မန်ယူ – မန်ယူအသင်းကနေ အင်တာမီလန်အသင်းကို အငှားနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဆန်းချက်ဇ် Sanchez ဟာ မန်ယူအသင်းကို ပြောင်းရွှေ့လာခဲ့တာကို နောင်တမရမိပေမယ့် မန်ယူအသင်းမှာ အောင်မြင်ဖို့အတွက် လုံလောက်တဲ့ ပွဲကစားခွင့်ကိုတော့ မရခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။ အင်တာမီလန်အသင်းမှာတော့ ဆန်းချက်ဇ် ဟာ ကျောနံပါတ်(၇)ကို ၀တ်ဆင်ကစားသွားမှာဖြစ်ပါတယ်။

ပြင်သစ် – မန်ယူအသင်း ကွင်းလယ်လူ ပေါ့ဘာ Pogba ဟာ ဒဏ်ရာပြဿနာကြောင့် ပြင်သစ်အသင်းရဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲလူစာရင်းကနေ နုတ်ထွက်ခဲ့ပါတယ်။ ဒါကြောင့် ပြင်သစ်အသင်းစာ အာဆင်နယ်ကွင်းလယ်လူ ဂွမ်ဒိုဇီ Guendouzi ကို အစားထိုးရွေးချယ်ခဲ့ပြီး သူ့အတွက် နိုင်ငံလက်ရွေးစင်အသင်းမှာ ပထမဆုံးအကြိမ် ရွေးချယ်ခံရတာလည်း ဖြစ်ခဲ့ပါတယ်။

အမေရိကန် – အမေရိကန်အမျိုးသမီးလက်ရွေးစင်အသင်းဟာ နည်းပြ Jill Ellis ရဲ့နေရာမှာ အစားထိုးဖို့အတွက် အင်္ဂလန်အမျိုးသမီးအသင်းနည်းပြ ဖီးလ်နဗီးလ် Phil Neville ကို အဓိကပစ်မှတ်အနေနဲ့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ Jill Ellis ဟာ အမေရိကန်အမျိုးသမီးလက်ရွေးစင်အသင်းကို ၂၀၁၄ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်ထိ ကိုင်တွယ်ခဲ့ပြီး အမျိုးသမီးကမ္ဘာ့ဖလားချန်ပီယံဆုကို (၂)ကြိမ်ရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။

ဘာစီလိုနာ – ဘာစီလိုနာအသင်း ကစားသမား ရာဖင်ဟာ Rafinha ဟာ အသင်းနဲ့ တစ်နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆို အပြီးမှာ ဆယ်လ်တာဗီဂိုအသင်းကို တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ခဲ့တယ်လို့ သိရပါတယ်။ ဒီရာသီမှာတော့ ရာဖင်ဟာ ဘာစီလိုနာအသင်းအတွက် (၃)ပွဲကစားပေးခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

စပို့တင်းလစ္စဘွန်း – စပို့တင်းလစ္စဘွန်းအသင်းဟာ အဲဗာတန်တောင်ပံတိုက်စစ်ကစားသမား ဘိုလာဆီ Bolasie ကို တစ်ရာသီအငှားနဲ့ ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရာသီကလည်း ဘိုလာဆီ ဟာ အန်ဒါလက်ခ်ျနဲ့ ဗီလာအသင်းတွေမှာ အငှားနဲ့ သွားကစားခဲ့ရသူဖြစ်ပါတယ်။

ပါမီးရက်စ် – ပါမီးရက်စ်အသင်းဟာ နည်းပြစကိုလာရီ Scolari ကို ရာထူးကနေ ထုတ်ပယ်ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ကြိမ်နဲ့ဆို စကိုလာရီ ဟာ ပါမီးရက်စ်အသင်းကို ကိုင်တွယ်တာ (၃)ကြိမ်မြောက်ဖြစ်ပြီး အဲဒီအချိန်တွေအတွင်း ချန်ပီယံဆုတွေကို လည်း ရယူပေးထားသူဖြစ်ပါတယ်။

အေစီမီလန် – အေစီမီလန်အသင်းဟာ ဖရန့်ဖတ်အသင်းတိုက်စစ်မှူး ရီဘစ် Rebic ကို (၂)ရာသီအငှားနဲ့ ခေါ်ယူခဲ့ပြီး အေစီမီလန်အသင်းတိုက်စစ်မှူး အန်ဒရေဆေးဗားလ် Andre Silva ကတော့ ဖရန့်ဖတ်အသင်းကို တစ်ရာသီအငှားနဲ့ ပြန်လည်ပြောင်းရွှေ့ခဲ့ပါတယ်။ ဒီတိုက်စစ်မှူး (၂)ဦးလုံးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက အတိုင်းအတာတစ်ခုထိ ခြေစွမ်းပြနိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

အတ္တလန်တာ – အတ္တလန်တာအသင်းဟာ ဆီဗီလာနောက်ခံလူ ခါဂျာ Kjær ကို တစ်ရာသီအငှားနဲ့ ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီကတော့ ခါဂျာ ဟာ ဆီဗီလာအသင်းမှာ ခြေစွမ်းပြကစားနိုင်ခဲ့သူဖြစ်ပါတယ်။

စပို့တင်းလစ္စဘွန်း – PSG အသင်းတိုက်စစ်ကစားသမား ဟယ်ဆေးရိုဒရီဂွက်ဇ် Jese Rodriguez ဟာ စပို့တင်းလစ္စဘွန်းအသင်းကို တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ခဲ့တယ်လို့ သိရပါတယ်။ ဂျူဗင်တပ်စ်အသင်း တိုက်စစ်မှူး စီရော်နယ်လ်ဒို က စပို့တင်းလစ္စဘွန်းအသင်းကို ပြောင်းရွှေ့ဖို့ သူ့ကို တိုက်တွန်းခဲ့တယ်လို့ ဟယ်ဆေးရိုဒရီဂွက်ဇ် ကပြောကြားခဲ့ပါတယ်။

İstanbul Başakşehir – အတ္တလန်တာအသင်းနဲ့ (၂)ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့တဲ့ နောက်ခံလူ စကာတယ်လ် Skrtel ဟာ တူရကီကလပ် İstanbul Başakşehir အသင်းကိုပြောင်းရွှေ့ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ၂၀၁၉ နွေရာသီအပြောင်းအရွှေ့မှာ စကာတယ်လ် ဟာ ကလပ်အသင်း(၂)သင်းအထိ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

Ref: BBC Sports , Goal.com , Mirror
Photo: CNBC.com
Ko Kyue(Akhayar)
www.akhayar.com