Taiwan Semiconductor Manufacturing Company ဒါမှမဟုတ် TSMC က အခုနောက်ပိုင်းမှာ Apple iPhone တွေအတွက် Chipset တွေကို အဓိကပြုလုပ်ပေးနေတဲ့ ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။ အခုအချိန်မှာတော့ TSMC က လာမယ့် 2020 iPhone တွေမှာပါဝင်လာမယ့် Chipset အကြောင်းကို အသေးစိတ်ထုတ်ပြလိုက်ပြီဖြစ်ပါတယ်။

TSMC

TSMC ရဲ့ ပြောကြားချက်အရ လာမယ့် ၂၀၂၀ ခုနှစ်မှာ iPhone တွေက လက်ရှိ 7nm Architecture ထက် အနည်းဆုံး ၁၅ ရာခိုင်နှုန်းပိုမိုမြန်ဆန်လာနိုင်တဲ့ 5nm Architecture အသုံးပြုထားတဲ့ A14 Chip တွေကို အသုံးပြုလာမှာဖြစ်ပါတယ်။ ဒါ့အပြင် Apple ဟာ ပထမဆုံးအနေနဲ့ 5nm Architecture Processor ကို အသုံးပြုလာမယ့် ကုမ္ပဏီလည်းဖြစ်လာတော့မှာပါ။

TSMC ကနေ အခုအချိန်မှာ 5nm A14 Chip တွေကို စမ်းသပ်ထုတ်လုပ်မှုအောင်မြင်သွားပြီဖြစ်ပြီးတော့ လာမယ့် ၂၀၂၀ ခုနှစ်မတိုင်ခင်မှာ ဒီ Chip တွေအများအပြားထုတ်လုပ်နိုင်အောင်လည်း ဒေါ်လာ ၂၅ ဘီလီယံအထိ ရင်းနှီးမြုပ်နှံသွားမယ်လို့ ပြော့ားခဲ့ပါတယ်။

Apple ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ထဲက A10 Fusion Chip နဲ့အတူ iPhone 7 ကနေ စတင်ပြီး Support ပြုလုပ်ပေးခဲ့တာ iPhone 8 ၊ iPhone 8 Plus နဲ့ iPhone X တွေမှာ A11 Bionic Chip နဲ့ iPhone XS ၊ XS Max နဲ့ iPhone XR ဖုန်းတွေမှာ A12 Bionic Chip တွေအထိ ဆက်တိုက်ထုတ်ပေးနေခဲ့တာဖြစ်ပါတယ်။

A12 Bionic

TSMC က အခုအချိန်မှာလည်း Apple ကို ဒီနှစ်အတွက် 7nm+ Architecture သုံးထားမယ့် A13 Chip ကို ထုတ်ပေးသွားမှာဖြစ်ပြီး အခုသတင်းအရ 5nm Architecture သုံးထားတဲ့ A14 Chip ကိုပါ ထုတ်ပေးသွားတော့မှာပါ။ ဘာပဲဖြစ်ဖြစ် Apple ရဲ့ Chip တွေက စွမ်းဆောင်ရည်ကောင်းမွန်တဲ့အတွက် ဒီလာမယ့် A14 Chip ကလည်း စွမ်းဆောင်ရည်ကောင်းမှာကို စိတ်ပူစရာမလိုပါဘူး။

တကယ်လို့ ကိုယ်သုံးနေတဲ့ iPhone တွေ၊ iDevice တွေနဲ့ ပတ်သတ်ပြီး Service ပိုင်းအကူအညီလိုအပ်တယ်ဆိုရင်လည်း iSure မှာ သွားရောက်ပြသနိုင်မှာပါ။

Ref : Mac Rumors