[Zawgyi]

PSG အသင္းနဲ႔အတူ တူဟယ္လ္ Tuchel ေလွ်ာက္လွမ္းရေတာ့မယ့္ ခ်န္ပီယံလိဂ္ခရီးၾကမ္း

သတင္းေတြထြက္ေနတဲ့အတုိင္းပဲ PSG အသင္းဟာ သူတို႔ရဲ႕ နည္းျပျဖစ္သူ အူႏုိင္းအမ္မရီ Unai Emery ေနရာမွာ ေဒါ့မြန္နည္းျပေဟာင္း တူဟယ္လ္ Tuchel ကုိ အစားထုိး ခန္႔အပ္လုိက္ပါၿပီ။ PSG အသင္းဟာ ဒီရာသီမွာ ျပည္တြင္းဆုဖလား အားလုံးရရွိခဲ့ေပမယ့္ အသင္းပုိင္ရွင္ေတြ လုိခ်င္ေနတဲ့ ခ်န္ပီယံလိဂ္ဖလားရည္မွန္း ခ်က္က မျပည့္၀ခဲ့ဘဲ ႐ႈံးထြက္(၁၆)သင္းအဆင့္က ထြက္ခဲ့ရတယ္။ ဒါေၾကာင့္ PSG အသင္း တာ၀န္ရွိသူေတြဟာ အူႏုိင္းအမ္မရီေနရာမွာ ဥေရာပရဲ႕ထိပ္တန္းအဆင့္ နည္းျပတစ္ဦးအျဖစ္ သတ္မွတ္ခံထားရတဲ့ တူဟယ္လ္ကုိ နည္းျပသစ္ခန္႔အပ္ခဲ့တာျဖစ္ၿပီး (၂)ႏွစ္ စာခ်ဳပ္ခ်ဳပ္ဆုိခဲ့တာပါ။

Tuchel-and-Aubameyang-Celebrate-with-DFB-Pokal-Cup

Tuchel-and-Aubameyang-Celebrate-with-DFB-Pokal-Cup

အသက္(၄၄)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ဂ်ာမန္လူမ်ိဳး တူဟယ္လ္ဟာ ေဒ့ါမြန္အသင္းကုိ ၂၀၁၅ ကေန ၂၀၁၇ ခုႏွစ္အထိ ကုိင္တြယ္ခဲ့ၿပီး ၂၀၁၆-၁၇ ရာသီမွာ ဂ်ာမန္ဖလားဆြတ္ခူးခဲ့သလုိ Highly Rated Manager တစ္ဦး အျဖစ္ သတ္မွတ္ခံထားရသူလည္းျဖစ္တယ္။ ေအာ့စ္ဘတ္ လူငယ္အသင္းနဲ႔ နည္းျပဘ၀စတင္ခဲ့ၿပီး ၂၀၀၇- ၂၀၀၈အထိ ကုိင္တြယ္အၿပီးမွာေတာ့ တူဟယ္လ္ရဲ႕အရည္အေသြးကုိ ဂ်ာမန္ထိပ္သီးအသင္းေတြက သတိျပဳမိခဲ့ၾကတယ္။ ၂၀၀၉ ခုႏွစ္မွာ မိန္႔ဇ္အသင္းကုိ ကုိင္တြယ္ခ့ဲၿပီး ခ်ဴပုိမုိတင္း Choupo-Moting(လက္ရွိစတုတ္စီးတီး)၊ ဂုိးသမားကာရီးယက္စ္ Karius (လက္ရွိ လီဗာပူးလ္)၊ အုိကာဇာကီ Okazaki (လက္ရွိ လက္စတာ) စတဲ့ ကစားသမားေတြဟာ တူဟယ္လ္ရဲ႕ ေျမေတာင္ေျမႇာက္ေပးမႈနဲ႔အတူ ထင္ရွားလာခဲ့ၾကတယ္။ ေဒ့ါမြန္ကုိ ကုိင္တြယ္ခဲ့တုန္းကလည္း ကတ္စထ႐ုိ Castro၊ ၀ုိင္ဂယ္လ္ Weigl၊ ဘာစီလုိနာကုိ ေရာက္သြားတဲ့ အူစမန္ဒမ္ဘီလီ Ousmane Dembélé စတဲ့ အရည္အေသြးျမင့္ကစားသမားေတြကုိ ေခၚယူၿပီး အသင္းကုိ ျပင္ဆင္ခဲ့သလုိ ထုိက္သင့္တဲ့ အဆင့္တစ္ခုေရာက္ေအာင္ ပုိ႔ေဆာင္ေပးခဲ့တယ္။ တူဟယ္လ္ရဲ႕ Philoso- phy က အာဆင္နယ္ဂႏၳ၀င္နည္းျပႀကီး အာဆင္၀င္းဂါး Arsene Wenger လုိပါပဲ။ ေငြနည္းနည္းပဲသုံးၿပီး အရည္အခ်င္းရွိတဲ့ကစားသမားေတြကုိ ေခၚယူတတ္သူျဖစ္တာေၾကာင့္ အာဆင္နယ္ အသင္းကလည္း ၀င္းဂါးရဲ႕ေနရာကုိ အစားထုိးဖုိ႔ တူဟယ္လ္ကုိ ပစ္မွတ္ထားခဲ့ပါေသးတယ္။ ဒါေပမဲ့ အခုအခ်ိန္မွာေတာ့ PSG အသင္းက အာဆင္နယ္အသငး္ထက္ လက္ဦးမႈရယူႏုိင္ခဲ့ပါၿပီ။

Dortmund-Former-Manager-Tuchel

Dortmund-Former-Manager-Tuchel

PSG အသင္းက တူဟယ္လ္ဟာ ‘စိတ္အားထက္သန္မႈ (Dynamic)၊ Attacking Football ကုိ ႏွစ္ၿခိဳက္သူ၊ ၿပီးျပည့္စုံတဲ့ နည္းျပတစ္ဦး’ အျဖစ္ တင္စားခ်ီးက်ဴးခဲ့တယ္။ ဒါေပမဲ့ PSG နည္းျပသစ္ တူဟယ္လ္အတြက္ စိန္ေခၚမႈေတြက အဆင္သင့္ေစာင့္ၾကိဳေနပါၿပီ။ အခုအခ်ိန္မွာ PSG အသင္းက တူဟယ္လ္ကုိ ရႊန္းရႊန္းေ၀ ေအာင္ ခ်ီးက်ဴးေနေပမယ့္လည္း တကယ္လုိ႔ သူတို႔ လုိခ်င္တဲ့ ခ်န္ပီယံလိဂ္ဖလားမရဘူးဆုိရင္ ဘယ္ နည္းျပကုိမွ အာမခံခ်က္ ေပးမွာ မဟုတ္ပါဘူး။ အီတလီ နာမည္ေက်ာ္နည္းျပႀကီး အန္ဆယ္ေလာ့တီ Ancelotti ေတာင္ ခ်န္ပီယံလိဂ္မရခဲ့လုိ႔ PSG က လမ္းခဲြခဲ့တာကုိပဲ ၾကည့္ပါ။ ေနာက္တစ္ခုက PSG အသင္းက နာမည္ေက်ာ္ကစားသမားေတြကုိ Unite ျဖစ္ေအာင္ တူဟယ္လ္ ဘယ္လုိထိန္းခ်ဳပ္မလဲ၊ သူတို႔ကုိ ဘယ္လုိ ကုိင္တြယ္သြားမလဲ။ ၿပီးခဲ့တဲ့ရာသီက ေနမာ Neymar နဲ႔ ကာဗာနီ Cavani တို႔ ပယ္နယ္တီလုကန္တဲ့ ျဖစ္ရပ္မ်ိဳး၊ နည္းျပေဟာင္း အူႏုိင္းအမ္မရီကုိ ကစားသမားေတြ ေလးစားမႈမရွိတဲ့ ျဖစ္ရပ္မ်ိဳး ေတြ ႀကံဳလာရင္ေရာ ဘယ္လုိေျဖရွင္းမလဲ။ အခုအခ်ိန္မွာေတာ့ တူဟယ္လ္အတြက္ Honeymoon ကာလပါပဲ။ လာမယ့္ရာသီက်ရင္ေတာ့ PSG အသင္းပုိင္ရွင္ေတြ လုိခ်င္ေနတဲ့ ခ်န္ပီယံလိဂ္ပန္းတိုင္ဆီ ေရာက္ဖုိ႔ ခရီးၾကမ္းကုိ တူဟယ္လ္ စတင္ေလွ်ာက္လွမ္းရေတာ့မွာပါ။

REF:Daily Mail
Photo:Sportbuzzer,Getty Images,Sports.de
Naing Linn(Akhayar)
www.akhayar.com

 

[Unicode]

PSG အသင်းနဲ့အတူ တူဟယ်လ် Tuchel လျှောက်လှမ်းရတော့မယ့် ချန်ပီယံလိဂ်ခရီးကြမ်း

သတင်းတွေထွက်နေတဲ့အတိုင်းပဲ PSG အသင်းဟာ သူတို့ရဲ့ နည်းပြဖြစ်သူ အူနိုင်းအမ်မရီ Unai Emery နေရာမှာ ဒေါ့မွန်နည်းပြဟောင်း တူဟယ်လ် Tuchel ကို အစားထိုး ခန့်အပ်လိုက်ပါပြီ။ PSG အသင်းဟာ ဒီရာသီမှာ ပြည်တွင်းဆုဖလား အားလုံးရရှိခဲ့ပေမယ့် အသင်းပိုင်ရှင်တွေ လိုချင်နေတဲ့ ချန်ပီယံလိဂ်ဖလားရည်မှန်း ချက်က မပြည့်ဝခဲ့ဘဲ ရှုံးထွက်(၁၆)သင်းအဆင့်က ထွက်ခဲ့ရတယ်။ ဒါကြောင့် PSG အသင်း တာဝန်ရှိသူတွေဟာ အူနိုင်းအမ်မရီနေရာမှာ ဥရောပရဲ့ထိပ်တန်းအဆင့် နည်းပြတစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ တူဟယ်လ်ကို နည်းပြသစ်ခန့်အပ်ခဲ့တာဖြစ်ပြီး (၂)နှစ် စာချုပ်ချုပ်ဆိုခဲ့တာပါ။

Tuchel-and-Aubameyang-Celebrate-with-DFB-Pokal-Cup

Tuchel-and-Aubameyang-Celebrate-with-DFB-Pokal-Cup

အသက်(၄၄)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျာမန်လူမျိုး တူဟယ်လ်ဟာ ဒေ့ါမွန်အသင်းကို ၂၀၁၅ ကနေ ၂၀၁၇ ခုနှစ်အထိ ကိုင်တွယ်ခဲ့ပြီး ၂၀၁၆-၁၇ ရာသီမှာ ဂျာမန်ဖလားဆွတ်ခူးခဲ့သလို Highly Rated Manager တစ်ဦး အဖြစ် သတ်မှတ်ခံထားရသူလည်းဖြစ်တယ်။ အော့စ်ဘတ် လူငယ်အသင်းနဲ့ နည်းပြဘဝစတင်ခဲ့ပြီး ၂၀၀၇- ၂၀၀၈အထိ ကိုင်တွယ်အပြီးမှာတော့ တူဟယ်လ်ရဲ့အရည်အသွေးကို ဂျာမန်ထိပ်သီးအသင်းတွေက သတိပြုမိခဲ့ကြတယ်။ ၂၀၀၉ ခုနှစ်မှာ မိန့်ဇ်အသင်းကို ကိုင်တွယ်ခဲ့ပြီး ချူပိုမိုတင်း Choupo-Moting(လက်ရှိစတုတ်စီးတီး)၊ ဂိုးသမားကာရီးယက်စ် Karius (လက်ရှိ လီဗာပူးလ်)၊ အိုကာဇာကီ Okazaki (လက်ရှိ လက်စတာ) စတဲ့ ကစားသမားတွေဟာ တူဟယ်လ်ရဲ့ မြေတောင်မြှောက်ပေးမှုနဲ့အတူ ထင်ရှားလာခဲ့ကြတယ်။ ဒေ့ါမွန်ကို ကိုင်တွယ်ခဲ့တုန်းကလည်း ကတ်စထရို Castro၊ ဝိုင်ဂယ်လ် Weigl၊ ဘာစီလိုနာကို ရောက်သွားတဲ့ အူစမန်ဒမ်ဘီလီ Ousmane Dembélé စတဲ့ အရည်အသွေးမြင့်ကစားသမားတွေကို ခေါ်ယူပြီး အသင်းကို ပြင်ဆင်ခဲ့သလို ထိုက်သင့်တဲ့ အဆင့်တစ်ခုရောက်အောင် ပို့ဆောင်ပေးခဲ့တယ်။ တူဟယ်လ်ရဲ့ Philoso- phy က အာဆင်နယ်ဂန္ထဝင်နည်းပြကြီး အာဆင်ဝင်းဂါး Arsene Wenger လိုပါပဲ။ ငွေနည်းနည်းပဲသုံးပြီး အရည်အချင်းရှိတဲ့ကစားသမားတွေကို ခေါ်ယူတတ်သူဖြစ်တာကြောင့် အာဆင်နယ် အသင်းကလည်း ဝင်းဂါးရဲ့နေရာကို အစားထိုးဖို့ တူဟယ်လ်ကို ပစ်မှတ်ထားခဲ့ပါသေးတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ PSG အသင်းက အာဆင်နယ်အသင်းထက် လက်ဦးမှုရယူနိုင်ခဲ့ပါပြီ။

Dortmund-Former-Manager-Tuchel

Dortmund-Former-Manager-Tuchel

PSG အသင်းက တူဟယ်လ်ဟာ ‘စိတ်အားထက်သန်မှု (Dynamic)၊ Attacking Football ကို နှစ်ခြိုက်သူ၊ ပြီးပြည့်စုံတဲ့ နည်းပြတစ်ဦး’ အဖြစ် တင်စားချီးကျူးခဲ့တယ်။ ဒါပေမဲ့ PSG နည်းပြသစ် တူဟယ်လ်အတွက် စိန်ခေါ်မှုတွေက အဆင်သင့်စောင့်ကြိုနေပါပြီ။ အခုအချိန်မှာ PSG အသင်းက တူဟယ်လ်ကို ရွှန်းရွှန်းေ၀ အောင် ချီးကျူးနေပေမယ့်လည်း တကယ်လို့ သူတို့ လိုချင်တဲ့ ချန်ပီယံလိဂ်ဖလားမရဘူးဆိုရင် ဘယ် နည်းပြကိုမှ အာမခံချက် ပေးမှာ မဟုတ်ပါဘူး။ အီတလီ နာမည်ကျော်နည်းပြကြီး အန်ဆယ်လော့တီ Ancelotti တောင် ချန်ပီယံလိဂ်မရခဲ့လို့ PSG က လမ်းခွဲခဲ့တာကိုပဲ ကြည့်ပါ။ နောက်တစ်ခုက PSG အသင်းက နာမည်ကျော်ကစားသမားတွေကို Unite ဖြစ်အောင် တူဟယ်လ် ဘယ်လိုထိန်းချုပ်မလဲ၊ သူတို့ကို ဘယ်လို ကိုင်တွယ်သွားမလဲ။ ပြီးခဲ့တဲ့ရာသီက နေမာ Neymar နဲ့ ကာဗာနီ Cavani တို့ ပယ်နယ်တီလုကန်တဲ့ ဖြစ်ရပ်မျိုး၊ နည်းပြဟောင်း အူနိုင်းအမ်မရီကို ကစားသမားတွေ လေးစားမှုမရှိတဲ့ ဖြစ်ရပ်မျိုး တွေ ကြုံလာရင်ရော ဘယ်လိုဖြေရှင်းမလဲ။ အခုအချိန်မှာတော့ တူဟယ်လ်အတွက် Honeymoon ကာလပါပဲ။ လာမယ့်ရာသီကျရင်တော့ PSG အသင်းပိုင်ရှင်တွေ လိုချင်နေတဲ့ ချန်ပီယံလိဂ်ပန်းတိုင်ဆီ ရောက်ဖို့ ခရီးကြမ်းကို တူဟယ်လ် စတင်လျှောက်လှမ်းရတော့မှာပါ။

REF:Daily Mail
Photo:Sportbuzzer,Getty Images,Sports.de
Naing Linn(Akhayar)
www.akhayar.com