မန်ယူ – မန်ယူကွင်းလယ်လူ ဟာရဲရား Herrera ဟာ PSG အသင်းကိုပြောင်းရွှေ့ဖို့အတွက် အကြိုစာချုပ် သဘောတူညီမှုရရှိခဲ့ပြီလို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဟာရဲရား ဟာ မန်ယူပရိသတ်တွေအကြိုက်ကစားသမားတစ်ဦးဖြစ်ပေမယ့် အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့အတွက် ကြန့်ကြာနေသူဖြစ်ပါတယ်။

အဲဗာတန် – အဲဗာတန်နောက်ခံလူ မိုက်ကယ်ကိန်း Michael Keane ကို ခေါ်ယူဖို့အတွက် စပါးနဲ့ အာဆင်နယ်အသင်းတွေက ချိတ်ဆက်နေတယ်လို့ သိရပြီး သူ့အတွက် ပေါင်သန်း(၅၀)လောက်သုံးစွဲရဖို့လည်းရှိနေပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာတော့ မိုက်ကယ်ကိန်း ဟာ အဲဗာတန်အသင်းအတွက် ပွဲပေါင်း(၃၀)ကစားထားပြီး (၁)ဂိုးသွင်းယူထားပါတယ်။

စပါး – စပါးအသင်းဟာ ဂျူဗင်တပ်စ်တောင်ပံကစားသမား ဒေါက်ဂလက်စ်ကော်စတာ Douglas Costa ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒေါက်ဂလက်စ်ကော်စတာ ဟာ ဒီနှစ်ဘောလုံးရာသီကုန်မှာ ဂျူဗင်တပ်စ်အသင်းကနေ ထွက်ခွာဖို့များနေသူဖြစ်ပြီး သူ့ကိုခေါ်ယူဖို့ အသင်းကြီးတချို့ကလည်း စိတ်ဝင်စားခဲ့ပါသေးတယ်။

ရီးယဲလ်မက်ဒရစ် – ရီးယဲလ်မက်ဒရစ်အသင်းဟာ အသင်းကနေ ထွက်ခွာဖို့ရှိနေတဲ့ နောက်ခံလူ ဗာရန်း Varane ရဲ့နေရာမှာ အစားထိုးဖို့အတွက် အက်သလက်တီကိုနောက်ခံလူ ဟီမီနက်ဇ် Gimenez ကို ပစ်မှတ်ထားနေပါတယ်။ ဟီမီနက်ဇ် ဟာ အက်သလက်တီကိုခံစစ်မှာ ခြေစွမ်းပြကစားနေသူဖြစ်ပြီး ဒီနှစ်ဘောလုံးရာသီမှာ အသင်းအတွက် လက်ရှိအချိန်ထိ ပွဲပေါင်း(၂၅)ပွဲကစား (၂)ဂိုးသွင်းယူထားပါတယ်။

အာဆင်နယ် – အာဆင်နယ်အသင်းဟာ ဘုန်းမောက်တောင်ပံကစားသမား ဖရေဆာ Fraser ကို လာမယ့်နွေမှာ ခေါ်ယူဖို့မျက်စိကျနေတယ်လို့ သိရပါတယ်။ အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်သူ ဖရေဆာ ဟာ ဘုန်းမောက်အသင်းအတွက် ခြေစွမ်းပြကစားနေသူဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာ ဖရေဆာ ဟာ ဘုန်းမောက်အသင်းအတွက် ပွဲပေါင်း(၃၅)ပွဲကစား (၇)ဂိုးသွင်းယူထားပါတယ်။

Ref: BBC Sports , Goal.com
Photo: The Times , Sunday Post , Footify
Ko Kyue(Akhayar)
www.akhayar.com