အမေရိကန်သမ္မတသစ် Donald Trump ဟာ သမ္မတဖြစ်ပြီးနောက်မှာတော့ သူကိုင်နေကျ Android ဖုန်းကို ပိုပြီး လုံခြုံမှုမြင့်မားတဲ့ ၊သူ့အတွက် အထူးသီးသန့်ကာကွယ်ပေးထားတဲ့ ဖုန်းနဲ့ လဲလှယ်ပြီး လူအနည်းငယ်သာ သိနိုင်တဲ့ ဖုန်းနံပါတ်ကိုလည်း ပြောင်းကိုင်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ ကိုယ်ပိုင် Twitter အကောင့်ကိုလည်း အမျိုးသားလုံခြုံရေးအတွက် မသုံးဘဲ နေတော့မလားဆိုတာ စိတ်ဝင်စားနေကြပါတယ်။

 

You May Also Like : “ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ဇူကာဘတ်စဉ်းစားနေတာလား?
ဒါပေမယ့် New York Times ကဖော်ပြချက်အရတော့ Trump ဟာ သူ့ရဲ့ အရင်ဟန်းဆက်အဟောင်းကို စွန့်လွှတ်မယ့် ပုံ မပေါ်ပါဘူး။ ဆောင်းပါးမှာတော့ Trumpဟာ အမှတ် ၁၆၀၀ Pennsylvania Avenue မှာရှိတဲ့ သူရဲ့ အိမ်မှာ နေထိုင်ရင်း တစ်ချို့ညနေခင်းတွေမှာဆိုရင် TV ရှေ့မှာ သူရဲ့ လုံခြုံမှုအားနည်းတဲ့ Android ဖုန်းလေးကိုပဲ သုံးနေတတ်တယ်ဆိုပြီး သူ့ရဲ့ ကိုယ်ရေးအရာရှိတွေက သိရတယ်လို့ ရေးသားထားပါတယ်။
Trump ဟာ ဒီလိုမျိုး သူ့ရဲ့ ဖုန်းကို လဲလှယ်ရမယ်ဆိုရင် သူ့မိတ်ဆွေတွေနဲ့ အဆက်အသွယ် ပြတ်သွားမှာနဲ့ Trump Tower ကနေ ပြောင်းရွှေ့လာခဲ့ အပြီးမှာ ပိုပြီး အထီးကျန်သွားမှာကို စိုးရိမ်ပူပန်နေခဲ့တာ ဖြစ်ပါတယ်။

 

Yoe Lu (Akhayar)

www.akhayar.com
R
ef : Techcrunch

Photo Credit  : Business Insider