[Zawgyi]

သင္မသိေသးတဲ့ ေၾကာင္ေလးေတြရဲ႕ အေၾကာင္း ေျပာၾကမယ္

ေၾကာင္ေလးေတြက ခ်စ္စရာေကာင္းပါတယ္။ ပြတ္သီးပြတ္သပ္လည္း ေနတတ္သလို သခင္ေတြနဲ႔ အတူတူအိပ္၊ အတူတူစားလည္း ရွိပါတယ္။ ျမန္မာႏိုင္ငံမွာဆိုရင္လည္း သိၾကတဲ့အတိုင္း ေၾကာင္ခ်စ္သူေတြ ပိုမ်ားမယ္ ထင္တာပါပဲ။ ဘာေၾကာင့္လဲဆိုရင္ ေၾကာင္ေလးေတြက အလြယ္တကူရွာေဖြေတြ႕ ရွိႏိုင္တယ္။ ေမြးရလြယ္တယ္။ ဘယ္လိုအိမ္ပံုစံမ်ိဳး၊ သခင္ပံုစံမ်ိဳးနဲ႔မဆို သင့္ေတာ္တယ္။ ေနာက္ၿပီး ကရိကထလည္းမမ်ားတဲ့အတြက္ေၾကာင့္ ေခြးနဲ႔ ေၾကာင္နဲ႔ ယွဥ္ၾကည့္မယ္ဆိုရင္ေတာင္ ေၾကာင္ေတြကို ပိုၿပီး ေမြးၾကတာေပါ့။ ဒီေတာ့ သင္တို႔အိမ္က ခ်စ္ရတဲ့ ေၾကာင္ေလးေတြနဲ႔ ပတ္သက္ၿပီးေတာ့ေရာ ဘယ္ေလာက္သိထားၾကလဲ။ အခု စာေမးပြဲစစ္ပါေတာ့မယ္။

ေၾကာင္ေလးေတြက ႏြားႏို႔ႀကိဳက္တာ သင္သိပါသလား

ရုပ္ရွင္ေတြထဲမွာ သတိထားၾကည့္ရင္ ေတြ႕ ႏိုင္ပါတယ္ေနာ္။ ေၾကာင္ေလးေတြကို ႏြားႏို႔တိုက္တဲ့ ဇာတ္၀င္ခန္းေလးေတြ ပါတတ္ပါတယ္။ ဒါ ေလွ်ာက္တုိက္ေနတာေတာ့ မဟုတ္ပါဘူး။ တကယ္ပဲ ေၾကာင္ေလးေတြက ႏြားႏို႔ႀကိဳက္ပါတယ္။ ႏို႔နဲ႔ ႏို႔ထြက္အစားအေသာက္ေလးေတြကို နည္းနည္းဆီတိုက္ေကၽြးေနတာေလာက္ကေတာ့ ဖက္တီးပုပ္ေၾကာင္ႀကီးျဖစ္လာမွာကလြဲရင္ တျခားျပႆနာမရွိပါဘူး။

ေၾကာင္ေလးေတြရဲ႕ ပါးေမႊးေတြက သူတို႔ရဲ႕ အာရံုခံဆိုတာ သင္သိပါသလား

လူေတြေတာ္ေတာ္မ်ားမ်ား သိခ်င္ၾကတဲ့ ေပါက္ေပါက္ရွာရွာေမးခြန္းတစ္ခုရွိပါတယ္။ အဲဒါကေတာ့ “ေၾကာင္ေလးေတြရဲ႕ ပါးေမႊးကို ညွပ္ပစ္လုိက္ရင္ ဘာျဖစ္သြားမလဲ။”။ အေျဖက ႏိုးပါ။ ဘာမွေတာ့ မျဖစ္ပါဘူး။ ဒါေပမယ့္ အဲဒီ့အေမႊးေလးေတြဟာ ေၾကာင္ေတြရဲ႕ အာရံုခံမႈကို ထိန္းညွိေပးေနတဲ့အေမႊးေလးေတြပါ။ ပါးေမႊးဆိုတာထက္ ေထာက္လွမ္းျခင္းနဲ႔ အာရံုသိျမင္ခံစားျခင္းတို႔အတြက္ သံုးတဲ့ကိရိယာေလးပါ။

ေၾကာင္ေလးေတြ သတ္သတ္လြတ္စားလို႔မရဘူးဆိုတာ သင္သိပါသလား

သင္က ရာသက္ပန္သတ္သတ္လြတ္စားတဲ့သူတစ္ေယာက္ျဖစ္လို႔ သင့္ေၾကာင္ေလးကိုပါ သတ္သတ္လြတ္ လိုက္စားေစခ်င္တာလား။ မျဖစ္ႏုိင္ပါဘူးေနာ္။ ေၾကာင္ေလးေတြ က်န္းက်န္းမာမာအသက္ရွည္ရွည္ေနႏုိင္ဖို႔အတြက္ အသားကေနရရွိတဲ့ Taurine တို႔လို၊ Arachidonic Acid တို႔လို အာဟာရဓာတ္ေတြက အေရးပါပါတယ္။ ေနာက္ၿပီး သူတို႔အတြက္ Protein လံုလံုေလာက္ေလာက္ ေကၽြးေမြးထားႏုိင္ဖို႔လည္း လိုအပ္ပါေသးတယ္။ ဒါေၾကာင့္ သင္ စားတဲ့အရြက္ေတြ လိုက္ေကၽြးဖို႔ ဘယ္ေသာအခါမွ စိတ္မကူးလိုက္ပါနဲ႔။ မဟုတ္ရင္ေတာ့ သင့္ေၾကာင္ေလးေတြမွာ အေရျပားျပႆနာ၊ အၾကားအာရံုျပႆနာ၊ ႏွလံုးနဲ႔ အသည္းျပႆနာေတြပါ ျဖစ္လာႏိုင္ပါတယ္။

ေၾကာင္ေလးေတြဟာ တစ္ကိုယ္ရည္သမားေတြဆိုတာ သင္သိပါသလား

ေခြးေတြကသာ အေဖာ္အေပါင္းနဲ႔ ေနေလ့ရွိတာပါ။ ေၾကာင္ေတြၾကေတာ့ ဒီလိုမဟုတ္ျပန္ပါဘူး။ တစ္ကိုယ္တည္း ေနတတ္တာက သူတို႔သဘာ၀ပါပဲ။ သူတို႔ တစ္ေပြတည္း ေလွ်ာက္သြားမယ္။ ေလွ်ာက္စပ္စုမယ္။ ဒါေပမယ့္ ဘယ္သူနဲ႔မွေတာ့ ေ၀မွ်ေလ့မရွိပါဘူး။ ေပ်ာ္လည္း တစ္ေကာင္တည္း၊ နာလည္း တစ္ေကာင္တည္း။ အိမ္ဆူရင္ ေၾကာင္မေနဘူးဆိုတာ ဒါ့ေၾကာင့္ပဲ ေနမွာပါ။ သူတို႔က “တစ္ေကာင္တည္း ဒါေပမယ့္ ေၾကာင္” ဆိုတဲ့ေကာင္ဆိုးေလးေတြေပါ့။

ေၾကာင္ေလးေတြရဲ႕အေရာင္က သူတို႔ရဲ႕ အက်င့္စရိုက္ကို ေဖာ္ျပတာ သင္သိပါသလား

နည္းနည္းခ်စ္တတ္တဲ့ေကာင္ကို လိုခ်င္ရင္ လိေမၼာ္ေရာင္ေလးကို ေရြးေမြးပါ။ မင္းသမီးေလးလို ဖူးဖူးမႈတ္ထားခ်င္ရင္ေတာ့ ေရြးခ်ယ္ရမွာက အညိဳေရာင္ေလးပါ။ နည္းနည္း အဆိပ္ျပင္းတဲ့ေကာင္ေလးေတြကေတာ့ အနက္ေရာင္ေၾကာင္ေလးေတြပဲျဖစ္ပါတယ္။ ဒီလိုပဲ ေၾကာင္ေလးေတြရဲ႕ အေရာင္ေတြက သူတို႔ရဲ႕ အက်င့္စရိုက္ကို ေဖာ္ျပေနတာပါပဲ။

ေယဘုယ်အားျဖင့္ ေၾကာင္ေလးေတြရဲ႕ ထူးျခားခ်က္ကေတာ့ အခုေျပာျပသလိုပါပဲ။ သူတို႔ရဲ႕ အက်င့္စရိုက္ကိုက အားလံုး ၾကည့္လိုက္တာနဲ႔ ခပ္ေခ်ေခ်ပါပဲ။ ဒါေပမယ့္ ေခ်ေနတာေလးကို ခ်စ္ေနရေတာ့လည္း ေမြးေနရတုန္းေပါ့။ ဒီေတာ့ အိမ္မွာ ေၾကာင္ေလးေတြ ေမြးထားတယ္ဆိုရင္ေတာ့ ဒီေလာက္ကေတာ့ သိထားရမယ္ေနာ္။

Moethaesay (Akhayar)

www.akhayar.com

[Unicode]

သင်မသိသေးတဲ့ ကြောင်လေးတွေရဲ့ အကြောင်း ပြောကြမယ်

ကြောင်လေးတွေက ချစ်စရာကောင်းပါတယ်။ ပွတ်သီးပွတ်သပ်လည်း နေတတ်သလို သခင်တွေနဲ့ အတူတူအိပ်၊ အတူတူစားလည်း ရှိပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း သိကြတဲ့အတိုင်း ကြောင်ချစ်သူတွေ ပိုများမယ် ထင်တာပါပဲ။ ဘာကြောင့်လဲဆိုရင် ကြောင်လေးတွေက အလွယ်တကူရှာဖွေတွေ့ ရှိနိုင်တယ်။ မွေးရလွယ်တယ်။ ဘယ်လိုအိမ်ပုံစံမျိုး၊ သခင်ပုံစံမျိုးနဲ့မဆို သင့်တော်တယ်။ နောက်ပြီး ကရိကထလည်းမများတဲ့အတွက်ကြောင့် ခွေးနဲ့ ကြောင်နဲ့ ယှဉ်ကြည့်မယ်ဆိုရင်တောင် ကြောင်တွေကို ပိုပြီး မွေးကြတာပေါ့။ ဒီတော့ သင်တို့အိမ်က ချစ်ရတဲ့ ကြောင်လေးတွေနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လောက်သိထားကြလဲ။ အခု စာမေးပွဲစစ်ပါတော့မယ်။

ကြောင်လေးတွေက နွားနို့ကြိုက်တာ သင်သိပါသလား

ရုပ်ရှင်တွေထဲမှာ သတိထားကြည့်ရင် တွေ့ နိုင်ပါတယ်နော်။ ကြောင်လေးတွေကို နွားနို့တိုက်တဲ့ ဇာတ်ဝင်ခန်းလေးတွေ ပါတတ်ပါတယ်။ ဒါ လျှောက်တိုက်နေတာတော့ မဟုတ်ပါဘူး။ တကယ်ပဲ ကြောင်လေးတွေက နွားနို့ကြိုက်ပါတယ်။ နို့နဲ့ နို့ထွက်အစားအသောက်လေးတွေကို နည်းနည်းဆီတိုက်ကျွေးနေတာလောက်ကတော့ ဖက်တီးပုပ်ကြောင်ကြီးဖြစ်လာမှာကလွဲရင် တခြားပြဿနာမရှိပါဘူး။

ကြောင်လေးတွေရဲ့ ပါးမွှေးတွေက သူတို့ရဲ့ အာရုံခံဆိုတာ သင်သိပါသလား

လူတွေတော်တော်များများ သိချင်ကြတဲ့ ပေါက်ပေါက်ရှာရှာမေးခွန်းတစ်ခုရှိပါတယ်။ အဲဒါကတော့ “ကြောင်လေးတွေရဲ့ ပါးမွှေးကို ညှပ်ပစ်လိုက်ရင် ဘာဖြစ်သွားမလဲ။”။ အဖြေက နိုးပါ။ ဘာမှတော့ မဖြစ်ပါဘူး။ ဒါပေမယ့် အဲဒီ့အမွှေးလေးတွေဟာ ကြောင်တွေရဲ့ အာရုံခံမှုကို ထိန်းညှိပေးနေတဲ့အမွှေးလေးတွေပါ။ ပါးမွှေးဆိုတာထက် ထောက်လှမ်းခြင်းနဲ့ အာရုံသိမြင်ခံစားခြင်းတို့အတွက် သုံးတဲ့ကိရိယာလေးပါ။

ကြောင်လေးတွေ သတ်သတ်လွတ်စားလို့မရဘူးဆိုတာ သင်သိပါသလား

သင်က ရာသက်ပန်သတ်သတ်လွတ်စားတဲ့သူတစ်ယောက်ဖြစ်လို့ သင့်ကြောင်လေးကိုပါ သတ်သတ်လွတ် လိုက်စားစေချင်တာလား။ မဖြစ်နိုင်ပါဘူးနော်။ ကြောင်လေးတွေ ကျန်းကျန်းမာမာအသက်ရှည်ရှည်နေနိုင်ဖို့အတွက် အသားကနေရရှိတဲ့ Taurine တို့လို၊ Arachidonic Acid တို့လို အာဟာရဓာတ်တွေက အရေးပါပါတယ်။ နောက်ပြီး သူတို့အတွက် Protein လုံလုံလောက်လောက် ကျွေးမွေးထားနိုင်ဖို့လည်း လိုအပ်ပါသေးတယ်။ ဒါကြောင့် သင် စားတဲ့အရွက်တွေ လိုက်ကျွေးဖို့ ဘယ်သောအခါမှ စိတ်မကူးလိုက်ပါနဲ့။ မဟုတ်ရင်တော့ သင့်ကြောင်လေးတွေမှာ အရေပြားပြဿနာ၊ အကြားအာရုံပြဿနာ၊ နှလုံးနဲ့ အသည်းပြဿနာတွေပါ ဖြစ်လာနိုင်ပါတယ်။

ကြောင်လေးတွေဟာ တစ်ကိုယ်ရည်သမားတွေဆိုတာ သင်သိပါသလား

ခွေးတွေကသာ အဖော်အပေါင်းနဲ့ နေလေ့ရှိတာပါ။ ကြောင်တွေကြတော့ ဒီလိုမဟုတ်ပြန်ပါဘူး။ တစ်ကိုယ်တည်း နေတတ်တာက သူတို့သဘာဝပါပဲ။ သူတို့ တစ်ပွေတည်း လျှောက်သွားမယ်။ လျှောက်စပ်စုမယ်။ ဒါပေမယ့် ဘယ်သူနဲ့မှတော့ ဝေမျှလေ့မရှိပါဘူး။ ပျော်လည်း တစ်ကောင်တည်း၊ နာလည်း တစ်ကောင်တည်း။ အိမ်ဆူရင် ကြောင်မနေဘူးဆိုတာ ဒါ့ကြောင့်ပဲ နေမှာပါ။ သူတို့က “တစ်ကောင်တည်း ဒါပေမယ့် ကြောင်” ဆိုတဲ့ကောင်ဆိုးလေးတွေပေါ့။

ကြောင်လေးတွေရဲ့အရောင်က သူတို့ရဲ့ အကျင့်စရိုက်ကို ဖော်ပြတာ သင်သိပါသလား

နည်းနည်းချစ်တတ်တဲ့ကောင်ကို လိုချင်ရင် လိမ္မော်ရောင်လေးကို ရွေးမွေးပါ။ မင်းသမီးလေးလို ဖူးဖူးမှုတ်ထားချင်ရင်တော့ ရွေးချယ်ရမှာက အညိုရောင်လေးပါ။ နည်းနည်း အဆိပ်ပြင်းတဲ့ကောင်လေးတွေကတော့ အနက်ရောင်ကြောင်လေးတွေပဲဖြစ်ပါတယ်။ ဒီလိုပဲ ကြောင်လေးတွေရဲ့ အရောင်တွေက သူတို့ရဲ့ အကျင့်စရိုက်ကို ဖော်ပြနေတာပါပဲ။

ယေဘုယျအားဖြင့် ကြောင်လေးတွေရဲ့ ထူးခြားချက်ကတော့ အခုပြောပြသလိုပါပဲ။ သူတို့ရဲ့ အကျင့်စရိုက်ကိုက အားလုံး ကြည့်လိုက်တာနဲ့ ခပ်ချေချေပါပဲ။ ဒါပေမယ့် ချေနေတာလေးကို ချစ်နေရတော့လည်း မွေးနေရတုန်းပေါ့။ ဒီတော့ အိမ်မှာ ကြောင်လေးတွေ မွေးထားတယ်ဆိုရင်တော့ ဒီလောက်ကတော့ သိထားရမယ်နော်။

Moethaesay (Akhayar)

www.akhayar.com