[Zawgyi]

အေမရိကန္သမၼတထရမ့္ဟာ အာဖဂန္ႏိုင္ငံထဲမွာရွိတဲ့ အေမရိကန္တပ္ေတြကို ဆက္လက္ထားရွိဖုိ႔ ဆံုးျဖတ္လုိက္ၿပီး အေမရိကန္ႏိုင္ငံရဲ႕ အၾကာရွည္ဆံုးတိုက္ပဲြကို ဆက္လက္ဆင္ႏႊဲေစခဲ့ပါတယ္။

ဇန္န၀ါရီလထဲမွာျပဳလုပ္ခဲ့တဲ့ တီဗြီအစီအစဥ္တစ္ခုမွာကတည္းက သမၼတႀကီးဟာ အာဖဂန္နစၥတန္ကတိုက္ပြဲကို ႏိုင္ေအာင္တိုက္ခိုက္မယ္လုိ႔ ေျပာခဲ့ပါတယ္။ ပါကစၥတန္ႏိုင္ငံရဲ႕ နယ္စပ္မွာရွိတဲ့ အၾကမ္းဖက္သမားေတြကိုလည္း တိုက္ခိုက္ေခ်မႈန္းၿပီး ပါကစၥတန္ႏိုင္ငံအေပၚမွာလည္း ဖိအားေပးကာ အိႏိၵယႏိုင္ငံရဲ႕အကူအညီကိုလည္း ေတာင္းခံသြားမွာျဖစ္တယ္လုိ႔လည္း ေျပာဆိုခဲ့ပါတယ္။

သမၼတထရမ့္ဟာ အာဖဂန္ႏိုင္ငံထဲကို ေနာက္ထပ္ တပ္သား ၄၀၀၀ ခန္႔ကိုလည္း ထပ္ၿပီးေစလႊတ္ဖို႔ အသင့္စီစဥ္ထားၿပီးျဖစ္တယ္လို႔ အေစာပိုင္းအစီရင္ခံစာေတြအရသိရွိရၿပီး သမၼတကေတာ့ တပ္သားအေရအတြက္ တိတိက်က်ကို ထုတ္ေဖာ္ေျပာျပျခင္း မရွိခဲ့ပါဘူး။ ဒါေပမဲ႔ သူဟာ အာဖဂန္ႏိုင္ငံထဲမွာရွိတဲ့ တပ္သားေတြကို ဆက္လက္ထားရွိဖုိ႔ကိုေတာ့ ရွင္းရွင္းလင္းလင္း ထုတ္ျပန္ခဲ့ပါတယ္။ အေမရိကန္ႏိုင္ငံသားေတြဟာ ေအာင္ျမင္မႈမရတဲ့ စစ္ပြဲေတြကို ၿငီးေငြ႔ေနၿပီလုိ႔ သူကေျပာခဲ့ပါတယ္။

‘အၾကမ္းဖက္သမားေတြကေတာ့ အျပစ္မဲ့သူေတြကို ဆက္လက္ၿပီး သတ္ျဖတ္ေနဦးမွာပဲလို႔’ သူက ေျပာခဲ့ပါတယ္။သမၼတထရမ့္ဟာ ႏိုင္ငံေရးေလာကထဲမ၀င္ခင္က ပဋိပကၡဆိုတာ ႏိုင္ငံရဲ႕ဆံုးရႈံးမႈတစ္ရပ္ျဖစ္ေၾကာင္း အၿမဲေျပာေလ့ရွိခဲ့ၿပီး ႏိုင္ငံရပ္ျခားကို အေမရိကန္ႏိုင္ငံကတပ္သားေတြ ေစလႊတ္တာကုိ ဆန္႔က်င္တဲ့ ႏိုင္ငံျခားေရးရာမူ၀ါဒေတြကုိ ခ်ျပခဲ့ပါတယ္။ ဒါေပမယ့္ လြန္ခဲ့တဲ့သတင္းပတ္အနည္းငယ္တုန္းကေတာ့ အေမရိကန္စစ္တပ္အႀကီးအကဲေတြဟာ အာဖဂန္ႏိုင္ငံရဲ႕ ဆိုး၀ါးေနတဲ့လံုၿခံဳေရးေၾကာင့္ အေမရိကန္ရဲ႕အက်ဳိးအျမတ္ကို ထိခိုက္ေစတယ္ဆိုတာကို သတိေပးလုိက္ၿပီး ဘယ္လုိဆက္လုပ္ၾကမလဲဆိုတာကို အုပ္ခ်ဳပ္ေရးမွဴးခါင္းေဆာင္ပိုင္းေတြၾကားထဲမွာ အျငင္းပြားေနခဲ့ၾကပါတယ္။

သမၼတထရမ့္ရဲ႕ အေစာပိုင္းအႀကံအစည္ကေတာ့ တပ္ေတြကို ျပန္လည္ေခၚယူဖို႔ျဖစ္ေပမယ့္ အၾကမ္းဖက္သမားေတြရဲ႕ အႏၱရာယ္ကိုသိရွိခဲ့ၿပီး အာဖဂန္နစၥတန္ႏိုင္ငံနဲ႔ ပါကစၥတန္ႏိုင္ငံေတြမွာ ကမာၻေပၚကတျခားဘယ္ေဒသထက္မဆို ပိုၿပီး အၾကမ္းဖက္သမားေတြ မ်ားျပားပါတယ္လို႔ သူကေျပာခဲ့ပါတယ္။

အီရတ္ႏိုင္ငံထဲက အေမရိကကန္စစ္တပ္ေတြ ထြက္သြားၿပီးမၾကာခင္မွာပဲ အီရက္ႏိုင္ငံထဲမွာ Isis အဖြဲ႔၀င္ေတြ မ်ားျပားလာတဲ့အခ်က္ကို ေထာက္ျပရင္း “ကၽြန္ေတာ္တို႔ဟာ အီရတ္ႏိုင္ငံတုန္းကလုိ အမွားမ်ဳိးထပ္ၿပီး မလုပ္ႏိုင္ေတာ့ပါဘူး” လုိ႔ သမၼတ ထရမ့္က ေျပာခဲ့ပါတယ္။

ထရမ့္ရဲ႕ အုပ္ခ်ဳပ္မႈအဖြဲ႔၀င္ေတြျဖစ္တဲ့ ဒုသမၼတ Mike Pence နဲ႔ ကာကြယ္ေရးအတြင္း၀န္ James Mattis တို႔ဟာ စစ္တပ္ေတြမ်ားမ်ားေစလႊတ္ဖုိ႔နဲ႔ အိႏၵိယနဲ႔ ပါကစၥတန္လုိမ်ဳိးေဒသထဲက အင္အားႀကီးႏိုင္ငံေတြကို သံတမန္ေရးရာအရ ဖိအားေပးဖုိ႔ သမၼတကို တြန္းအားေပးေနခဲ့ၾကပါတယ္။ သမၼတထရမ့္ဟာ ပါကစၥတန္ႏိုင္ငံအေပၚမွာ ပိုမိုတင္းက်ပ္တဲ့ သံတမန္နည္းလမ္းေတြနဲ႔ ခ်ဥ္းကပ္ခဲ့ၿပီး အကယ္၍ ပါကစၥတန္ႏိုင္ငံဟာ အေမရိကန္တပ္သားေတြကို သူတို႔ႏိုင္ငံထဲမွာ လံုလံုၿခံဳၿခံဳေနႏိုင္ဖုိ႔အတြက္ ပူးေပါင္းေဆာင္ရြက္မႈေတြကို ပိုမိုၿပီးမလုပ္ေဆာင္ဘူးဆိုရင္ေတာ့ ပါကစၥတန္ႏိုင္ငံအေပၚေပးထားတဲ့ လံုၿခံဳေရးဆိုင္ရာ အကူအညီေတြကို ေလ်ာ့ခ်ႏိုင္တယ္လုိ႔ အေမရိကန္ႏိုင္ငံရဲ႕ အႀကီးတန္းအရာရွိႀကီးတစ္ေယာက္က ေျပာခဲ့ပါတယ္။

ထရမ့္ဟာ အာဖဂန္နစၥတန္ႏိုင္ငံအေရးမွာ အိႏိၵယႏိုင္ငံကိုလည္း ပိုမိုၿပီးပူးေပါင္းပါ၀င္ကာ အကူအညီ ေပးေစခ်င္ၿပီး အာဖဂန္နစၥတန္ႏိုင္ငံရဲ႕ၿမိဳ႕ေတာ္ Kabul ဟာလည္း အေမရိကန္ႏိုင္ငံရဲ႕ အကူအညီ အေထာက္အပံ့ေတြကို ဆက္လက္ရယူႏိုင္ဖုိ႔ ပိုမိုၿပီး ပူးေပါင္းေဆာင္ရြက္ရမွာျဖစ္တဲ့အေၾကာင္း အာဖဂန္ႏိုင္ငံရဲ႕ အစိုးရကို အတိအလင္းေျပာၾကားလိုက္ပါတယ္။ အာဖဂန္အစိုးရနဲ႔ တာလီဘန္ေတြၾကား ၿငိမ္းခ်မ္းေရးစကား၀ိုင္းအတြက္ အေမရိကန္ဟာအၿမဲအသင့္ရွိေနၿပီး အိႏၵိယႏိုင္ငံဟာ ေဒသတြင္းတည္ၿငိမ္မႈကို ေဖာ္ေဆာင္ေပးဖုိ႔ အေရးႀကီးတဲ့ ပါတနာတစ္ဦးျဖစ္လာလိမ့္မယ္လုိ႔ ျပည္နယ္အတြင္းေရးမွဴးက ေျပာခဲ့ပါတယ္။

ေရြးေကာက္ပြဲကို အႏိုင္ရရွိခဲ့တဲ့အခ်ိန္တုန္းကေတာ့ ႏိုင္ငံဟာ စစ္အသံုးစရိတ္ေတြအတြက္ သံုးထားတဲ့ေငြပမာဏဟာ ေဒၚလာ ၆ ထရီလီယံေလာက္ ရွိေနၿပီျဖစ္တဲ့အတြက္ လုိအပ္ခ်က္ေတြအၿမဲရွိေနတဲ့ စစ္တပ္ကို အလိုမရွိဘူးလုိ႔ သမၼတ ထရမ့္က ေျပာခဲ့ေပမယ့္ လြန္ခဲ့တဲ့သတင္းပတ္အနည္းငယ္တုန္းက ေျပာခဲ့တဲ့စကားေတြအရေတာ႔ သမၼတထရမ့္နဲ႔ အရာရွိပိုင္းေတြဟာ အာဖဂန္ႏိုင္ငံရဲ႕ စစ္ပြဲကို အႏိုင္ရရွိလိုၿပီး အၾကမ္းဖက္မႈေတြကို အဆံုးသတ္ခ်င္ေနခဲ့တာျဖစ္ပါတယ္။

သမၼတထရမ့္ဟာ ၂၀၁၃ ခုႏွစ္ေလာက္တုန္းက အာဖဂန္ႏိုင္ငံထဲက အေမရိကန္စစ္သားေတြကို ထြက္သြားဖုိ႔အတြက္ သူ႔ရဲ႕တြစ္တာအေကာင့္မွာ အၿမဲေျပာခဲ့တာျဖစ္ၿပီး အာဖဂန္နစၥတန္ႏိုင္ငံထဲကို ၀င္ေရာက္မႈဟာ ႀကီးမားတဲ့အမွားႀကီးျဖစ္တယ္လုိ႔ ၂၀၁၅ ခုႏွစ္အတြင္းမွာလည္း ေျပာခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ အာဖဂန္ႏိုင္ငံထဲမွာ တပ္ဖြဲ႔၀င္ေတြဆက္လက္ထားရွိဖုိ႔နဲ႔ ဆက္လက္ေစလႊတ္ဖုိ႔ကိစၥဟာ နံပါတ္တစ္အေရးအႀကီဆံုးျဖစ္ပါတယ္လုိ႔ သူက အခုအခ်ိန္မွာ ေျပာခဲ့ပါတယ္။

သမၼတ အိုဘားမားလက္ထပ္တုန္းကေတာ့ အာဖဂန္ႏိုင္ငံထဲက စစ္သားေတြကုိ တပ္သားအေရအတြက္ ၅၅၀၀ အထိ ေလ်ာ့ခ်ဖုိ႔ကတိျပဳခဲ့ေပမယ့္ ဒီကတိျပဳခ်က္ကို ျပန္လည္ေနာက္ဆုတ္ခဲ့ၿပီး တာလီဘန္ေတြအတြက္ အခြင့္အေရးမရရွိသြားေစဖုိ႔ တပ္သား ၈၄၀၀ ကို ဆက္လက္ထားရွိခဲ့တာျဖစ္ပါတယ္။

HGID_KV_Ads_Square

www.akhayar.com

[Unicode]

အမေရိကန်သမ္မတထရမ့်ဟာ အာဖဂန်နိုင်ငံထဲမှာရှိတဲ့ အမေရိကန်တပ်တွေကို ဆက်လက်ထားရှိဖို့ ဆုံးဖြတ်လိုက်ပြီး အမေရိကန်နိုင်ငံရဲ့ အကြာရှည်ဆုံးတိုက်ပွဲကို ဆက်လက်ဆင်နွှဲစေခဲ့ပါတယ်။

ဇန်နဝါရီလထဲမှာပြုလုပ်ခဲ့တဲ့ တီဗွီအစီအစဉ်တစ်ခုမှာကတည်းက သမ္မတကြီးဟာ အာဖဂန်နစ္စတန်ကတိုက်ပွဲကို နိုင်အောင်တိုက်ခိုက်မယ်လို့ ပြောခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံရဲ့ နယ်စပ်မှာရှိတဲ့ အကြမ်းဖက်သမားတွေကိုလည်း တိုက်ခိုက်ချေမှုန်းပြီး ပါကစ္စတန်နိုင်ငံအပေါ်မှာလည်း ဖိအားပေးကာ အိန္ဒိယနိုင်ငံရဲ့အကူအညီကိုလည်း တောင်းခံသွားမှာဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

သမ္မတထရမ့်ဟာ အာဖဂန်နိုင်ငံထဲကို နောက်ထပ် တပ်သား ၄၀၀၀ ခန့်ကိုလည်း ထပ်ပြီးစေလွှတ်ဖို့ အသင့်စီစဉ်ထားပြီးဖြစ်တယ်လို့ အစောပိုင်းအစီရင်ခံစာတွေအရသိရှိရပြီး သမ္မတကတော့ တပ်သားအရေအတွက် တိတိကျကျကို ထုတ်ဖော်ပြောပြခြင်း မရှိခဲ့ပါဘူး။ ဒါပေမဲ့ သူဟာ အာဖဂန်နိုင်ငံထဲမှာရှိတဲ့ တပ်သားတွေကို ဆက်လက်ထားရှိဖို့ကိုတော့ ရှင်းရှင်းလင်းလင်း ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံသားတွေဟာ အောင်မြင်မှုမရတဲ့ စစ်ပွဲတွေကို ငြီးငွေ့နေပြီလို့ သူကပြောခဲ့ပါတယ်။

‘အကြမ်းဖက်သမားတွေကတော့ အပြစ်မဲ့သူတွေကို ဆက်လက်ပြီး သတ်ဖြတ်နေဦးမှာပဲလို့’ သူက ပြောခဲ့ပါတယ်။သမ္မတထရမ့်ဟာ နိုင်ငံရေးလောကထဲမဝင်ခင်က ပဋိပက္ခဆိုတာ နိုင်ငံရဲ့ဆုံးရှုံးမှုတစ်ရပ်ဖြစ်ကြောင်း အမြဲပြောလေ့ရှိခဲ့ပြီး နိုင်ငံရပ်ခြားကို အမေရိကန်နိုင်ငံကတပ်သားတွေ စေလွှတ်တာကို ဆန့်ကျင်တဲ့ နိုင်ငံခြားရေးရာမူဝါဒတွေကို ချပြခဲ့ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့သတင်းပတ်အနည်းငယ်တုန်းကတော့ အမေရိကန်စစ်တပ်အကြီးအကဲတွေဟာ အာဖဂန်နိုင်ငံရဲ့ ဆိုးဝါးနေတဲ့လုံခြုံရေးကြောင့် အမေရိကန်ရဲ့အကျိုးအမြတ်ကို ထိခိုက်စေတယ်ဆိုတာကို သတိပေးလိုက်ပြီး ဘယ်လိုဆက်လုပ်ကြမလဲဆိုတာကို အုပ်ချုပ်ရေးမှူးခါင်းဆောင်ပိုင်းတွေကြားထဲမှာ အငြင်းပွားနေခဲ့ကြပါတယ်။

သမ္မတထရမ့်ရဲ့ အစောပိုင်းအကြံအစည်ကတော့ တပ်တွေကို ပြန်လည်ခေါ်ယူဖို့ဖြစ်ပေမယ့် အကြမ်းဖက်သမားတွေရဲ့ အန္တရာယ်ကိုသိရှိခဲ့ပြီး အာဖဂန်နစ္စတန်နိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံတွေမှာ ကမ္ဘာပေါ်ကတခြားဘယ်ဒေသထက်မဆို ပိုပြီး အကြမ်းဖက်သမားတွေ များပြားပါတယ်လို့ သူကပြောခဲ့ပါတယ်။

အီရတ်နိုင်ငံထဲက အမေရိကကန်စစ်တပ်တွေ ထွက်သွားပြီးမကြာခင်မှာပဲ အီရက်နိုင်ငံထဲမှာ Isis အဖွဲ့ဝင်တွေ များပြားလာတဲ့အချက်ကို ထောက်ပြရင်း “ကျွန်တော်တို့ဟာ အီရတ်နိုင်ငံတုန်းကလို အမှားမျိုးထပ်ပြီး မလုပ်နိုင်တော့ပါဘူး” လို့ သမ္မတ ထရမ့်က ပြောခဲ့ပါတယ်။

ထရမ့်ရဲ့ အုပ်ချုပ်မှုအဖွဲ့ဝင်တွေဖြစ်တဲ့ ဒုသမ္မတ Mike Pence နဲ့ ကာကွယ်ရေးအတွင်းဝန် James Mattis တို့ဟာ စစ်တပ်တွေများများစေလွှတ်ဖို့နဲ့ အိန္ဒိယနဲ့ ပါကစ္စတန်လိုမျိုးဒေသထဲက အင်အားကြီးနိုင်ငံတွေကို သံတမန်ရေးရာအရ ဖိအားပေးဖို့ သမ္မတကို တွန်းအားပေးနေခဲ့ကြပါတယ်။ သမ္မတထရမ့်ဟာ ပါကစ္စတန်နိုင်ငံအပေါ်မှာ ပိုမိုတင်းကျပ်တဲ့ သံတမန်နည်းလမ်းတွေနဲ့ ချဉ်းကပ်ခဲ့ပြီး အကယ်၍ ပါကစ္စတန်နိုင်ငံဟာ အမေရိကန်တပ်သားတွေကို သူတို့နိုင်ငံထဲမှာ လုံလုံခြုံခြုံနေနိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုပြီးမလုပ်ဆောင်ဘူးဆိုရင်တော့ ပါကစ္စတန်နိုင်ငံအပေါ်ပေးထားတဲ့ လုံခြုံရေးဆိုင်ရာ အကူအညီတွေကို လျော့ချနိုင်တယ်လို့ အမေရိကန်နိုင်ငံရဲ့ အကြီးတန်းအရာရှိကြီးတစ်ယောက်က ပြောခဲ့ပါတယ်။

ထရမ့်ဟာ အာဖဂန်နစ္စတန်နိုင်ငံအရေးမှာ အိန္ဒိယနိုင်ငံကိုလည်း ပိုမိုပြီးပူးပေါင်းပါဝင်ကာ အကူအညီ ပေးစေချင်ပြီး အာဖဂန်နစ္စတန်နိုင်ငံရဲ့မြို့တော် Kabul ဟာလည်း အမေရိကန်နိုင်ငံရဲ့ အကူအညီ အထောက်အပံ့တွေကို ဆက်လက်ရယူနိုင်ဖို့ ပိုမိုပြီး ပူးပေါင်းဆောင်ရွက်ရမှာဖြစ်တဲ့အကြောင်း အာဖဂန်နိုင်ငံရဲ့ အစိုးရကို အတိအလင်းပြောကြားလိုက်ပါတယ်။ အာဖဂန်အစိုးရနဲ့ တာလီဘန်တွေကြား ငြိမ်းချမ်းရေးစကားဝိုင်းအတွက် အမေရိကန်ဟာအမြဲအသင့်ရှိနေပြီး အိန္ဒိယနိုင်ငံဟာ ဒေသတွင်းတည်ငြိမ်မှုကို ဖော်ဆောင်ပေးဖို့ အရေးကြီးတဲ့ ပါတနာတစ်ဦးဖြစ်လာလိမ့်မယ်လို့ ပြည်နယ်အတွင်းရေးမှူးက ပြောခဲ့ပါတယ်။

ရွေးကောက်ပွဲကို အနိုင်ရရှိခဲ့တဲ့အချိန်တုန်းကတော့ နိုင်ငံဟာ စစ်အသုံးစရိတ်တွေအတွက် သုံးထားတဲ့ငွေပမာဏဟာ ဒေါ်လာ ၆ ထရီလီယံလောက် ရှိနေပြီဖြစ်တဲ့အတွက် လိုအပ်ချက်တွေအမြဲရှိနေတဲ့ စစ်တပ်ကို အလိုမရှိဘူးလို့ သမ္မတထရမ့်က ပြောခဲ့ပေမယ့် လွန်ခဲ့တဲ့သတင်းပတ်အနည်းငယ်တုန်းက ပြောခဲ့တဲ့စကားတွေအရတော့ သမ္မတ ထရမ့်နဲ့ အရာရှိပိုင်းတွေဟာ အာဖဂန်နိုင်ငံရဲ့ စစ်ပွဲကို အနိုင်ရရှိလိုပြီး အကြမ်းဖက်မှုတွေကို အဆုံးသတ်ချင်နေခဲ့တာဖြစ်ပါတယ်။

သမ္မတထရမ့်ဟာ ၂၀၁၃ ခုနှစ်လောက်တုန်းက အာဖဂန်နိုင်ငံထဲက အမေရိကန်စစ်သားတွေကို ထွက်သွားဖို့အတွက် သူ့ရဲ့တွစ်တာအကောင့်မှာ အမြဲပြောခဲ့တာဖြစ်ပြီး အာဖဂန်နစ္စတန်နိုင်ငံထဲကို ဝင်ရောက်မှုဟာ ကြီးမားတဲ့အမှားကြီးဖြစ်တယ်လို့ ၂၀၁၅ ခုနှစ်အတွင်းမှာလည်း ပြောခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အာဖဂန်နိုင်ငံထဲမှာ တပ်ဖွဲ့ဝင်တွေဆက်လက်ထားရှိဖို့နဲ့ ဆက်လက်စေလွှတ်ဖို့ကိစ္စဟာ နံပါတ်တစ်အရေးအကြီဆုံးဖြစ်ပါတယ်လို့ သူက အခုအချိန်မှာ ပြောခဲ့ပါတယ်။

သမ္မတ အိုဘားမားလက်ထပ်တုန်းကတော့ အာဖဂန်နိုင်ငံထဲက စစ်သားတွေကို တပ်သားအရေအတွက် ၅၅၀၀ အထိ လျော့ချဖို့ကတိပြုခဲ့ပေမယ့် ဒီကတိပြုချက်ကို ပြန်လည်နောက်ဆုတ်ခဲ့ပြီး တာလီဘန်တွေအတွက် အခွင့်အရေးမရရှိသွားစေဖို့ တပ်သား ၈၄၀၀ ကို ဆက်လက်ထားရှိခဲ့တာဖြစ်ပါတယ်။

HGID_KV_Ads_Square

www.akhayar.com