[Zawgyi]




မန်ယူ – မန်ယူကစားသမားတွေ ဖြစ်ကြတဲ့ လင်ဂတ် Lingard ၊ အက်ရှ်လေယန်း Ashley Young နဲ့ ဟာရဲရား Herrera တို့ဟာ ဗလင်စီယာအသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်ကို ဒဏ်ရာပြဿနာကြောင့် လွဲခော်ျဖို့ရှိနေပါတယ်။

Zielinski

Zielinski






Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အင်္ဂါနေ့ ဘောလုံးသတင်းတိုများစုစည်းဖော်ပြမှု

ရီးယဲလ်မက်ဒရစ် – ရီးယဲလ်မက်ဒရစ်အသင်းဟာ အာဆင်နယ်ကွင်းလယ်လူ ရမ်ဆေး Ramsey ကိုခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ပါဝင်လာခဲ့ပါတယ်။

လာဇီယို – လာဇီယိုအသင်းဟာ အီမိုဘီလီ Immobile နဲ့ မီလင်ကိုဗစ် Milinkovic တို့ကို(၂၀၂၃)ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။

မန်ယူ – မန်ယူကစားသမားတွေ ဖြစ်ကြတဲ့ လင်ဂတ် Lingard ၊ အက်ရှ်လေယန်း Ashley Young နဲ့ ဟာရဲရား Herrera တို့ဟာ ဗလင်စီယာအသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်ကို ဒဏ်ရာပြဿနာကြောင့် လွဲခောျ်ဖို့ရှိနေပါတယ်။

Zielinski

Zielinski

အာဆင်နယ် – အာဆင်နယ်အသင်းဟာ နာပိုလီကွင်းလယ်လူ ဇီလင်စကီး Zielinski ကိုခေါ်ယူဖို့ မျက်စိကျနေပါတယ်။

ဂျူဗင်တပ်စ် – ဂျူဗင်တပ်စ်အသင်း ကစားသမားတွေဖြစ်ကြတဲ့ ချီလီနီ Chiellini နဲ့ ခါဒီရာ Khedira တို့ဟာ ယန်းဘွိုင်းစ်အသင်းနဲ့ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ ပါဝင်ဖို့မသေချာဘူးလို့ သိရပါတယ်။

ချယ်လ်ဆီး – ချယ်လ်ဆီးအသင်း ကွင်းလယ်လူ ဒရင့်ဝါတာ Drinkwater ဟာအသင်းကနေ အလောတကြီးထွက်ခွာမှာ မဟုတ်ဖူးလို့သိရပါတယ်။

ဝုလ်ဗ် – ဝုလ်ဗ်အသင်းဟာ အဘာဒင်းအသင်း နောက်ခံလူ Scott McKenna ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ပရီးမီးယားလိဂ် – ဒီနေ့ မနက်အစောပိုင်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘုန်းမောက်အသင်းက ပဲလေ့စ်အသင်းကို ( ၂ – ၁ )နဲ့ အနိုင်ရရှိခဲ့ပါတယ်။

Ref: BBC Sport , Bleacher Report Football , Goal.com , Ronaldo.com
Photo: clicklancashire.com , Il Napolista
Ko Kyue(Akhayar)
www.akhayar.com