[ZawGyi]




ဖေဖေနဲ့တူလို့ချောတာ

ဖေဖေနဲ့တူလို့ချောတာ


မေမေနဲ့တူလို့ချောတာ

မေမေနဲ့တူလို့ချောတာ


အိမ်မှာဗိုလ်ပါ

အိမ်မှာဗိုလ်ပါ


ကြီးရင် SKB လုပ်မှာ

ကြီးရင် SKB လုပ်မှာ


www.akhayar.com

[Unicode]

Trend ဖြစ်နေတဲ့စာသားလေးတွေနဲ့ကလေးဝတ်တီရှပ်တွေကို စတင်ဖန်တီးမိတ်ဆက်လိုက်တဲ့ True’s Closet

အခုဆိုရင် လူကြီးတွေပဲ ကိုယ်ယုံကြည်ရာကိုဖော်ထုတ်ခွင့်ရတာ၊ ခေတ် Trend ကိုလိုက်မီနေတာမဟုတ်တော့ပါဘူး။ သားသား မီးမီးတို့လည်းချစ်စရာကောင်းစွာ ခေတ်မီခွင့်၊ ကိုယ့်စိတ်ခံစားချက်ကိုထုတ်ဖော်ခွင့်ရှိနေပါပြီ။ ဘာကြောင့်လဲဆိုတော့ကွီးချောလား ခေးလှလား တီရှပ်လေးတွေလိုပဲ သားသား မီးမီးတို့အတွက် ချစ်စရာကောင်းတဲ့ စာသားလေးတွေနဲ့ Quality ကောင်းတဲ့တီရှပ်လေးတွေ ခေတ်စားလာလို့ပါ။ ဒီတီရှပ်လေးတွေကို True’s Closet ကထုတ်လုပ်တာဖြစ်ပြီးကလေးလေးတွေရဲ့ ချစ်စရာကောင်းတဲ့ပင်ကိုသဘာဝနဲ့ အခုခေတ် Trend ကိုပေါင်းစပ်ပုံဖော်ထားတာတွေ့ရပါတယ်။

“ကြီးရင် SKB လုပ်မှာ” “ချစ်စရာလေး ဟုတ် ..” “အိမ်မှာဗိုလ်ပါ” “တီတီချောချောလေးရှိတယ်””မေမေနဲ့တူလို့ချောတာပါ” “ဖေဖေနဲ့တူလို့ချောတာပါ” “သမီးရှင်တွေသတိထား” စတဲ့ချစ်စရာကောင်းတဲ့ စာသားလေးတွေနဲ့အများကြီးထွက်ရှိလာတာကိုတွေ့ရပါတယ်။

ဖေဖေနဲ့တူလို့ချောတာ

ဖေဖေနဲ့တူလို့ချောတာ

“True’s Closet” ထုတ်ကုန်တွေဟာ ချည်သားစစ်စစ်၊ ချုပ်ရိုးချုပ်သားသပ်ရပ်တိကျစွာနဲ့ အရည်အသွေးကောင်းကောင်းထုတ်လုပ်ထားတာတွေ့ရပြီး ဈေးနှုန်းလည်း ၇၉၀၀ ကျပ်မို့ သင့်တင့်တဲ့ဈေးနှုန်းပါ။ သားသားမီးမီးတို့ကိုအရည်အသွေးကောင်းတဲ့တီရှပ်လေးတွေဆင်မြန်းပေးချင်တဲ့မေမေတို့နဲ့တော့ ကွက်တိပါပဲ။

မေမေနဲ့တူလို့ချောတာ

မေမေနဲ့တူလို့ချောတာ

“True’s Closet”ရဲ့အကျီလေးတွေဟာ အသက် ၁ နှစ်မှ ၄ နှစ်သားအရွယ်အထိ ဆိုဒ် ၄ မျိုးရနိုင်ပြီး အရောင်လေးတွေကလည်း ပန်းရောင်၊ အနီရောင်၊ အပြာနု၊ အဝါရောင်၊ အပြာရင့်ရောင်နဲ့ အဖြူရောင် စသဖြင့်ရွေးချယ်စရာအရောင်တွေအများကြီးရှိတာတွေ့ရပါတယ်။

အိမ်မှာဗိုလ်ပါ

အိမ်မှာဗိုလ်ပါ

အကျီတစ်ထည်ချင်းစီဟာ ချစ်စရာကောင်းတဲ့မိသားစုဘဝ၊ ပျော်စရာကောင်းတဲ့အသိုက်အဝန်းလေးတစ်ခုကို သတိထားမိအောင် အမှတ်တရရှိအောင် ပုံဖော်ပေးနိုင်တာမို့ အဝတ်အထည်တစ်ခုဆိုတာထက်ပိုနက်ရှိုင်းတဲ့တန်ဖိုးတွေရှိနေတာတွေ့ရမှာပါ။
ကဲ…ဖေဖေ မေမေတို့သိသင့်တဲ့ Page လေးကိုညွှန်ပြီးပါပြီ။ ကလေးလေးတွေအတွက် သဘောကျမိတဲ့စာသားလေးတွေတွေ့ရင် ဒီ FB Link ကနေတဆင့်မှာယူနိုင်ပါတယ်။

ကြီးရင် SKB လုပ်မှာ

ကြီးရင် SKB လုပ်မှာ

ဒါအပြင် Junction City (၄) လွှာမှာရှိတဲ့ Strawberry Sky Baby Store မှာလည်း ဒီတီရှပ်လေးတွေကိုဝယ်ယူနိုင်ပြီလို့သိရပါတယ်။

www.akhayar.com