့တဲ့ ခြေဖနောင့် စုတ်ပြဲဒဏ်ရာကြောင့် ရာသီကုန်ထိအနားယူရတော့မှာဖြစ်တယ်လို့ သိရပါတယ်။ အိုဒွိုင်းလ် ဟာ ဒီနှစ်ဘောလုံးရာသီမှာ ထွန်းတောက်လာတဲ့ လူငယ်ကစားသမားတစ်ဦးဖြစ်ပြီး ချယ်လ်ဆီးအသင်းအတွက် လက်ရှိအချိန်ထိသွင်းဂိုး(၅)ဂိုးသွင်းယူထားပါတယ်။

Ref: BBC Sports , Goal.com , Sportskeeda
Photo: Sky News ,  Brisbane Roar Twitter , Evening Standard , FootballFanCast.com , Playing for 90
Ko Kyue(Akhayar)
www.akhayar.com