[Zawgyi]

မိုးရာသီ ခရီးသြားရင္ ဒီ္အခ်က္ေလးေတြ လိုက္နာပါ

ခရီးသြားလိုက္ရရင္ စိတ္ေတြအပန္းေျပသြားလိုက္တာ အလုပ္မွာ ဖိစီးသမွ် စိတ္ဖိစီးမႈေတြ ခရီးထြက္လာရတဲ႔ အခ်ိန္ခဏတာအတြင္းမွာ လြင္႔စင္ပေပ်ာက္သြားတယ္လို႔ ခံစားရသူေတြက ေႏြ၊မိုး၊ေဆာင္း သံုးရာသီမေရြး ခရီးသြားခ်င္ေနၾကသူေတြပါ။ အခုခ်ိန္က မိုးရြာသီကို ေရာက္ေနၿပီဆိုေပမယ္႔လည္း ခရီးမသြားဘဲမေနႏိုင္ျဖစ္ေနတဲ႔ ခရီးသြား ဝါသနာအိုးေလးေတြအတြက္ မိုးရြာသီမွာ ခရီးသြားရင္ ဘာေတြေဆာင္ၿပီး ဘာေတြေရွာင္ရမလဲ ဘယ္ေတြကိုလည္ပတ္လို႔ရမလဲ သိရွိႏိုင္ေစဖို႔အတြက္ စုစည္းေဖာ္ျပေပးလိုက္ပါတယ္။

ေရေႏြးနဲ႔ေရခ်ဳိးေပးပါ

မိုးရြာသီမွာ ခရီးထြက္ရျခင္းက သဘာဝပတ္ဝန္းက်င္ရဲ႕စိမ္းစိုလွပတဲ႔ ရႈခင္းေကာင္းေကာင္းေတြ ခံစားရေစဖို႔ အခြင္႔အလမ္းေကာင္း ရရွိုျခင္းျဖစ္ပါတယ္။ မိုးရြာသီမွာ လွပစိမ္းစိုတဲ႔ ရင္သပ္ရႈေမာဖြယ္ ရႈခင္းေတြကို ခံစားႏိုင္သလို မိုးရြာသီရဲ႕ မိုးေရေတြနဲ႔ ရႊံ႕ေတြကလည္း အမ်ဳိးစံုတဲ႔ ေရာဂါပိုးေတြကို သယ္ေဆာင္လာတတ္ပါေသးတယ္။ ဒါေၾကာင္႔မို႔ မိုးရြာသီမွာ ခရီးသြားလို႔ ေလွ်ာက္လည္ၿပီး ကိုယ္တည္းခိုတဲ့ ဟုိတယ္ (သို႔) အနားယူတဲ့ေနရာကို ျပန္ေရာက္တဲ႔အခါမွာ ေျခေတြလက္ေတြေသခ်ာေဆးၿပီး ေရေႏြးေႏြးေလးနဲ႔ ေရခ်ုဳိးသန္႔စင္ေပးသင့္ပါတယ္။ ဒီလိုျပဳလုပ္ေပးျခင္းအားျဖင္႔ ခႏၶာကိုယ္မွာကပ္တြယ္လာတဲ႔ မျမင္ရတဲ႔ပိုးေတြေသေစၿပီး တစ္ေနကုန္ ေလွ်ာက္လည္ထားလို႔ ျဖစ္ေပၚလာတဲ႔ ေညာင္းညာကိုက္ခဲမႈေတြကိုလည္း ေျပေလ်ာ့သြားေစမွာပါ။

သစ္ေတာအုပ္ေတြဆီေလွ်ာက္လည္ပါ

မိုးရြာသီမွာ သဘာဝရဲ႕အလွအပအစစ္အမွန္ကို ခံစားခ်င္တယ္ဆိုရင္ေတာ့႔ သစ္ေတာအုပ္ေတြဆီိကို လည္ပတ္ဖို႔ ေရြးခ်ယ္တာ အမွန္ကန္ဆံုးျဖစ္မွာပါ။ မိုးတြင္းမွာ မိုးရြာထားလို႔ သစ္ရြက္ေတြေပၚ မိုးေရစက္ေလးေတြ က်ေနပံုကတစိမ္႔စိမ္႔ၾကည္႔ေနလုိ႔ေကာင္းတဲ႔ ျမင္ကြင္းျဖစ္သလို မိုးေရပက္ဖ်န္းထားတဲ႔သစ္ရြက္ေလးေတြရဲ႕ စိ္မ္းစိုေနပံုကိုၾကည္႔ရႈခံစားျခင္းကလည္း႔ ညစ္ေထးေနတဲ႔ စိတ္အစဥ္ကို လန္းဆန္းသြားေစမွာ ေသခ်ာပါတယ္။ မိုးတြင္းကာလမွာ ခရီးသြားဖို႔စိတ္ကူးရွိၿပီး ဘယ္သြားရမွန္းမသိရင္ သစ္ေတာအုပ္ေလးေတြဆီ သြားၾကည္႔ဖို႔ တိုက္တြန္းခ်င္ပါတယ္။

Forest

Forest

ရာသီဥတုခန္႔မွန္းခ်က္ကို အျမဲသတိမူပါ

မိုးတြင္းလိုအခ်ိန္မ်ဳိး ခရီးသြားတဲ႔အခါမွာ အေရးႀကီးဆံုးအခ်က္ကို ရာသီဥတုခန္႔မွန္းခ်က္ေတြကို လိုက္နာဖို႔ပါပဲ။ ဒီလိုကာလမွာ တစ္ရက္နဲ႔ တစ္ရက္ ရာသီဥတုက မတူကဲြဲျပားတဲ႔အတြက္ေၾကာင္႔မို႔လို႔ပါ။ မိုးမရြာဘဲ ေျခာက္ေသြ႔တဲ႔ေန႔မ်ဳိးဆို လြတ္လပ္ေပါ့ပါးစြာ ေလွ်ာက္သြားၿပီး ေပ်ာ္ရႊင္မႈကို တဝႀကီးခံစားၾကည့္လို႔ရလို႔ပါ။ မိုးအံု႕ၿပီး ညိဳ႕ညိဳ႕မႈိင္းမႈိင္းနဲ႕ တိမ္ထူတာကို ႀကိဳသိထားရင္ ဓာတ္ဖမ္းခ်င္တဲ့သူေတြအတြက္ ပန္းခ်ီကားနဲ႔တူတဲ႔ ဒီရာသီဥတုကို ေနာက္ခံထားၿပီး တဝႀကီးဓာတ္ဖမ္းလို႔ရပါတယ္။ ဒီလို ရာသီဥတုအေျခအေနကိုၾကိဳသိထားရင္ မိုးတြင္းမို႔အခက္အခဲျဖစ္တာမ်ိဳးမရွိေတာ႔ဘဲ အဆင္ေျပစြာသြားလာႏိုင္မွာပါ။

ေရစိုခံအိတ္သယ္သြားပါ

မိုးတြင္းခရီးသြားမယ္ဆုိရင္ခရီးေဆာင္အိတ္က ေရစိုခံအိတ္ျဖစ္ဖုိ႔အေရးအၾကီးဆံုးပါပဲ။ ကင္မရာ၊ ဖုန္း၊ လက္ပ္ေတာ႔ေတြကို ေရမထိေစဖုိ႔ကလည္းအေရးၾကီးပါတယ္။ ဒါေၾကာင္႔ အိတ္ေကာင္းေကာင္းဝယ္ဖုိ႔ကို မႏွေျမာပါနဲ႔။ အိတ္တန္ဖုိးထက္ ေရဝင္လုိ႔ပ်က္စီးသြားတဲ႔ လွ်ပ္စစ္ပစၥည္းေတြရဲ႕ တန္ဖုိးက ပိုေစ်းၾကီးပါတယ္။

မိုးစိုခံအဝတ္အစား

မိုးရာသီမွာ ခရီးသြားရင္ တစ္ခုခက္ခဲတာကေတာ႔ အဝတ္အစားပါ။ ခရီးသြားခ်ိန္ မိုးစိုႏိုင္တဲ႔အတြက္ သာမန္ခရီးသြားတဲ႔အခ်ိန္မ်ဳိးထက္ အဝတ္အစားအပိုေလးေတြ ထည့္သြားသင့္ပါတယ္။ အဝတ္အစားေတြထည္႔တဲ႔အခါမွာလည္း ခ်ည္ထည္ေတြ ထည္႔မယ္႔အစား Synthetic Clothes လိုမ်ဳိးနဲ႔ ပါးလႊာေပါ့ပါးၿပီး အေျခာက္ျမန္တဲ့ အဝတ္အစားမ်ဳိးကို ထည့္သြားသင္႔ပါတယ္။ မိုးရြာလို႔ မိုးေရစိုသြားခဲ႔ရင္လည္း ဒီလိုအဝတ္အစားေတြက အေျခာက္ျမန္တဲ႔အတြက္ ျပန္ဝတ္မယ္ဆိုရင္လည္း အဆင္ေျပပါတယ္။

ေဆးေသတၱာ

မိုးရာသီမွာ ေရာဂါပိုးေတြေပါမ်ားတဲ႔အတြက္ မိသားစုနဲ႔ပဲျဖစ္ျဖစ္၊ သူငယ္ခ်င္းနဲ႔ပဲျဖစ္ျဖစ္၊ တစ္္ေယာက္တည္းပဲျဖစ္ျဖစ္ ခရီးသြားတဲ႔အခါ လိုလိုပိုပို ေဆးေသတၱာထဲမွာ အနာကပ္ပလတ္စတာ၊ ေခါင္းကိုက္ေပ်ာက္ေဆး၊ အစာအိမ္နာေပ်ာက္ေဆး၊ ဝမ္းပိတ္ေဆး အစရွိသျဖင္႔ ေဆးအစံုအလင္ထည့္ၿပီး သယ္သြားသင္႔ပါတယ္။ လမ္းခရီးမွာ မေတာ္တဆထိခိုက္ဒဏ္ရာရခဲ့ရင္လည္း ေဆးေသတၱာပါတဲ႔အတြက္ အေရးေပၚကုသထားလို႔ ရပါတယ္။ ဘယ္လိုရာသီဥတုမ်ဳိးပဲျဖစ္ျဖစ္ ေဘးအႏၱရာယ္ကင္းကင္းနဲ႔ ခရီးႏွင္ႏိုင္ဖို႔အတြက္ ေဆးေသတၱာကို မျဖစ္မေနေဆာင္သြားသင့္ပါတယ္ေနာ္။

Medical Kit

Medical Kit

မသန္႔ရွင္းတဲ႔အစားအစာေတြကိုမစားမိေစဖို႔

ခရီးသြားတဲ႔အခါမွာ ေဒသထြက္အစားအစာေတြကို ျမည္းစမ္းၾကည့္ခ်င္ၾကတာ သဘာဝပါ။ ဒါေပမယ့္ခရီးသြားေနတာျဖစ္တဲ႔အတြက္ မေတာ္တဆ အစားမွားတာမ်ဳိးမျဖစ္ရေလေအာင္ မစားခင္မွာ အစားအစာေတြ သန္႔ရွင္းမႈရွိမရွိအရင္ စစ္ေဆးသင့္ပါတယ္။ လမ္းေဘးစားေသာက္ဆိုင္ေတြနဲ႕ ေစ်းေပါတဲ့ဟိုတယ္ေတြကို အစားအစာသန္္႔ရွင္းမႈပိုင္းမွာ အားနည္းႏို္င္တဲ႔အတြက္ ဂရုတစိုက္နဲ႔ ေသခ်ာေလ့လာၿပီးမွ စားသံုးသင္႔ပါတယ္။

Hair Dryer

မိုးရြာသီခရီးသြားတဲ႔အခါမွာ Hair Dryer က မပါမျဖစ္သယ္သြားသင္႔ပါတယ္။ မိုးမိလို႔ ေခါင္းေရစိုတဲ႔အခါမ်ဳိးမွာပဲျဖစ္ျဖစ္၊ ေခါင္းေလွ်ာ္ၿပီးလို႔ ဆံပင္ကို ေျခာက္ေသြ႔ေအာင္ ျပဳလုပ္ဖို႔လိုတဲ႔အခါမွာ Hair Dryer ကို အသံုးျပဳေပးလို႔ရပါတယ္။ မိုးတြင္းျဖစ္လို႔ ေနေရာင္ျခည္ကလည္းမရတဲ့အတြက္ သဘာဝအတိုင္း ေျခာက္ေသြ႔ဖို႔ကလည္း မလြယ္ကူတဲ့အတြက္ Hair Dryer မျဖစ္မေနသံုးရမွာပါ။ ဟိုတယ္အႀကီးေတြမွကေတာ့ Hair Dryer ေတြ ထားေပးတတ္ေပမယ္႔ Hostel လိုေနရာမ်ဳိးမွာက Dryer ရွိဖို႔က သိပ္မေသခ်ာတဲ႔အတြက္ ကိုယ္တုိင္သယ္သြားတာက အေကာင္းဆံုးပါပဲ။

Hair Dryer

Hair Dryer

ကဲ…ဒီေလာက္ဆိုရင္ေတာ့ မုိးရြာသီမွာ ခရီးသြားမယ္႔သူေတြအတြက္ အေထာက္အကူျဖစ္ေလာက္ၿပီလို႔ ထင္ပါတယ္ေနာ္။ မိုးရာသီမွာ ခရီးသြားရင္ ဘယ္လိုျပင္ဆင္ေလ့ရွိ္လဲဆိုတာကိုလည္း ျပန္လည္မွ်ေဝေပးသြားပါဦးေနာ္။

H.H(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

မိုးရာသီ ခရီးသွားရင် ဒီ်အချက်လေးတွေ လိုက်နာပါ

ခရီးသွားလိုက်ရရင် စိတ်တွေအပန်းပြေသွားလိုက်တာ အလုပ်မှာ ဖိစီးသမျှ စိတ်ဖိစီးမှုတွေ ခရီးထွက်လာရတဲ့ အချိန်ခဏတာအတွင်းမှာ လွင့်စင်ပပျောက်သွားတယ်လို့ ခံစားရသူတွေက နွေ၊မိုး၊ဆောင်း သုံးရာသီမရွေး ခရီးသွားချင်နေကြသူတွေပါ။ အခုချိန်က မိုးရွာသီကို ရောက်နေပြီဆိုပေမယ့်လည်း ခရီးမသွားဘဲမနေနိုင်ဖြစ်နေတဲ့ ခရီးသွား ဝါသနာအိုးလေးတွေအတွက် မိုးရွာသီမှာ ခရီးသွားရင် ဘာတွေဆောင်ပြီး ဘာတွေရှောင်ရမလဲ ဘယ်တွေကိုလည်ပတ်လို့ရမလဲ သိရှိနိုင်စေဖို့အတွက် စုစည်းဖော်ပြပေးလိုက်ပါတယ်။

ရေနွေးနဲ့ရေချိုးပေးပါ

မိုးရွာသီမှာ ခရီးထွက်ရခြင်းက သဘာဝပတ်ဝန်းကျင်ရဲ့စိမ်းစိုလှပတဲ့ ရှုခင်းကောင်းကောင်းတွေ ခံစားရစေဖို့ အခွင့်အလမ်းကောင်း ရရှိုခြင်းဖြစ်ပါတယ်။ မိုးရွာသီမှာ လှပစိမ်းစိုတဲ့ ရင်သပ်ရှုမောဖွယ် ရှုခင်းတွေကို ခံစားနိုင်သလို မိုးရွာသီရဲ့ မိုးရေတွေနဲ့ ရွှံ့တွေကလည်း အမျိုးစုံတဲ့ ရောဂါပိုးတွေကို သယ်ဆောင်လာတတ်ပါသေးတယ်။ ဒါကြောင့်မို့ မိုးရွာသီမှာ ခရီးသွားလို့ လျှောက်လည်ပြီး ကိုယ်တည်းခိုတဲ့ ဟိုတယ် (သို့) အနားယူတဲ့နေရာကို ပြန်ရောက်တဲ့အခါမှာ ခြေတွေလက်တွေသေချာဆေးပြီး ရေနွေးနွေးလေးနဲ့ ရေချိုုးသန့်စင်ပေးသင့်ပါတယ်။ ဒီလိုပြုလုပ်ပေးခြင်းအားဖြင့် ခန္ဓာကိုယ်မှာကပ်တွယ်လာတဲ့ မမြင်ရတဲ့ပိုးတွေသေစေပြီး တစ်နေကုန် လျှောက်လည်ထားလို့ ဖြစ်ပေါ်လာတဲ့ ညောင်းညာကိုက်ခဲမှုတွေကိုလည်း ပြေလျော့သွားစေမှာပါ။

သစ်တောအုပ်တွေဆီလျှောက်လည်ပါ

မိုးရွာသီမှာ သဘာဝရဲ့အလှအပအစစ်အမှန်ကို ခံစားချင်တယ်ဆိုရင်တော့ သစ်တောအုပ်တွေဆီကို လည်ပတ်ဖို့ ရွေးချယ်တာ အမှန်ကန်ဆုံးဖြစ်မှာပါ။ မိုးတွင်းမှာ မိုးရွာထားလို့ သစ်ရွက်တွေပေါ် မိုးရေစက်လေးတွေ ကျနေပုံကတစိမ့်စိမ့်ကြည့်နေလို့ကောင်းတဲ့ မြင်ကွင်းဖြစ်သလို မိုးရေပက်ဖျန်းထားတဲ့သစ်ရွက်လေးတွေရဲ့ စိမ်းစိုနေပုံကိုကြည့်ရှုခံစားခြင်းကလည်း့ ညစ်ထေးနေတဲ့ စိတ်အစဉ်ကို လန်းဆန်းသွားစေမှာ သေချာပါတယ်။ မိုးတွင်းကာလမှာ ခရီးသွားဖို့စိတ်ကူးရှိပြီး ဘယ်သွားရမှန်းမသိရင် သစ်တောအုပ်လေးတွေဆီ သွားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

Forest

Forest

ရာသီဥတုခန့်မှန်းချက်ကို အမြဲသတိမူပါ

မိုးတွင်းလိုအချိန်မျိုး ခရီးသွားတဲ့အခါမှာ အရေးကြီးဆုံးအချက်ကို ရာသီဥတုခန့်မှန်းချက်တွေကို လိုက်နာဖို့ပါပဲ။ ဒီလိုကာလမှာ တစ်ရက်နဲ့ တစ်ရက် ရာသီဥတုက မတူကွဲပြားတဲ့အတွက်ကြောင့်မို့လို့ပါ။ မိုးမရွာဘဲ ခြောက်သွေ့တဲ့နေ့မျိုးဆို လွတ်လပ်ပေါ့ပါးစွာ လျှောက်သွားပြီး ပျော်ရွှင်မှုကို တဝကြီးခံစားကြည့်လို့ရလို့ပါ။ မိုးအုံ့ပြီး ညို့ညို့မှိုင်းမှိုင်းနဲ့ တိမ်ထူတာကို ကြိုသိထားရင် ဓာတ်ဖမ်းချင်တဲ့သူတွေအတွက် ပန်းချီကားနဲ့တူတဲ့ ဒီရာသီဥတုကို နောက်ခံထားပြီး တဝကြီးဓာတ်ဖမ်းလို့ရပါတယ်။ ဒီလို ရာသီဥတုအခြေအနေကိုကြိုသိထားရင် မိုးတွင်းမို့အခက်အခဲဖြစ်တာမျိုးမရှိတော့ဘဲ အဆင်ပြေစွာသွားလာနိုင်မှာပါ။

ရေစိုခံအိတ်သယ်သွားပါ

မိုးတွင်းခရီးသွားမယ်ဆိုရင်ခရီးဆောင်အိတ်က ရေစိုခံအိတ်ဖြစ်ဖို့အရေးအကြီးဆုံးပါပဲ။ ကင်မရာ၊ ဖုန်း၊ လက်ပ်တော့တွေကို ရေမထိစေဖို့ကလည်းအရေးကြီးပါတယ်။ ဒါကြောင့် အိတ်ကောင်းကောင်းဝယ်ဖို့ကို မနှမြောပါနဲ့။ အိတ်တန်ဖိုးထက် ရေဝင်လို့ပျက်စီးသွားတဲ့ လျှပ်စစ်ပစ္စည်းတွေရဲ့ တန်ဖိုးက ပိုဈေးကြီးပါတယ်။

မိုးစိုခံအဝတ်အစား

မိုးရာသီမှာ ခရီးသွားရင် တစ်ခုခက်ခဲတာကတော့ အဝတ်အစားပါ။ ခရီးသွားချိန် မိုးစိုနိုင်တဲ့အတွက် သာမန်ခရီးသွားတဲ့အချိန်မျိုးထက် အဝတ်အစားအပိုလေးတွေ ထည့်သွားသင့်ပါတယ်။ အဝတ်အစားတွေထည့်တဲ့အခါမှာလည်း ချည်ထည်တွေ ထည့်မယ့်အစား Synthetic Clothes လိုမျိုးနဲ့ ပါးလွှာပေါ့ပါးပြီး အခြောက်မြန်တဲ့ အဝတ်အစားမျိုးကို ထည့်သွားသင့်ပါတယ်။ မိုးရွာလို့ မိုးရေစိုသွားခဲ့ရင်လည်း ဒီလိုအဝတ်အစားတွေက အခြောက်မြန်တဲ့အတွက် ပြန်ဝတ်မယ်ဆိုရင်လည်း အဆင်ပြေပါတယ်။

ဆေးသေတ္တာ

မိုးရာသီမှာ ရောဂါပိုးတွေပေါများတဲ့အတွက် မိသားစုနဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းနဲ့ပဲဖြစ်ဖြစ်၊ တစ်ယောက်တည်းပဲဖြစ်ဖြစ် ခရီးသွားတဲ့အခါ လိုလိုပိုပို ဆေးသေတ္တာထဲမှာ အနာကပ်ပလတ်စတာ၊ ခေါင်းကိုက်ပျောက်ဆေး၊ အစာအိမ်နာပျောက်ဆေး၊ ဝမ်းပိတ်ဆေး အစရှိသဖြင့် ဆေးအစုံအလင်ထည့်ပြီး သယ်သွားသင့်ပါတယ်။ လမ်းခရီးမှာ မတော်တဆထိခိုက်ဒဏ်ရာရခဲ့ရင်လည်း ဆေးသေတ္တာပါတဲ့အတွက် အရေးပေါ်ကုသထားလို့ ရပါတယ်။ ဘယ်လိုရာသီဥတုမျိုးပဲဖြစ်ဖြစ် ဘေးအန္တရာယ်ကင်းကင်းနဲ့ ခရီးနှင်နိုင်ဖို့အတွက် ဆေးသေတ္တာကို မဖြစ်မနေဆောင်သွားသင့်ပါတယ်နော်။

Medical Kit

Medical Kit

မသန့်ရှင်းတဲ့အစားအစာတွေကိုမစားမိစေဖို့

ခရီးသွားတဲ့အခါမှာ ဒေသထွက်အစားအစာတွေကို မြည်းစမ်းကြည့်ချင်ကြတာ သဘာဝပါ။ ဒါပေမယ့်ခရီးသွားနေတာဖြစ်တဲ့အတွက် မတော်တဆ အစားမှားတာမျိုးမဖြစ်ရလေအောင် မစားခင်မှာ အစားအစာတွေ သန့်ရှင်းမှုရှိမရှိအရင် စစ်ဆေးသင့်ပါတယ်။ လမ်းဘေးစားသောက်ဆိုင်တွေနဲ့ ဈေးပေါတဲ့ဟိုတယ်တွေကို အစားအစာသန့််ရှင်းမှုပိုင်းမှာ အားနည်းနိုင်တဲ့အတွက် ဂရုတစိုက်နဲ့ သေချာလေ့လာပြီးမှ စားသုံးသင့်ပါတယ်။

Hair Dryer

မိုးရွာသီခရီးသွားတဲ့အခါမှာ Hair Dryer က မပါမဖြစ်သယ်သွားသင့်ပါတယ်။ မိုးမိလို့ ခေါင်းရေစိုတဲ့အခါမျိုးမှာပဲဖြစ်ဖြစ်၊ ခေါင်းလျှော်ပြီးလို့ ဆံပင်ကို ခြောက်သွေ့အောင် ပြုလုပ်ဖို့လိုတဲ့အခါမှာ Hair Dryer ကို အသုံးပြုပေးလို့ရပါတယ်။ မိုးတွင်းဖြစ်လို့ နေရောင်ခြည်ကလည်းမရတဲ့အတွက် သဘာဝအတိုင်း ခြောက်သွေ့ဖို့ကလည်း မလွယ်ကူတဲ့အတွက် Hair Dryer မဖြစ်မနေသုံးရမှာပါ။ ဟိုတယ်အကြီးတွေမှကတော့ Hair Dryer တွေ ထားပေးတတ်ပေမယ့် Hostel လိုနေရာမျိုးမှာက Dryer ရှိဖို့က သိပ်မသေချာတဲ့အတွက် ကိုယ်တိုင်သယ်သွားတာက အကောင်းဆုံးပါပဲ။

Hair Dryer

Hair Dryer

ကဲ…ဒီလောက်ဆိုရင်တော့ မိုးရွာသီမှာ ခရီးသွားမယ့်သူတွေအတွက် အထောက်အကူဖြစ်လောက်ပြီလို့ ထင်ပါတယ်နော်။ မိုးရာသီမှာ ခရီးသွားရင် ဘယ်လိုပြင်ဆင်လေ့ရှိလဲဆိုတာကိုလည်း ပြန်လည်မျှဝေပေးသွားပါဦးနော်။

H.H(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။