ခုနောက်ပိုင်းကာလတွေမှာ ပြည်တွင်းက လူငယ်တွေအကြားမှာ ပုံမှန် ခရီးသွားတာမျိုးတင်မကပါဘူး Trekking လမ်းလျှောက်ပြီး သဘာဝပတ်ဝန်းကျင်ကို လေ့လာတာမျိုးတွေ၊ ပတ်ဝန်းကျင်အလှအပကို ခံစားတာမျိုးတွေလည်း ခေတ်စားလာနေပါပြီ။ ဒီလို Trekking လျှောက်တာမျိုးကိုမှ စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် အွန်လိုင်းပေါ်ကတဆင့် အကောင်းဆုံး လမ်းညွှန်ပေးနိုင်မယ့် နေရာတွေကို လေ့လာကြည့်ကြစို့။

တောင်တက်သမားတိုင်းအတွက် Myanmar Trekking ဝက်ဆိုဒ်  www.myanmartrekking.com

မြန်မာပြည်မှာ Trekking လုပ်မယ့် လူအားလုံးအတွက် မသိမဖြစ် သိထားသင့်တဲ့ ဝက်ဘ်ဆိုက်ကတော့  ပါပဲ။ ပြည်တွင်းမှာ ရှိတဲ့ Trekking သွားလုပ်လို့ရမယ့် နေရာတွေနဲ့ အဲဒီဒေသတွေရဲ့ အချက်အလက်တွေကို ဖော်ပြပေးထားသလို Trekking သွားမယ့်သူတွေအတွက် လိုအပ်မယ့်အချက်တွေ၊ ပြည်တွင်းက Trekking Experts တွေရဲ့ အကြောင်းတွေကိုလည်း လေ့လာနိုင်အောင် ဖော်ပြပေးထားပါတယ်။

 

တောင်တက်သမားတိုင်းသုံးသင့်တဲ့ Mobile App  Yonder

Yonder ကတော့ မြန်မာပြည်မှာ လူသုံးသိပ်မများသေးပေမယ့် နိုင်ငံတကာမှာ အောင်မြင်နေတဲ့ Trekking သမားတွေအတွက် သီးသန့်ဖန်တီးထားတဲ့ Social Media App တစ်ခုပါ။ Trekking သွားတဲ့ သူတွေရဲ့ အတွေ့အကြုံတွေ ရောက်ရှိခဲ့တဲ့ ဒေသရဲ့ အနေအထားတွေအပါအဝင် ကမ္ဘာတစ်ဝှမ်းက နေရာပေါင်း ၂၀၀၀၀၀ ကျော်ရဲ့ အချက်အလက်တွေကို ဒီ App ကနေတဆင့် ရယူလို့ရပါတယ်။ ဒါ့အပြင် အတွေ့အကြုံရှိ နာမည်ကျော် Trekking သမားတွေကို Follow လုပ်ပြီး သူတို့ရဲ့ လမ်းညွှန်ချက်တွေ အတွေ့အကြုံတွေကိုလည်း လေ့လာနိုင်ပါတယ်။ ဒါ့အပြင် ဒီ App ကို အသုံးပြုပြီး မိမိနဲ့ ခရီးလမ်းကြောင်းချင်းတူတဲ့ ခရီးသွားတွေ စုစည်းသွားလာလို့လည်း ရနိုင်တာကြောင့် မိတ်ဆွေသစ်တွေလည်း ရနိုင်ပါေ                                                                   သးတယ်။

 

Facebook ပေါ်မှာလေ့လာဖို့  Trekking Information Centre (Kalaw, Inle Lake, Pindaya Cave & Kakku)

Trekking Information Centre Facebook Page က Trekking သွားချင်တဲ့ လူငယ်တွေ မဖြစ်မနေ Like လုပ်ထားသင့်တဲ့ Page တစ်ခုဖြစ်ပါတယ်။ ဒီ Page က Trekking သွားတာနဲ့ ပတ်သတ်တဲ့ ဗဟုသုတတွေကို လမ်းညွှန်ပေးမှာဖြစ်သလို ဒီ Page နဲ့ ဆက်သွယ်ပြီးတော့လည်း ခရီးသွားလို့ရပါတယ်။ ဒီ Page က ပုံမှန် Trekking Tour တွေအပြင် Biking Photography Tour၊ Back-Seat Biking Tour နဲ့ Adventure Biking Tour တွေကိုလည်း စီစဉ်ပေးပါတယ်။ ကလော၊ အင်းလေး၊ ပင်းတယစတဲ့ ဒေသတွေမှာ Trekking လုပ်တာနဲ့ ပတ်သတ်ပြီး အတွေ့အကြုံတွေကို မျှဝေထားတာကြောင့် မသွားဖြစ်ရင်တောင်မှ သွားဖို့ စိတ်ဝင်စားသူတွေ ဗဟုသုတရရှိအောင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

You May Also Like: “ခရီးသွားဗြူတီ…”

 

Instagram ပေါ်က Triphackr

 

Instagram မှာဆိုရင်တော့ Trekking သမားတွေ မဖြစ်မနေ Follow လုပ်ထားရမယ့် သူက Triphackr လို့ Account အမည်ကို ပေးထားတဲ့ Clint Johnston ပါပဲ။ သူက နာမည်ကျော် Trekking သမားတစ်ယောက်ဖြစ်ပြီးတော့ လက်ရှိအချိန်အထိ နိုင်ငံပေါင်း ၁၀၅ နိုင်ငံကို သွားခဲ့ပြီးပါပြီ။ အဲဒီအတွေ့ အကြုံတွေကို Instagram မှာ ဓာတ်ပုံတွေ ဗီဒီယိုဖိုင်တွေနဲ့ မျှဝေတတ်ပြီ သိလိုတာတွေ မေးမြန်းရင်လည်း တက်တက်ကြွကြွပြန်ဖြေကြားတတ်သူပါ။ သူ့အတွေ့အကြုံတွေနဲ့ မျှဝေမှုတွေက Trekking သမားတွေအတွက် စိတ်ဝင်စားစရာဖြစ်စေမှာ သေချာပါတယ်။

 

Twitter ရဲ့ Trek Travel

Trek Travel ဟာ Follower  ၁ သန်းကျော်ရှိတာကြောင့် Twitter ပရိတ်သတ်တွေအတွက်တော့ သိပ်မစိမ်းလှတဲ့ Account တစ်ခုဖြစ်မှာပါ။ Trekking နဲ့ ပတ်သတ်ပြီး အကောင်းဆုံးဆိုတဲ့ ဆုတွေ အမျိုးမျိုးရရှိထားတဲ့ Trekking Tour ကုမ္ပဏီတစ်ခုဖြစ်လို့ပါ။ ဒီ Twitter Account ကနေတဆင့် Trekking နဲ့ ပတ်သတ်ပြီး ဗဟုသုတတွေ အသိပညာတွေနဲ့ ဆောင်ရန် ရှောင်ရန်တွေပါ လေ့လာနိုင်သလို ကိုယ်တိုင်လည်း ခရီးစဉ်တွေ ဝယ်ယူဖို့ စုံစမ်းလို့ရပါတယ်။ Trekking သမားတွေ သွားသင့်တဲ့နေရာတွေ တည်းသင့်တဲ့နေရာတွေကို ဒီထဲကနေ ကြိုတင်လေ့လာထားသင့်ပါတယ်။

 

 

 

Presented by Akhayar

(www.akhayar.com)