ချယ်လ်ဆီး – ချယ်လ်ဆီးအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဟာဇက် Hazard ဟာ စီရော်နယ်လ်ဒို Cristiano Ronaldo ရဲ့ ပရီးမီးယားလိဂ်သွင်းဂိုးအရေအတွက်ကို ကျော်ဖြတ်နိုင်ခဲ့ပြီလို့ သိရပါတယ်။ စီရော်နယ်လ်ဒို ဟာ မန်ယူအသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး(၈၄)ဂိုးသွင်းယူခဲ့ပြီး ဟာဇက် က ဒီအနေအထားကို သွင်းဂိုး(၈၅)ဂိုးနဲ့ ကျော်ဖြတ်ခဲ့တာပါ။ လက်ရှိမှာလည်း ဟာဇက် ဟာ ရီးယဲလ်အသင်းကို ပြောင်းရွှေ့ဖို့ သတင်းကြီးနေသူလည်းဖြစ်ပါတယ်။

မန်ယူ – မန်ယူအသင်းဟာ ၀က်စ်ဟမ်းအသင်းရဲ့ အင်္ဂလန်လူငယ်ကစားသမား ရိုက်စ် Declan Rice ကို လာမယ့်နွေမှာ ပေါင်သန်း(၅၀)နဲ့ ကမ်းလှမ်းသွားဖို့အတွက် အသင့်ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ရိုက်စ် ဟာ ဒီရာသီမှာ ထွန်းတောက်လာတဲ့ လူငယ်ကစားသမားတစ်ဦးဖြစ်ပြီး ကွင်းလယ်ခံစစ်နဲ့ ဗဟိုခံစစ်နေရာတွေမှာ ကစားနိုင်သူဖြစ်ပါတယ်။

အက်သလက်တီကို – အာဆင်နယ်အသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ အက်သလက်တီကိုအသင်းရဲ့ ကွင်းလယ်ခံစစ်ကစားသမား ပါတေး Partey က သူ့အနေနဲ့ အသင်းမှာပဲ ဆက်နေသွားဖို့ မျှော်လင့်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။ ပါတေး ဟာ ကြံခိုင်မှုအားကောင်းတဲ့ ကွင်းလယ်ခံစစ်ကစားသမားဖြစ်ပြီး ဒီနှစ်ဘောလုံးရာသီမှာတော့ အက်သလက်တီကိုအသင်းအတွက် (၃၅)ပွဲကစား (၃)ဂိုးသွင်းယူထားပါတယ်။

လက်စတာ – ဖီနာဘာချီအသင်းမှာ အငှားနဲ့ ကစားနေတဲ့ လက်စတာအသင်းရဲ့ တိုက်စစ်မှူး ဆလီမန်နီ Slimani ဟာ လာမယ့်နွေမှာ လက်စတာအသင်းကနေ ထွက်ခွာတော့မှာဖြစ်တယ်လို့ သိရပါတယ်။ လက်စတာအသင်းကို ဆလီမန်နီ ဟာ ကလပ်အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့ပေမယ့် ခြေစွမ်းပြဖို့ ရုန်းကန်နေရသူဖြစ်ပြီး လက်ရှိမှာတော့ ဖီနာဘာချီအသင်းအတွက် သွင်းဂိုး(၅)ဂိုးသွင်းယူပေးထားပါတယ်။

ဒေါ့မွန် – ဒေါ့မွန်အသင်းရဲ့ ဂျာမနီလူငယ်ကွင်းလယ်လူ ၀ိုင်ဂယ် Weigl ဟာ လာမယ့်နွေမှာ အသင်းကနေ ထွက်ခွာဖို့အတွက် ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ၀ိုင်ဂယ် ကို အလားအလာရှိတဲ့ လူငယ်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ထားကြပေမယ့် ဒီရာသီမှာတော့ ပွဲကစားခွင့်လျော့နည်းနေပြီး ပုံမှန်ပွဲထွက်ခွင့်ရဖို့ ခက်ခဲနေသူပဲဖြစ်ပါတယ်။

Ref: BBC Sports , Goal.com
Photo: Lattenkreuz , Fenerbahçe Haberleri – hellonews , Bleacher Report , Premier League
Ko Kyue(Akhayar)
www.akhayar.com