[Zawgyi]

အရသာရွိလြန္းလို႔ နာမည္ႀကီးေနတဲ့ တာေမြက Tu Tu ဆယ္လီသစ္သီးေရခဲေခ်ာင္း

ခုတေလာ လူတိုင္း တကူးတကလာဝယ္စားေနၾကတဲ့ ဆယ္လီေရခဲေခ်ာင္း စားဖူးၿပီလား?

၁၅၀၀၊ ၂၀၀၀ ေပးရံုနဲ႔ ရန္ကုန္က စားဖူးသမွ်ေရခဲေခ်ာင္းေတြထဲ အရသာအရွိဆံုးဆိုရမယ့္ Tu Tu ေရခဲေခ်ာင္း မစားဖူးေသးရင္ေတာ့ ေခတ္ေနာက္က်ၿပီပဲ။

ဒီေရခဲေခ်ာင္းေကာင္းခ်က္က စားၿပီးတာနဲ႔ က်န္တဲ့ေရခဲေခ်ာင္းအရသာေတြ ေမ့သြားေလာက္တဲ့ထိပဲ။ စားဖူးသူတိုင္း ထပ္မစားရမေနႏိုင္ဘူးလို႔ေတာင္ၾကားတယ္။

Tu Tu တဲ့။ တကယ့္အသီးအစစ္ေတြ၊ ဒိန္ခ်ဥ္အဆီအႏွစ္ေတြနဲ႔ ပ်စ္ႏွစ္ေနေအာင္ လုပ္ထားတဲ့ သဘာဝ သစ္သီးေရခဲေခ်ာင္းေလးေတြ။ ဒါေပမယ့္ ႐ိုး႐ိုးေရခဲေခ်ာင္းေတြနဲ႔ မတူတာက ကေလးေတြတင္မက၊ လူႀကီးေတြပါ ႀကိဳက္ၾကတဲ့ထိ ေကာင္းသဗ်ား။

အေရာင္ေတြမပါဘူး။ ေဆးသၾကားဘာညာ အႏၲရာယ္ျဖစ္တာမပါဘူး။ သူ႕ေရခဲေခ်ာင္း တစ္ေခ်ာင္းစားလိုက္ၿပီးရင္ ေနာက္တစ္ေခ်ာင္းကေရာ ဘယ္လိုအရသာ၊ ဘယ္ေလာက္ေကာင္းမွာပါလိမ့္လို႔ စားၿပီးရင္း စားခ်င္ျဖစ္ရတဲ့ ေရခဲေခ်ာင္းပါပဲဗ်ာတို႔ေရ။

Tu Tu အေၾကာင္းေျပာျပရရင္ သူက မႏၲေလးက လာတာတဲ့။ ဒီရန္ကုန္မွာ တေလာတုန္းကေပၚတဲ့ Taiwan သစ္သီးေရခဲေခ်ာင္းလိုမ်ိဳး ဒါေပမယ့္ Tu Tu က မႏၲေလးမွာလုပ္ၿပီး မႏၲေလးမွာတစ္ဆိုင္ရယ္၊ တာေမြက တစ္ဆိုင္တည္းမွာပဲေရာင္းတာတဲ့။

သူ႔ေရခဲေခ်ာင္းက ဓါတုေဗဒေတြမပါတာရယ္၊ အရသာက လတ္ဆတ္ၿပီး စားလို႔သိပ္ေကာင္းတာရယ္၊ တကယ့္အသီးေတြထည့္ႀကိတ္ထားလို႔ ဝါးလိုက္တိုင္း အသီးဖတ္ေလးေတြပါဝါးမိတာေၾကာင့္နာမည္ႀကီးေနတာပါ။

အရသာ ေျပာရရင္ ၁၃ မ်ိဳးေတာင္ရွိတယ္။

နာနတ္၊ ဒူးရင္း၊ ပင္မွည့္၊ သီးစံု၊ စေတာ္ဘယ္ရီဒိန္ခ်ဥ္၊႐ိုး႐ိုးဒိန္ခ်ဥ္၊ စပ်စ္၊ ကီဝီ၊ ႏွမ္းမဲေကာက္ညႇင္း၊ ပဲနဲ႔ green tea၊ လိေမၼာ္ခြံနဲ႔ ဝတ္မႈန္ေရာလုပ္တဲ့ အျပာေရာင္ေလး၊ ဝါးျပာနဲ႔လုပ္တဲ့ အမဲေရာင္ေလး၊ ေခ်ာကလက္၊ သရက္၊ ေထာပတ္ ေတာ္ေတာ္အစံုအလင္ပဲ။

ေခ်ာကလက္ရယ္၊ ဝါးျပာနဲ႔လုပ္တဲ့အမဲေလးရယ္၊ ဝတ္မႈန္နဲ႔လုပ္တဲ့ အျပာေလးရယ္က တစ္ေခ်ာင္း ၂၀၀၀ ေပးရတယ္။ က်န္တဲ့အသီးေတြ ဒိန္ခ်ဥ္ေရခဲေခ်ာင္းေတြက ၁၅၀၀ တဲ့။

ဆိုင္မွာနာမည္ႀကီးတာက စေတာ္ဘယ္ရီဒိန္ခ်ဥ္ရယ္၊ မကၠဆီကိုေထာပတ္သီးရယ္၊ သီးစံုရယ္၊ ဒူးရင္းကေတာ့အစားမ်ားတယ္တဲ့။

စေတာ္ဘယ္ရီဒိန္ခ်ဥ္ဆို တကယ့္ဒိန္ခ်ဥ္ကိုမလိုင္ဖတ္ေတြရယ္၊ အသီးအစစ္ေတြနဲ႔ႀကိတ္ထားတာ ကိုယ္က ေခ်ာင္းဆိုးေနတဲ့ၾကားက စားခ်င္လြန္းလို႔စားမိတာေတာင္ တေခ်ာင္းကုန္တယ္ေခ်ာင္းမဆိုးဘူး။ ရင္မၾကပ္ဘူး။ မအီသြားဘူး။ လည္ေခ်ာင္းထဲ မခြ်ဲက်န္ေနခဲ့ဘူး။ ခ်ဥ္ခ်ဥ္ေလးနဲ႔ ေကာင္းလိုက္တာဆိုတာ။

ေခ်ာကလက္ကေတာ့ ေခ်ာကလက္အစစ္တံုးႀကီးကို အရည္ႀကိဳျပီး အေအးခံထားသလိုပဲ။ ခါးသက္ၿပီး ေမႊးေနတာပဲ။ ပ်စ္ပ်စ္ႏွစ္ႏွစ္အခဲႀကီး။

မကၠဆီကိုေထာပတ္ကေတာ့သူ႔ကိုစားၿပီးရင္ ေတာ္ရံုေထာပတ္သီးေရခဲေခ်ာင္းေတြမစားခ်င္ေတာ့ေလာက္ေအာင္ မိုက္တယ္။ အသီးအစစ္ေလးနဲ႔ စိမ့္ၿပီးေမႊးေနေရာ။

ေစ်းက သာမန္ေရခဲေခ်ာင္းေတြနဲ႔ ယွဥ္ရင္ ေစ်းမ်ားသလိုထင္ရတယ္ေနာ္။ ဒါေပမယ့္ တကယ္စားၾကည့္မွ တန္လြန္းလို႔ ထပ္ထပ္စားခ်င္စိတ္ေတာင္ ေပါက္တယ္ အဟုတ္။ ၁၅၀၀ ဆိုတာ မဆိုးဘူးေျပာရမယ္။

ေရခဲေခ်ာင္းကိုက္ရတာ အဆင္ေျပေအာင္လည္း စကၠဴပတ္ေလးေတြ ခံေပးထားေတာ့ စားရတာ ခ်စ္စရာနဲ႔ အထာလည္းက်တယ္။ ကိုယ္ေတာင္ ၃ေခ်ာင္းစား ၃ေခ်ာင္းစြဲမိသကြယ္။

နာမည္ႀကီးခ်က္ကေတာ့ Beauty Blogger ေနျခည္ဦးေတာင္ စားၿပီး ႀကိဳက္သြားလို႔ My Day မွာတင္ထားေသးတယ္။ ဒီေလာက္ဆို ဘယ္ေလာက္အားေပးၾကမ္းလဲသိလိုက္ေတာ့။

ဆိုင္ေလးက တာေမြ ၁၆၅လမ္း။ အမွတ္ ၃၆ ေျမညီထပ္က Cover Palace ဆိုတဲ့ဆိုင္ေလးမွာပဲ ရတာ။ မႏၲေလးကေန သယ္သယ္လာတယ္ေျပာတယ္။ မနက္ ၁၀ နာရီကေန ည ၈ နာရီထိရတယ္တဲ့။

ကဲ…ေရခဲေခ်ာင္းခ်စ္သူေတြ တာေမြေရာက္ရင္ Tu Tu ဆီတခါေလာက္မစားမျဖစ္ သြားစားၾကည့္ရင္ အခရာက ၫႊန္တာ မလြန္မွန္းသိလိမ့္မယ္။ သြားစားၾကည့္ဦးေနာ္။

ခ်စ္လွစြာေသာ

FoodieEi (အခရာ)

[Unicode]

အရသာရှိလွန်းလို့ နာမည်ကြီးနေတဲ့ တာမွေက Tu Tu ဆယ်လီသစ်သီးရေခဲချောင်း

ခုတလော လူတိုင်း တကူးတကလာဝယ်စားနေကြတဲ့ ဆယ်လီရေခဲချောင်း စားဖူးပြီလား?

၁၅၀၀၊ ၂၀၀၀ ပေးရုံနဲ့ ရန်ကုန်က စားဖူးသမျှရေခဲချောင်းတွေထဲ အရသာအရှိဆုံးဆိုရမယ့် Tu Tu ရေခဲချောင်း မစားဖူးသေးရင်တော့ ခေတ်နောက်ကျပြီပဲ။

ဒီရေခဲချောင်းကောင်းချက်က စားပြီးတာနဲ့ ကျန်တဲ့ရေခဲချောင်းအရသာတွေ မေ့သွားလောက်တဲ့ထိပဲ။ စားဖူးသူတိုင်း ထပ်မစားရမနေနိုင်ဘူးလို့တောင်ကြားတယ်။

Tu Tu တဲ့။ တကယ့်အသီးအစစ်တွေ၊ ဒိန်ချဉ်အဆီအနှစ်တွေနဲ့ ပျစ်နှစ်နေအောင် လုပ်ထားတဲ့ သဘာဝ သစ်သီးရေခဲချောင်းလေးတွေ။ ဒါပေမယ့် ရိုးရိုးရေခဲချောင်းတွေနဲ့ မတူတာက ကလေးတွေတင်မက၊ လူကြီးတွေပါ ကြိုက်ကြတဲ့ထိ ကောင်းသဗျား။

အရောင်တွေမပါဘူး။ ဆေးသကြားဘာညာ အန္တရာယ်ဖြစ်တာမပါဘူး။ သူ့ရေခဲချောင်း တစ်ချောင်းစားလိုက်ပြီးရင် နောက်တစ်ချောင်းကရော ဘယ်လိုအရသာ၊ ဘယ်လောက်ကောင်းမှာပါလိမ့်လို့ စားပြီးရင်း စားချင်ဖြစ်ရတဲ့ ရေခဲချောင်းပါပဲဗျာတို့ရေ။

Tu Tu အကြောင်းပြောပြရရင် သူက မန္တလေးက လာတာတဲ့။ ဒီရန်ကုန်မှာ တလောတုန်းကပေါ်တဲ့ Taiwan သစ်သီးရေခဲချောင်းလိုမျိုး ဒါပေမယ့် Tu Tu က မန္တလေးမှာလုပ်ပြီး မန္တလေးမှာတစ်ဆိုင်ရယ်၊ တာမွေက တစ်ဆိုင်တည်းမှာပဲရောင်းတာတဲ့။

သူ့ရေခဲချောင်းက ဓါတုဗေဒတွေမပါတာရယ်၊ အရသာက လတ်ဆတ်ပြီး စားလို့သိပ်ကောင်းတာရယ်၊ တကယ့်အသီးတွေထည့်ကြိတ်ထားလို့ ဝါးလိုက်တိုင်း အသီးဖတ်လေးတွေပါဝါးမိတာကြောင့်နာမည်ကြီးနေတာပါ

အရသာ ပြောရရင် ၁၃ မျိုးတောင်ရှိတယ်။

နာနတ်၊ ဒူးရင်း၊ ပင်မှည့်၊ သီးစုံ၊ စတော်ဘယ်ရီဒိန်ချဉ်၊ရိုးရိုးဒိန်ချဉ်၊ စပျစ်၊ ကီဝီ၊ နှမ်းမဲကောက်ညှင်း၊ ပဲနဲ့ green tea၊ လိမ္မော်ခွံနဲ့ ဝတ်မှုန်ရောလုပ်တဲ့ အပြာရောင်လေး၊ ဝါးပြာနဲ့လုပ်တဲ့ အမဲရောင်လေး၊ ချောကလက်၊ သရက်၊ ထောပတ် တော်တော်အစုံအလင်ပဲ။

ချောကလက်ရယ်၊ ဝါးပြာနဲ့လုပ်တဲ့အမဲလေးရယ်၊ ဝတ်မှုန်နဲ့လုပ်တဲ့ အပြာလေးရယ်က တစ်ချောင်း ၂၀၀၀ ပေးရတယ်။ ကျန်တဲ့အသီးတွေ ဒိန်ချဉ်ရေခဲချောင်းတွေက ၁၅၀၀ တဲ့။

ဆိုင်မှာနာမည်ကြီးတာက စတော်ဘယ်ရီဒိန်ချဉ်ရယ်၊ မက္ကဆီကိုထောပတ်သီးရယ်၊ သီးစုံရယ်၊ ဒူးရင်းကတော့အစားများတယ်တဲ့။

စတော်ဘယ်ရီဒိန်ချဉ်ဆို တကယ့်ဒိန်ချဉ်ကိုမလိုင်ဖတ်တွေရယ်၊ အသီးအစစ်တွေနဲ့ကြိတ်ထားတာ ကိုယ်က ချောင်းဆိုးနေတဲ့ကြားက စားချင်လွန်းလို့စားမိတာတောင် တချောင်းကုန်တယ်ချောင်းမဆိုးဘူး။ ရင်မကြပ်ဘူး။ မအီသွားဘူး။ လည်ချောင်းထဲ မချွဲကျန်နေခဲ့ဘူး။ ချဉ်ချဉ်လေးနဲ့ ကောင်းလိုက်တာဆိုတာ။

ချောကလက်ကတော့ ချောကလက်အစစ်တုံးကြီးကို အရည်ကြိုပြီး အအေးခံထားသလိုပဲ။ ခါးသက်ပြီး မွှေးနေတာပဲ။ ပျစ်ပျစ်နှစ်နှစ်အခဲကြီး။

မက္ကဆီကိုထောပတ်ကတော့သူ့ကိုစားပြီးရင် တော်ရုံထောပတ်သီးရေခဲချောင်းတွေမစားချင်တော့လောက်အောင် မိုက်တယ်။ အသီးအစစ်လေးနဲ့ စိမ့်ပြီးမွှေးနေရော။

ဈေးက သာမန်ရေခဲချောင်းတွေနဲ့ ယှဉ်ရင် ဈေးများသလိုထင်ရတယ်နော်။ ဒါပေမယ့် တကယ်စားကြည့်မှ တန်လွန်းလို့ ထပ်ထပ်စားချင်စိတ်တောင် ပေါက်တယ် အဟုတ်။ ၁၅၀၀ ဆိုတာ မဆိုးဘူးပြောရမယ်။

ရေခဲချောင်းကိုက်ရတာ အဆင်ပြေအောင်လည်း စက္ကူပတ်လေးတွေ ခံပေးထားတော့ စားရတာ ချစ်စရာနဲ့ အထာလည်းကျတယ်။ ကိုယ်တောင် ၃ချောင်းစား ၃ချောင်းစွဲမိသကွယ်။

နာမည်ကြီးချက်ကတော့ Beauty Blogger နေခြည်ဦးတောင် စားပြီး ကြိုက်သွားလို့ My Day မှာတင်ထားသေးတယ်။ ဒီလောက်ဆို ဘယ်လောက်အားပေးကြမ်းလဲသိလိုက်တော့။

ဆိုင်လေးက တာမွေ ၁၆၅လမ်း။ အမှတ် ၃၆ မြေညီထပ်က Cover Palace ဆိုတဲ့ဆိုင်လေးမှာပဲ ရတာ။ မန္တလေးကနေ သယ်သယ်လာတယ်ပြောတယ်။ မနက် ၁၀ နာရီကနေ ည ၈ နာရီထိရတယ်တဲ့။

ကဲ…ရေခဲချောင်းချစ်သူတွေ တာမွေရောက်ရင် Tu Tu ဆီတခါလောက်မစားမဖြစ် သွားစားကြည့်ရင် အခရာက ညွှန်တာ မလွန်မှန်းသိလိမ့်မယ်။ သွားစားကြည့်ဦးနော်။

ချစ်လှစွာသော

FoodieEi (အခရာ)