အင်္ဂလန် – မနက်ဖြန် မနက်အစောပိုင်းမှာ ယှဉ်ပြိုင်ကစားမယ့် ယူရို(၂၀၂၀)ခြေစစ်ပွဲ အင်္ဂလန် – ကိုဆိုဗိုပွဲမှာ တောင်ပံတိုက်စစ်ကစားသမား ဆန်ချို Sancho ဟာ ပွဲထွက်ပါဝင်လာဖို့ ရှိတယ်လို့ သိရပါတယ်။ ဆန်ချို ဟာ လက်ရှိအချိန်အထိတော့ အင်္ဂလန်အသင်းအတွက် (၇)ပွဲကစားပေးထားပါတယ်။

အင်တာမီလန် – အင်တာမီလန်အသင်းဟာ နောက်ခံလူ ရှကရီညာ Skriniar ကို လာမယ့် ဇန်န၀ါရီ အပြောင်းအရွှေ့ကာလမှာ ရောင်းချသွားမှာမဟုတ်ဘူးလို့ သိရပါတယ်။ လက်ရှိမှာတော့ ရှကရီညာ ကို ခေါ်ယူဖို့ မန်စီးတီးအသင်းက စိတ်ဝင်စားနေပါတယ်။

ဂျူဗင်တပ်စ် – ဂျူဗင်တပ်စ်အသင်းနည်းပြ ဆာရီ Sarri ဟာ ဒီနွေမှာ ဒေါက်ဂလက်စ်ကော်စတာ Douglas Costa ရဲ့ မန်ယူအသင်း အပြောင်းအရွှေ့ကို တားဆီးခဲ့တယ်လို့ သူ့ အေးဂျင့်က ဖွင့်ဟခဲ့ပါတယ်။ လက်ရှိမှာတော့ ဒေါက်ဂလက်စ်ကော်စတာ ဟာ ဂျူဗင်တပ်စ်အသင်းရဲ့ တောင်ပံတိုက်စစ်ပိုင်းမှာ ခြေစွမ်းပြနေပါတယ်။

ရိုးမား – ရိုးမားအသင်းရဲ့ ဂန္ထ၀င်ကစားသမား တော့တီ Totti က မစ်ခီတာရီယန် Mkhitaryan ဟာ အသင်းအတွက် အောင်မြင်မှုတွေကို ယူဆောင်ပေးမယ့်သူလို့ ယုံကြည်နေပါတယ်။ မစ်ခီတာရီယန် ဟာ အာဆင်နယ်အသင်းကနေ ရိုးမားအသင်းကို တစ်ရာသီအငှားနဲ့ လာကစားနေသူဖြစ်ပြီး အငှားကာလပြီးဆုံးရင် အာဆင်နယ်အသင်းကို ပြန်ဖို့ မသေချာသေးသူဖြစ်ပါတယ်။

မန်ယူ – မန်ယူညာနောက်ခံလူ ဒါလော့တ် Dalot ဟာ သူ့ရဲ့တင်ပါးဒဏ်ရာကို တရုတ်စူပါလိဂ်ကလပ် Shanghai SIPG အသင်းမှာ ကုသမှုခံယူနေတယ်လို့ သိရပါတယ်။ မန်ယူနည်းပြ ဆိုးလ်ရှား ကတော့ လက်စတာနဲ့ပွဲအမီ ဒါလော့တ် ဒဏ်ရာကနေ ပြန်လာဖို့ မျှော်လင့်နေပါတယ်။

ဂျူဗင်တပ်စ် – ဂျူဗင်တပ်စ်တိုက်စစ်ကစားသမား ဒီဘားလား Dybala ကို ခေါ်ယူဖို့အတွက် လာမယ့် ဇန်န၀ါရီ အပြောင်းအရွှေ့ကာလမှာ PSG နဲ့ စပါးအသင်းတွေက ပြိုင်ဆိုင်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဒီဘားလား ဟာ ဂျူဗင်တပ်စ်အသင်းမှာ ပုံမှန်ကစားခွင့်ပျောက်ဆုံးနေပါတယ်။

မန်ယူ – မန်ယူအသင်းဟာ ၀က်စ်ဟမ်းလူငယ်ကွင်းလယ်ခံစစ်ကစားသမား ရိုက်စ် Declan Rice ကို လာမယ့်ဇန်န၀ါရီ အပြောင်းအရွှေ့ကာလမှာ ပေါင်သန်း(၉၀)နဲ့ ကမ်းလှမ်းသွားဖို့ ရှိတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ရိုက်စ် ဟာ ကလပ် ၊ နိုင်ငံ (၂)သင်းလုံးမှာ ခြေစွမ်းပြနေသူဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ် – ရီးယဲလ်မက်ဒရစ်အသင်းဟာ ၀ုလ်ဗ်အသင်းဆီ အငှားချထားတဲ့ နောက်ခံလူ ဗယ်လ်လေဟို Vallejo ကို လာမယ့်နွေမှာ အပြီးသတ်ရောင်းချနိုင်တယ်လို့ သိရပါတယ်။ ဗယ်လ်လေဟို ဟာ လက်ရှိအချိန်အထိတော့ ၀ုလ်ဗ်အသင်းအတွက် လိဂ်ပွဲတစ်ပွဲမှာ မကစားထားရသေးပါဘူး။

လီဗာပူးလ် – လီဗာပူးလ်အသင်းဟာ ကွင်းလယ်လူ မီလ်နာ Milner ရဲ့ အေးဂျင့်နဲ့ စာချုပ်သစ်ကိစ္စဆွေးနွေးနေကြတယ်လို့ သိရပါတယ်။ မီလ်နာ ရဲ့လက်ရှိစာချုပ်ဟာ ဒီနှစ်ဘောလုံးရာသီကုန်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

မန်ယူ – မန်ယူဂိုးသမား ဒီဂီယာ De Gea ဟာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ လက်ရှိမှာတော့ ဂျူဗင်တပ်စ်အသင်းက ဒီဂီယာ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ယူရိုခြေစစ်ပွဲ – ဒီနေ့မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲတွေမှာတော့ မြောက်အိုင်ယာလန် ကို ဂျာမနီက ( ၀ – ၂ ) ၊ အက်စ်တိုးနီးယားကို နယ်သာလန် က ( ၀ – ၄ ) ၊ စကော့တလန် ကို ဘယ်လ်ဂျီယံ က ( ၀ – ၄ )နဲ့ အဝေးကွင်းတွေမှာ အသီးသီးအနိုင်ယူခဲ့ကြပါတယ်။

Ref: BBC Sports , Goal.com , Merto , Ronaldo.com
Photo: Medium
Ko Kyue(Akhayar)
www.akhayar.com