မ်က္လံုးေဘးမွာရွိတဲ့ အဆီေလးေတြဟာ မ်က္ခြံေအာက္ေျခကို ေရြ႕လ်ားသြားတဲ့အခါမွာ မ်က္လံုးေအာက္ေျခေတြ ေဖာင္းလာတတ္ပါတယ္။ မ်က္လံုးေအာက္ေျခမွာ အရည္ေတြစုၿပီး ေဖာင္းလာတာလည္းျဖစ္ႏိုင္ပါတယ္။
အမ်ားအားျဖင့္ေတာ့ မ်က္လံုးေအာက္ေျခေဖာင္းတာဟာ ပင္ပန္းၿပီး အိပ္ေရးပ်က္လို႔ျဖစ္ႏိုင္ပါတယ္။ အဲ့ဒီလိုေဖာင္းေနတာကို သဘာဝအိမ္တြင္းေဆးဖက္ဝင္ ပစၥည္းေတြကိုသံုးၿပီးပဲျဖစ္ျဖစ္ေနထိုင္မႈပံုစံေလးေတြကို ျပင္လုိက္ၿပီးေတာ့ပဲျဖစ္ျဖစ္ ဒီနည္လမ္းေလးေတြကို သံုးၿပီး ေပ်ာက္ကင္းေအာင္ လုပ္ႏိုင္ပါတယ္။

၁။ ဆားေလွ်ာ့စားပါ

ဆားက ေသြးေပါင္ကိုပဲ တက္ေစတာမဟုတ္ပါဘူး။ ခႏၶာကိုယ္တြင္းအရည္ေတြစုပံုမႈကို ျဖစ္ေစတာေၾကာင့္မ်က္လံုးကိုေဖာင္းေစပါတယ္။ ဆားကိုသံုးမယ္ဆိုရင္ေတာ့ ပင္လယ္ဆားသန္႔သန္႔ကို အနည္းငယ္သာ သံုးႏိုင္ရင္အေကာင္းဆံုးပါ။ ဆာအရမ္းငံတဲ့ အစားအေသာက္ေတြကို ေရွာင္ၿပီးေတာ့ ဟင္းသီးဟင္းရြက္ေတြကိုပိုစားေပးပါ။

၂။ ေလ့က်င့္ခန္းလုပ္ပါ။

ေလ့က်င့္ခန္းလုပ္ျခင္းဟာ ခႏၶာကိုယ္အေလးခ်ိန္ကို ေလ်ာ့က်ေစရံုသာမက မ်က္လံုးေအာက္ေျခေဖာင္းတာကိုပါ သက္သာေစပါတယ္။ ေလ့က်င့္ခန္းလုပ္ျခင္းအားျဖင့္ အသက္အရြယ္ႀကီးရင့္မႈကိုလည္း ေလ်ွာ႔ခ်ေပးၿပီး ႏုပ်ဳိေစပါတယ္။ ေယာဂေလ့က်င့္ခန္းေတြဟာလည္း ေသြးလည္ပတ္မႈကိုေကာင္းေစၿပီး မ်က္ႏွာမွာအရည္ေတြစုပံုတာကို တားဆီးေပးပါတယ္။

၃။ သခြားသီး

သခြားသီးမွာ ေအးျမတဲ့ဂုဏ္သတၱိရွိပါတယ္။ သခြားသီးကို ပါးပါးလွီးၿပီး ေရခဲေသတၱာထဲ ဆယ့္ငါးမိနစ္ခန္႔ ထည့္ထားပါ။ ၿပီးတဲ့အခါ သခြားသီးအျပားေလးႏွစ္ျပားကို မ်က္လံုးေပၚမွာ နာရီဝက္ေလာက္တင္ထားလုိက္ပါ။ သခြားသီးက သင့္မ်က္လံုးကိုေရာ စိတ္ကိုပါ လန္းဆန္းသြားေစပါတယ္။

၄။ Essential Oil (ခႏၶာကိုယ္အတြက္လိုအပ္ေသာ အဆီမ်ား)

အသက္ႀကီးလာတာနဲ႔အမွ် ေကာ္လာဂ်င္ (Collagen) ဆံုးရႈံးမႈေၾကာင့္ ေရဓာတ္ခန္းေျခာက္မႈမ်ားလာပါတယ္။ စမုံနက္ အဆီ၊ လာဗင္ဒါ(lavender)အဆီတို႔ဟာ ဆဲလ္ေလာင္ကြ်မ္းမႈကို ေလွ်ာ့ခ်ေပးၿပီး မ်က္လံုးနားမွာရွိတဲ့ အေရျပားကို ျပန္လည္အားေကာင္းေစပါတယ္။ အဲ့ဒီအဆီေလးေတြကို မ်က္လံုးနားတစ္ဝိုက္ကို ညင္ညင္သာသာ လိမ္းေပးပါ။ မိနစ္ႏွစ္ဆယ္ေလာက္ၾကာတဲ့အခါ ေဆးေၾကာလိုက္ပါ။ မ်က္ခမ္း ဒါမွမဟုတ္ မ်က္လံုးအတြင္းထဲကိုေတာ့ မလိမ္းမိဖို႔ သတိထားရပါမယ္။ ရွားေစာင္းလက္ပပ္ကိုလိမ္းေပးရင္လည္း မ်က္လံုးေအာက္ေျခေဖာင္းေနတာကို သက္သာေစပါတယ္။

၅။ လက္ဖက္ေျခာက္အထုပ္ အသံုးျပဳျခင္း

ေရေႏြးေႏြးထဲႏွစ္ထားတဲ့ လက္ဖက္ေျခာက္အထုပ္အေလးေတြဟာ မ်က္လံုးေအာက္ေျခမွာ ပိုေနတဲ့အရည္ေတြကို ဖယ္ထုတ္ေပးတာေၾကာင့္ မ်က္လုံးေအာက္ေျခေဖာင္းတာကို ေပ်ာက္ကင္းဖို႔အတြက္အိမ္တြင္းေဆးနည္းတစ္လက္ပဲျဖစ္ပါတယ္။ လက္ဖက္ေျခာက္ထုပ္ေလးေတြကို ေရေႏြးထဲစိတ္ၿပီး ေရခဲေသတၱာထဲမွာ အေအးခံထားပါ။ ခဏၾကာမွ မ်က္လံုးေပၚကို ၁၅-၂၀ မိနစ္ေလာက္ အုပ္ထားေပးပါ။

၆။ ႏို႔ရည္

ႏို႔ရည္ဟာ အေရျပားအလွအပဆိုင္ရာျပႆာနာအေတာ္မ်ားမ်ားအတြက္ ေဆးဝါးပဲျဖစ္ပါတယ္။ ဝါဂြမ္းစႏွစ္ခုကို ႏို႔ရည္ထဲႏွစ္ၿပီး အေအးခံထားပါ။ ၿပီးတဲ့အခါ အဲ့ဒီဝါဂြမ္းစေလးေတြကို မ်က္လံုးေပၚမွာ နာရီဝက္ေလာက္ တင္ထားေပးလိုက္ရင္ သင့္မ်က္လံုးေတြဟာ ျပန္လည္ လန္းဆန္းလာပါလိမ့္မယ္။ မ်က္လံုးေတြဟာ အရမ္းႏူးညံ့တဲ့အတြက္ အရမ္းဂရုစိုက္ဖို႔လိုပါတယ္။

အထက္ပါနည္းလမ္းေတြထဲက တစ္ခုခုဟာ သင့္မ်က္လံုးနဲ႔ ဓာတ္မတည့္တာမ်ဳိးျဖစ္လာရင္ ခ်က္ခ်င္းေရနဲ႔ေဆးပစ္ပါ။

www.akhayar.com

Unicode

မျက်လုံးဘေးမှာရှိတဲ့ အဆီလေးတွေဟာ မျက်ခွံအောက်ခြေကို ရွေ့လျားသွားတဲ့အခါမှာ မျက်လုံးအောက်ခြေတွေ ဖောင်းလာတတ်ပါတယ်။ မျက်လုံးအောက်ခြေမှာ အရည်တွေစုပြီး ဖောင်းလာတာလည်းဖြစ်နိုင်ပါတယ်။
အများအားဖြင့်တော့ မျက်လုံးအောက်ခြေဖောင်းတာဟာ ပင်ပန်းပြီး အိပ်ရေးပျက်လို့ဖြစ်နိုင်ပါတယ်။ အဲ့ဒီလိုဖောင်းနေတာကို သဘာဝအိမ်တွင်းဆေးဖက်ဝင် ပစ္စည်းတွေကိုသုံးပြီးပဲဖြစ်ဖြစ်နေထိုင်မှုပုံစံလေးတွေကို ပြင်လိုက်ပြီးတော့ပဲဖြစ်ဖြစ် ဒီနည်လမ်းလေးတွေကို သုံးပြီး ပျောက်ကင်းအောင် လုပ်နိုင်ပါတယ်။

၁။ ဆားလျှော့စားပါ

ဆားက သွေးပေါင်ကိုပဲ တက်စေတာမဟုတ်ပါဘူး။ ခန္ဓာကိုယ်တွင်းအရည်တွေစုပုံမှုကို ဖြစ်စေတာကြောင့်မျက်လုံးကိုဖောင်းစေပါတယ်။ ဆားကိုသုံးမယ်ဆိုရင်တော့ ပင်လယ်ဆားသန့်သန့်ကို အနည်းငယ်သာ သုံးနိုင်ရင်အကောင်းဆုံးပါ။ ဆာအရမ်းငံတဲ့ အစားအသောက်တွေကို ရှောင်ပြီးတော့ ဟင်းသီးဟင်းရွက်တွေကိုပိုစားပေးပါ။

၂။ လေ့ကျင့်ခန်းလုပ်ပါ။  

လေ့ကျင့်ခန်းလုပ်ခြင်းဟာ ခန္ဓာကိုယ်အလေးချိန်ကို လျော့ကျစေရုံသာမက မျက်လုံးအောက်ခြေဖောင်းတာကိုပါ သက်သာစေပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့် အသက်အရွယ်ကြီးရင့်မှုကိုလည်း လျှော့ချပေးပြီး နုပျိုစေပါတယ်။ ယောဂလေ့ကျင့်ခန်းတွေဟာလည်း သွေးလည်ပတ်မှုကိုကောင်းစေပြီး မျက်နှာမှာအရည်တွေစုပုံတာကို တားဆီးပေးပါတယ်။

၃။ သခွားသီး

သခွားသီးမှာ အေးမြတဲ့ဂုဏ်သတ္တိရှိပါတယ်။ သခွားသီးကို ပါးပါးလှီးပြီး ရေခဲသေတ္တာထဲ ဆယ့်ငါးမိနစ်ခန့် ထည့်ထားပါ။ ပြီးတဲ့အခါ သခွားသီးအပြားလေးနှစ်ပြားကို မျက်လုံးပေါ်မှာ နာရီဝက်လောက်တင်ထားလိုက်ပါ။ သခွားသီးက သင့်မျက်လုံးကိုရော စိတ်ကိုပါ လန်းဆန်းသွားစေပါတယ်။

၄။ Essential Oil (ခန္ဓာကိုယ်အတွက်လိုအပ်သော အဆီများ)

အသက်ကြီးလာတာနဲ့အမျှ ကော်လာဂျင် (Collagen) ဆုံးရှုံးမှုကြောင့် ရေဓာတ်ခန်းခြောက်မှုများလာပါတယ်။ စမုံနက် အဆီ၊ လာဗင်ဒါ(lavender)အဆီတို့ဟာ ဆဲလ်လောင်ကျွမ်းမှုကို လျှော့ချပေးပြီး မျက်လုံးနားမှာရှိတဲ့ အရေပြားကို ပြန်လည်အားကောင်းစေပါတယ်။ အဲ့ဒီအဆီလေးတွေကို မျက်လုံးနားတစ်ဝိုက်ကို ညင်ညင်သာသာ လိမ်းပေးပါ။ မိနစ်နှစ်ဆယ်လောက်ကြာတဲ့အခါ ဆေးကြောလိုက်ပါ။ မျက်ခမ်း ဒါမှမဟုတ် မျက်လုံးအတွင်းထဲကိုတော့ မလိမ်းမိဖို့ သတိထားရပါမယ်။ ရှားစောင်းလက်ပပ်ကိုလိမ်းပေးရင်လည်း မျက်လုံးအောက်ခြေဖောင်းနေတာကို သက်သာစေပါတယ်။

၅။ လက်ဖက်ခြောက်အထုပ် အသုံးပြုခြင်း

ရေနွေးနွေးထဲနှစ်ထားတဲ့ လက်ဖက်ခြောက်အထုပ်အလေးတွေဟာ မျက်လုံးအောက်ခြေမှာ ပိုနေတဲ့အရည်တွေကို ဖယ်ထုတ်ပေးတာကြောင့် မျက်လုံးအောက်ခြေဖောင်းတာကို ပျောက်ကင်းဖို့အတွက်အိမ်တွင်းဆေးနည်းတစ်လက်ပဲဖြစ်ပါတယ်။ လက်ဖက်ခြောက်ထုပ်လေးတွေကို ရေနွေးထဲစိတ်ပြီး ရေခဲသေတ္တာထဲမှာ အအေးခံထားပါ။ ခဏကြာမှ မျက်လုံးပေါ်ကို ၁၅-၂၀ မိနစ်လောက် အုပ်ထားပေးပါ။

၆။ နို့ရည်

နို့ရည်ဟာ အရေပြားအလှအပဆိုင်ရာပြဿာနာအတော်များများအတွက် ဆေးဝါးပဲဖြစ်ပါတယ်။ ဝါဂွမ်းစနှစ်ခုကို နို့ရည်ထဲနှစ်ပြီး အအေးခံထားပါ။ ပြီးတဲ့အခါ အဲ့ဒီဝါဂွမ်းစလေးတွေကို မျက်လုံးပေါ်မှာ နာရီဝက်လောက် တင်ထားပေးလိုက်ရင် သင့်မျက်လုံးတွေဟာ ပြန်လည် လန်းဆန်းလာပါလိမ့်မယ်။ မျက်လုံးတွေဟာ အရမ်းနူးညံ့တဲ့အတွက် အရမ်းဂရုစိုက်ဖို့လိုပါတယ်။

အထက်ပါနည်းလမ်းတွေထဲက တစ်ခုခုဟာ သင့်မျက်လုံးနဲ့ ဓာတ်မတည့်တာမျိုးဖြစ်လာရင် ချက်ချင်းရေနဲ့ဆေးပစ်ပါ။

www.akhayar.com