Trump ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို Live ကြည့်ရှုနိုင်ပြီ

အမေရိကန်သမ္မတလောင်း Donald Trump ရဲ့ အမေရိကန်သမ္မတသစ်အဖြစ် သမိုင်းဝင် ကျမ်းသစ္စာကျိန်ဆိုပွဲကို ဝါရှင်တန်ဒီစီ စံတော်ချိန် မနက် ၁၀:၃၀  ၊  ဒီနေ့ည မြန်မာစံတော်ချိန် ၉နာရီခန့်မှာ စတင်ကျင်းပမှာ ဖြစ်ပါတယ်။ တိုက်ရိုက်ထုတ်လွှင့်မယ့် TV Channel တွေရှိသလို အွန်လိုင်းမီဒီယာလည်း တွေ ရှိလို့ Live ကြည့်ရှုချင်တယ်ဆိုရင်တော့ ပွဲအစီအစဉ် နဲ့ ကြည့်ရှုနိုင်မယ့် Website Link ကိုလည်း အခရာက ဖော်ပြပေးလိုက်ပါတယ်။

မြန်မာစံတော်ချိန် ည ၉: ၀၀   တရားဝင် ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနား ကို ကွန်ဂရက် ရဲ့ အပြင်ဘက် National Mall မှာ စတင်ကျင်းပမှာ ဖြစ်ပါတယ်။ ပွဲမတင်မီ ဖျော်ဖြေတင်ဆင်မှုတွေကိုလည်း ခန့်မှန်းခြေ လူပေါင်း ၈၅၀,၀၀၀  လောက်က ကြည့်ရှုခံစားကြရမှာပါ။

မြန်မာစံတော်ချိန် ည ၁၀:၀၀   ကွန်ဂရက်ကို အတူတကွ မသွားရောက်ခင်မှာ  ရွေးချယ်တင်မြှောက်ခံရတဲ့ သမ္မတလောင်းဟာ  တာဝန်လွှဲပြောင်းပေးမယ့် သမ္မတနဲ့ ပုံမှန်အစဉ်အလာအတိုင်း တွေ့ဆုံဖို့ အိမ်ဖြူတော်ကို လာမှာ ဖြစ်ပါတယ်
မြန်မာစံတော်ချိန် ည ၁၁ : ၀၀   US  တရားလွှတ်တော် တရားသူကြီးချုပ် John  Roberts ဟာ အခမ်းအနားကို တက်ရောက်ပြီး အဖွင့် အမှာစကား ပြောကြားမှာ ဖြစ်ပါတယ်။

မြန်မာစံတော်ချိန် ည ၁၁ : ၁၅ : ပြည်နည်အုပ်ချုပ်ရေးမှူး Mike Pence ဟာ ဒုတိယသမ္မတနေရာအတွက် တရားလွှတ်တော် တရားသူကြီး Clarence Thomas ရဲ့ ရှေ့မှောက်မှာ ကျမ်းသစ္စာကျိန်ဆိုမှာ ဖြစ်ပါတယ်။

မြန်မာစံတော်ချိန် ည ၁၁:၃၀   တရားသူကြီးချုပ် Justice Roberts ရဲ့ ရှေ့မှောက်မှာ Donald Trump ဟာ သမ္မတရာထူးအတွက် ကျမ်းသစ္စာကျိန်ဆိုမှာ ဖြစ်ပါတယ်။

မြန်မာစံတော်ချိန် ည ၁၁:၄၀  Donald Trump ဟာ သူ့ရဲ့ သမ္မတအဖြစ်နဲ့ ပထမဆုံး မိန့်ခွန်းကို ပြောကြားမှာ ဖြစ်ပြီး မိန့်ခွန်းပြောချိန် မိနစ် ၂၀ ခန့် ရှိမယ်လို့ မျှော်လင့်ရပါတယ်။

မြန်မာစံတော်ချိန် ၁၂:၃၀ : Capitol Building မှာ နေ့လည်စာစားပွဲနဲ့ တည်ခင်းဧည့်ခံမှာ ဖြစ်ပါတယ်။

မြန်မာစံတော်ချိန် ည ၂:၃၀ ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် စီတန်းလှည့်လည်နေတဲ့ လူအုပ်ကို သမ္မတ Trump နဲ့ ဒုတိယသမ္မတ Pence တို့က ဦးဆောင်ပြီး Capitol Building ကနေ အိမ်ဖြူတော်ကို သွားရောက်မှာ  ဖြစ်ပါတယ်။
ကြည့်ရှူနိုင်မယ့် လင့်ကတော့ >>>

The Inauguration of the 45th President of the United States

ဒီလင့်ကတော့ အိမ်ဖြူတော်ရဲ့ တရားဝင် စာမျက်နှာက လွှင့်ပေးတာ ဖြစ်ပြီး Countdown Timer ပါ ပါတဲ့အတွက် အလွယ်တကူ စောင့်ကြည့်နိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

 

ရိုးလူ (အခရာ)

www.akhayar.com

Ref : www.sbs.com.au
Photo Credit : www.13newsnow.com