[Zawgyi]

တ႐ုတ္တင္ပို႔မယ့္ ထုတ္ကုန္ေတြကို အခြန္ 10% ပိုေကာက္လိုက္တဲ့ Trump

သမၼတႀကီး Donal Trump ကေတာ့ တ႐ုတ္ႏိုင္ငံကို စီးပြားေရးအရ ပိတ္ဆို႔လို႔ရရင္ရ မရရင္ တနည္းနည္းနဲ႔ ထိုးႏွက္ဖို႔ ဉာဏ္ဆင္လာခဲ့တာ အခုဆိုရင္ တင္ပို႔ေနတဲ့ Product တခ်ိဳ႕ အခြန္ ၁၀ ရာခိုင္ႏႈန္း ထပ္တိုးေပးေဆာင္ဖို႔ သမၼတ႐ုံးကတဆင့္ ေၾကညာလိုက္ပါၿပီ။ ဒါဆိုရင္တ႐ုတ္ျပည္ေဈးကြက္ ဂယက္႐ိုက္သြားေအာင္၊ ဒုကၡေရာက္သြားေအာင္ တမင္ဂြင္ဆင္လိုက္တာနဲ႔ အတူတူပါပဲ။ တ႐ုတ္ႏိုင္ငံမွာလည္း လူႀကိဳက္အမ်ားဆုံး ထုတ္ကုန္က Apple ျဖစ္ေနတာဆိုေတာ့ ေၾကကြဲရၿပီေလ။ iPhone ဝယ္ဖို႔မေျပာနဲ႔ အတြင္းအစိတ္ပိုင္းတခုကအစ ပိုေဈးေျမာက္ၿပီေလ။

Apple Products

ဒါေတာင္ အရင္တစ္ပတ္က ၂၅ ရာခိုင္ႏႈန္းအထိ ေကာက္မယ္ေျပာထားလို႔ အေမရိက နည္းပညာကုမၸဏီေတြ မ်က္ခုံးလႈပ္ေနတာ၊ တစ္ႏွစ္ကို ေဒၚလာ ၂၀၀ ဘီလီယံ တန္ေၾကးရွိတဲ့ ထုတ္ကုန္ေတြ အခြန္ေပးၿပီး သြင္းေနရတာဆိုေတာ့ Apple ကအစ Trump အဆိုျပဳခ်က္ကို အေၾကာက္ကန္ ျငင္းတယ္ေလး။ အေမရိကမွာပဲ ထုတ္သြားမယ္ဆိုရင္ ဘာအခြန္မွ ေပးစရာမလိုဘူး ေျပာတာေတာင္ တ႐ုတ္ေဈးကြက္က Apple လုံးဝ စြန႔္မခြာခ်င္ဘူးေလ။ အာရွေဈးကြက္ရဲ႕ အခ်က္ခ်ာလဲျဖစ္ေနေတာ့ Dell နဲ႔ HP တို႔ မ်က္စိၾကေနတဲ့ ေနရာဆိုရင္ မမွားပါဘူး။ ဒီၾကားထဲ ကြန္ပ်ဴတာ Graphics နည္းပညာမွာ မေန႔တေန႔က ဆရာျဖစ္လာတဲ့ Nvidia ထုတ္ကုန္ RTX Graphics Card ေတြလည္း Tax 10% ေပးရမွာဆိုေတာ့ သတ္မွတ္ထားတဲ့ MSRP ထက္ ပိုမ်ား၊ ပိုေဈးႀကီးသြားၿပီေလး။

Sorry for Dell & HP Lovers

သမၼတကလည္း တကယ္ကို ပါးနပ္လြန္းတဲ့သူဗ်၊ လြန္ႀကိဳးနဲ႔ က်စ္သလား၊ ဘာႀကိဳးနဲ႔ က်စ္သလဲ မေျပာတတ္ေပမယ့္ Tax တိုးေကာက္တာခ်င္း အတူတူေတာင္ Voice Command သုံးလို႔ရတဲ့ ထုတ္ကုန္ေတြ ဥပမာ Apple Watch ၊ AirPods ၊ HomePod ၊ BeatsWL ၊ AirPort နဲ႔ Time Capsule ေတြ ထည့္မထားဘူး။ ဒါကို The Wall Street Journal သတင္းဌာန ေျပာၾကားလို႔ သိရတာပါ။ ဒါမယ့္ ဝမ္းနည္းစရာက Adapter ေတာင္ အခြန္ေပးရမွာမလို႔  “U.S ကုမၸဏီအမ်ားစု ဘယ္လို အခက္ခဲေတြနဲ႔ ရင္ဆိုင္လာရမလဲ မေျပာတတ္ပါဘူး၊ ႏွစ္ႏိုင္ငံအၾကား ဖလွယ္ေနတဲ့ နည္းပညာေလာက အခက္ေတြ႕လာႏိုင္ၿပီး ဂယက္ထသြားႏိုင္တယ္လို႔” Apple ညည္းတြားရပါၿပီ၊ သူ႔စားေပါက္ပိုၾကပ္သြားတာကိုး။

Not included in Trump’s Tariffs

သူ႔လိုပဲ အေမရိက နည္းပညာ ကုမၸဏီေတြ အေနၾကပ္၊ အခက္ေတြ႕သြားေအာင္ တ႐ုတ္ကို စီးပြားေရးအရ ထိုးႏွက္လိုက္တာဆိုေတာ့ “ဖုန္းေတြ၊ ကြန္ပ်ဴတာေတြပဲ ေဈးႀကီးလာမယ္၊ ျပင္ဖို႔ဆင္ဖို႔ ဒုကၡမ်ားလာမယ္ ဆိုတာထက္ ေဈးကြက္တခုလုံး အုံႂကြလာႏိုင္တယ္၊ ဘယ္လိုျဖစ္လာမလဲ မေျပာတတ္ေပမယ့္ အခြန္တိုးေကာက္လိုက္တာက တ႐ုတ္ျပည္တြင္း Marketing Plan ဆြဲၿပီး ထုတ္လုပ္ေနတဲ့ Manufacturing အစီစဥ္ေတြပါ ထိခိုက္လာႏိုင္တယ္လို႔” ကြၽမ္းက်င္ပညာရွင္ Rahul Bhagat က အခုလို သုံးသပ္ထားပါတယ္။

2B (Akhayar)
www.akhayar.com

[Unicode]

တရုတ်တင်ပို့မယ့် ထုတ်ကုန်တွေကို အခွန် 10% ပိုကောက်လိုက်တဲ့ Trump

သမ္မတကြီး Donal Trump ကတော့ တရုတ်နိုင်ငံကို စီးပွားရေးအရ ပိတ်ဆို့လို့ရရင်ရ မရရင် တနည်းနည်းနဲ့ ထိုးနှက်ဖို့ ဉာဏ်ဆင်လာခဲ့တာ အခုဆိုရင် တင်ပို့နေတဲ့ Product တချို့ အခွန် ၁၀ ရာခိုင်နှုန်း ထပ်တိုးပေးဆောင်ဖို့ သမ္မတရုံးကတဆင့် ကြေညာလိုက်ပါပြီ။ ဒါဆိုရင်တရုတ်ပြည်ဈေးကွက် ဂယက်ရိုက်သွားအောင်၊ ဒုက္ခရောက်သွားအောင် တမင်ဂွင်ဆင်လိုက်တာနဲ့ အတူတူပါပဲ။ တရုတ်နိုင်ငံမှာလည်း လူကြိုက်အများဆုံး ထုတ်ကုန်က Apple ဖြစ်နေတာဆိုတော့ ကြေကွဲရပြီလေ။ iPhone ဝယ်ဖို့မပြောနဲ့ အတွင်းအစိတ်ပိုင်းတခုကအစ ပိုဈေးမြောက်ပြီလေ။

Apple Products

ဒါတောင် အရင်တစ်ပတ်က ၂၅ ရာခိုင်နှုန်းအထိ ကောက်မယ်ပြောထားလို့ အမေရိက နည်းပညာကုမ္ပဏီတွေ မျက်ခုံးလှုပ်နေတာ၊ တစ်နှစ်ကို ဒေါ်လာ ၂၀၀ ဘီလီယံ တန်ကြေးရှိတဲ့ ထုတ်ကုန်တွေ အခွန်ပေးပြီး သွင်းနေရတာဆိုတော့ Apple ကအစ Trump အဆိုပြုချက်ကို အကြောက်ကန် ငြင်းတယ်လေး။ အမေရိကမှာပဲ ထုတ်သွားမယ်ဆိုရင် ဘာအခွန်မှ ပေးစရာမလိုဘူး ပြောတာတောင် တရုတ်ဈေးကွက်က Apple လုံးဝ စွန့်မခွာချင်ဘူးလေ။ အာရှဈေးကွက်ရဲ့ အချက်ချာလဲဖြစ်နေတော့ Dell နဲ့ HP တို့ မျက်စိကြနေတဲ့ နေရာဆိုရင် မမှားပါဘူး။ ဒီကြားထဲ ကွန်ပျူတာ Graphics နည်းပညာမှာ မနေ့တနေ့က ဆရာဖြစ်လာတဲ့ Nvidia ထုတ်ကုန် RTX Graphics Card တွေလည်း Tax 10% ပေးရမှာဆိုတော့ သတ်မှတ်ထားတဲ့ MSRP ထက် ပိုများ၊ ပိုဈေးကြီးသွားပြီလေး။

Sorry for Dell & HP Lovers

သမ္မတကလည်း တကယ်ကို ပါးနပ်လွန်းတဲ့သူဗျ၊ လွန်ကြိုးနဲ့ ကျစ်သလား၊ ဘာကြိုးနဲ့ ကျစ်သလဲ မပြောတတ်ပေမယ့် Tax တိုးကောက်တာချင်း အတူတူတောင် Voice Command သုံးလို့ရတဲ့ ထုတ်ကုန်တွေ ဥပမာ Apple Watch ၊ AirPods ၊ HomePod ၊ BeatsWL ၊ AirPort နဲ့ Time Capsule တွေ ထည့်မထားဘူး။ ဒါကို The Wall Street Journal သတင်းဌာန ပြောကြားလို့ သိရတာပါ။ ဒါမယ့် ဝမ်းနည်းစရာက Adapter တောင် အခွန်ပေးရမှာမလို့  “U.S ကုမ္ပဏီအများစု ဘယ်လို အခက်ခဲတွေနဲ့ ရင်ဆိုင်လာရမလဲ မပြောတတ်ပါဘူး၊ နှစ်နိုင်ငံအကြား ဖလှယ်နေတဲ့ နည်းပညာလောက အခက်တွေ့လာနိုင်ပြီး ဂယက်ထသွားနိုင်တယ်လို့” Apple ညည်းတွားရပါပြီ၊ သူ့စားပေါက်ပိုကြပ်သွားတာကိုး။

Not included in Trump’s Tariffs

သူ့လိုပဲ အမေရိက နည်းပညာ ကုမ္ပဏီတွေ အနေကြပ်၊ အခက်တွေ့သွားအောင် တရုတ်ကို စီးပွားရေးအရ ထိုးနှက်လိုက်တာဆိုတော့ “ဖုန်းတွေ၊ ကွန်ပျူတာတွေပဲ ဈေးကြီးလာမယ်၊ ပြင်ဖို့ဆင်ဖို့ ဒုက္ခများလာမယ် ဆိုတာထက် ဈေးကွက်တခုလုံး အုံကြွလာနိုင်တယ်၊ ဘယ်လိုဖြစ်လာမလဲ မပြောတတ်ပေမယ့် အခွန်တိုးကောက်လိုက်တာက တရုတ်ပြည်တွင်း Marketing Plan ဆွဲပြီး ထုတ်လုပ်နေတဲ့ Manufacturing အစီစဥ်တွေပါ ထိခိုက်လာနိုင်တယ်လို့” ကျွမ်းကျင်ပညာရှင် Rahul Bhagat က အခုလို သုံးသပ်ထားပါတယ်။

2B (Akhayar)
www.akhayar.com