[Zawgyi]

Transfer Dead Line Day မတိုင္ခင္ ျဖစ္ေပၚလာဖုိ႔ရွိတဲ့ ကစားသမားအေျပာင္းအေရႊ႕မ်ား

ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္ ပိတ္သိမ္းမယ့္ရက္က တျဖည္းျဖည္းနီးကပ္လာခဲ့ပါၿပီ။ ၾသဂုတ္(၉)ရက္မွာ အေျပာင္းအေရႊ႕ပိတ္သိမ္းမွာျဖစ္လုိ႔ ဒီေန႔အပါအ၀င္ (၃)ရက္ေလာက္သာ က်န္ပါေတာ့တယ္။ တခ်ိဳ႕ကလပ္ေတြကလည္း ရာသီသစ္မွာ ေအာင္ျမင္ဖုိ႔ ကစားသမားသစ္ေတြ ေခၚယူေနသလုိ စပါးအသင္းလုိမ်ိဳး ကစားသမားသစ္ တစ္ေယာက္မွ မေခၚရေသးတဲ့အသင္းေတြလည္း ရွိေနတယ္။ အရင္ႏွစ္ေတြတုန္းက ပရီးမီးယားလိဂ္ၿပိဳင္ပဲြဟာ ၾသဂုတ္(၃၁)ရက္မွ အေျပာင္းအေရႊ႕ေစ်းကြက္ ပိတ္သိမ္းတာျဖစ္ေပမယ့္ ဒီႏွစ္မွာေတာ့ ရာသီသစ္ မတိုင္ခင္မွာပဲ ပိတ္သြားမွာပါ။ လက္က်န္ရက္ပုိင္းအတြင္း ပရီးမီးယားလိဂ္မွာ ျဖစ္ေပၚလာဖုိ႔ရွိေနတဲ့ ကစားသမားအေျပာင္းအေရႊ႕ေတြကုိ ပရိသတ္ေတြအတြက္ ေဖာ္ျပေပးလုိက္ပါတယ္။

ပစ္ဖုိ႔ဒ္ Pickford (အဲဗာတန္ မွ ခ်ယ္လ္ဆီး)

Pickford

Pickford

အဓိက ဂုိးသမား ေက္ာတုိအာ Courtois ကုိ လက္လႊတ္ရဖုိ႔ရွိေနတဲ့ ခ်ယ္လ္ဆီးအသင္းအေနနဲ႔ ေကာ္တုိအာေနရာ အစားထုိးႏုိင္မယ့္သူတစ္ဦးကုိ ႀကိဳတင္ရွာေဖြေနပါၿပီ။ ၂၀၁၈ ကမၻာ႔ဖလားမွာ အဂၤလန္အသင္းအတြက္ လက္စြမ္းျပခဲ့တဲ့ ဂုိးသမား ပစ္ဖုိ႔ဒ္က ခ်ယ္လ္ဆီးအသင္း အလုိရွိေနတဲ့ ကစားသမားစာရငး္မွာ ထိပ္ဆုံးက ပါ၀င္ေနတယ္။

၀ီလီယံ Willian (ခ်ယ္လ္ဆီး မွ မန္ယူ)

willian

willian

ဒီေႏြရာသီေစ်းကြက္အတြင္း ၀ီလီယံနဲ႔ မန္ယူတို႔ရဲ႕ အေျပာင္းအေရႊ႕က Dead line မတိုင္ခင္ ျဖစ္လာမလားလုိ႔ ပရိသတ္ေတြ စိတ္၀င္စားေနၾကဆဲပါပဲ။ ေမာ္ရင္ဟုိ Mourinho ကလည္း ဒီေႏြရာသီမွာ ေနာက္ထပ္ ကစားသမားသစ္(၂)ဦး ေခၚယူလုိေနတဲ့အျပင္ ၀ီလီယံဟာ ေမာ္ရင္ဟုိ အႀကိဳက္ကစားသမားတစ္ဦး ျဖစ္ေနတာေၾကာင့္ ၀ီလီယံ-မန္ယူ Transfer Saga က အဆုံးသတ္သြားမလားဆုိတာ ေစာင့္ၾကည့္ရမယ္။

ဇာဟာ Zaha (ပဲေလ့စ္ မွ ခ်ယ္လ္ဆီး)
ေယာ္ဂ်င္ဟုိ Jorginho အၿပီး ခ်ယ္လ္ဆီးအသင္းကုိ ေရာက္ရွိလာႏုိင္တဲ့ ဒုတိယေျမာက္ ကစားသမားျဖစ္ပါတယ္။ ႏွစ္အသင္းအၾကား ေျပာင္းေရႊ႕ေၾကး ညိႇႏႈိင္းလုိ႔ရရင္ Dead Line Day မတိုင္ခင္ျဖစ္လာဖုိ႔ရွိေနပါၿပီ။

အယ္လ္ဒါ၀ီယဲလ္ Alderweireld (စပါး မွ မန္ယူ)

Alderweireld

Alderweireld

မန္ယူပရိသတ္ေတြ ေမွ်ာ္လင့္ေနတဲ့ အေျပာင္းအေရႊ႕တစ္ခုပါ။ အခုအခ်ိန္မွာ အယ္လ္ဒါ၀ီယဲလ္နဲ႔ မန္ယူူ သတင္းေတြက အမ်ိဳးမ်ိဳး ထြက္ေပၚေနၿပီး ဘာေတြဆက္ျဖစ္မလဲဆုိတာက မၾကာခင္အေျဖေပၚဖုိ႔ရွိေနတယ္။

အူစမန္ဒမ္ဘီလီ Ousmane Dembele (ဘာစီလုိနာ မွ အာဆင္နယ္)

အူစမန္ဒမ္ဘီလီနဲ႔ အာဆင္နယ္တို႔ရဲ႕ သတင္းေတြက အရင္ရက္ေတြမွာ Gossip အဆင့္သာ ရွိခဲ့ေပမယ့္ အခုေတာ့ ျဖစ္ႏုိင္ေျခရွိတဲ့အဆင့္ကုိ ေရာက္ရွိေနၿပီ။ ဘာစီလုိနာအသငး္ကုိ မဲလ္ကြန္ Malcom ေရာက္ရွိလာတာေၾကာင့္ အူစမန္ဒမ္ဘီလီ ပဲြထြက္ခြင့္ရဖုိ႔ ႐ုန္းကန္ရမယ့္ အေနအထားရွိေနလုိ႔ပါ။ ဒါေပမဲ့ ဘာစီလုိနာအသင္းကေတာ့ အူစမန္ဒမ္ဘီလီကုိ လြယ္လြယ္နဲ႔ လက္လႊတ္ဖုိ႔ အေနအထားမရွိပါဘူး။

မာစီယဲလ္ Martial (မန္ယူ မွ စပါး)

Martial

Martial

မာစီယဲလ္ကေတာ့ ဒီေႏြရာသီမွာ မန္ယူက ထြက္ခြာဖုိ႔ ေသခ်ာသေလာက္ရွိေနၿပီ။ အခုအေျပာင္းအေရႊ႕အတြင္း ကစားသမားသစ္ မေခၚရေသးတဲ့ စပါးအသင္းအတြက္ မာစီယဲလ္က ပထမဆုံးေခၚယူတဲ့ ကစားသမားျဖစ္လာႏုိင္ပါတယ္။

ပရိသတ္ႀကီးေရ. .ဒါေတြကေတာ့ ဒီေႏြရာသီေစ်းကြက္မပိတ္ခင္ အေျပာငး္အေရႊ႕ ျဖစ္ေပၚလာဖုိ႔ရွိေနတဲ့ ကစားသမားေတြပါပဲ။ ဘယ္ကစားသမားက ဘယ္အသင္းကုိ ေရာက္သြားမလဲဆုိတာကေတာ့ . . .

REF:sportskeeda
Photo:Pinterest,Evening Standard,Globo Esporte,The Independent
Naing Linn(Akhayar)
www.akhayar.com

[Unicode]

Transfer Dead Line Day မတိုင်ခင် ဖြစ်ပေါ်လာဖို့ရှိတဲ့ ကစားသမားအပြောင်းအရွှေ့များ

နွေရာသီအပြောင်းအရွှေ့ဈေးကွက် ပိတ်သိမ်းမယ့်ရက်က တဖြည်းဖြည်းနီးကပ်လာခဲ့ပါပြီ။ သြဂုတ်(၉)ရက်မှာ အပြောင်းအရွှေ့ပိတ်သိမ်းမှာဖြစ်လို့ ဒီနေ့အပါအဝင် (၃)ရက်လောက်သာ ကျန်ပါတော့တယ်။ တချို့ကလပ်တွေကလည်း ရာသီသစ်မှာ အောင်မြင်ဖို့ ကစားသမားသစ်တွေ ခေါ်ယူနေသလို စပါးအသင်းလိုမျိုး ကစားသမားသစ် တစ်ယောက်မှ မခေါ်ရသေးတဲ့အသင်းတွေလည်း ရှိနေတယ်။ အရင်နှစ်တွေတုန်းက ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ သြဂုတ်(၃၁)ရက်မှ အပြောင်းအရွှေ့ဈေးကွက် ပိတ်သိမ်းတာဖြစ်ပေမယ့် ဒီနှစ်မှာတော့ ရာသီသစ် မတိုင်ခင်မှာပဲ ပိတ်သွားမှာပါ။ လက်ကျန်ရက်ပိုင်းအတွင်း ပရီးမီးယားလိဂ်မှာ ဖြစ်ပေါ်လာဖို့ရှိနေတဲ့ ကစားသမားအပြောင်းအရွှေ့တွေကို ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

ပစ်ဖို့ဒ် Pickford (အဲဗာတန် မှ ချယ်လ်ဆီး)

Pickford

Pickford

အဓိက ဂိုးသမား ကေ်ာတိုအာ Courtois ကို လက်လွှတ်ရဖို့ရှိနေတဲ့ ချယ်လ်ဆီးအသင်းအနေနဲ့ ကော်တိုအာနေရာ အစားထိုးနိုင်မယ့်သူတစ်ဦးကို ကြိုတင်ရှာဖွေနေပါပြီ။ ၂၀၁၈ ကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်းအတွက် လက်စွမ်းပြခဲ့တဲ့ ဂိုးသမား ပစ်ဖို့ဒ်က ချယ်လ်ဆီးအသင်း အလိုရှိနေတဲ့ ကစားသမားစာရင်းမှာ ထိပ်ဆုံးက ပါဝင်နေတယ်။

ဝီလီယံ Willian (ချယ်လ်ဆီး မှ မန်ယူ)

willian

willian

ဒီနွေရာသီဈေးကွက်အတွင်း ဝီလီယံနဲ့ မန်ယူတို့ရဲ့ အပြောင်းအရွှေ့က Dead line မတိုင်ခင် ဖြစ်လာမလားလို့ ပရိသတ်တွေ စိတ်ဝင်စားနေကြဆဲပါပဲ။ မော်ရင်ဟို Mourinho ကလည်း ဒီနွေရာသီမှာ နောက်ထပ် ကစားသမားသစ်(၂)ဦး ခေါ်ယူလိုနေတဲ့အပြင် ဝီလီယံဟာ မော်ရင်ဟို အကြိုက်ကစားသမားတစ်ဦး ဖြစ်နေတာကြောင့် ဝီလီယံ-မန်ယူ Transfer Saga က အဆုံးသတ်သွားမလားဆိုတာ စောင့်ကြည့်ရမယ်။

ဇာဟာ Zaha (ပဲလေ့စ် မှ ချယ်လ်ဆီး)
ယော်ဂျင်ဟို Jorginho အပြီး ချယ်လ်ဆီးအသင်းကို ရောက်ရှိလာနိုင်တဲ့ ဒုတိယမြောက် ကစားသမားဖြစ်ပါတယ်။ နှစ်အသင်းအကြား ပြောင်းရွှေ့ကြေး ညှိနှိုင်းလို့ရရင် Dead Line Day မတိုင်ခင်ဖြစ်လာဖို့ရှိနေပါပြီ။

အယ်လ်ဒါဝီယဲလ် Alderweireld (စပါး မှ မန်ယူ)

Alderweireld

Alderweireld

မန်ယူပရိသတ်တွေ မျှော်လင့်နေတဲ့ အပြောင်းအရွှေ့တစ်ခုပါ။ အခုအချိန်မှာ အယ်လ်ဒါဝီယဲလ်နဲ့ မန်ယူူ သတင်းတွေက အမျိုးမျိုး ထွက်ပေါ်နေပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာက မကြာခင်အဖြေပေါ်ဖို့ရှိနေတယ်။

အူစမန်ဒမ်ဘီလီ Ousmane Dembele (ဘာစီလိုနာ မှ အာဆင်နယ်)

အူစမန်ဒမ်ဘီလီနဲ့ အာဆင်နယ်တို့ရဲ့ သတင်းတွေက အရင်ရက်တွေမှာ Gossip အဆင့်သာ ရှိခဲ့ပေမယ့် အခုတော့ ဖြစ်နိုင်ခြေရှိတဲ့အဆင့်ကို ရောက်ရှိနေပြီ။ ဘာစီလိုနာအသင်းကို မဲလ်ကွန် Malcom ရောက်ရှိလာတာကြောင့် အူစမန်ဒမ်ဘီလီ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ရမယ့် အနေအထားရှိနေလို့ပါ။ ဒါပေမဲ့ ဘာစီလိုနာအသင်းကတော့ အူစမန်ဒမ်ဘီလီကို လွယ်လွယ်နဲ့ လက်လွှတ်ဖို့ အနေအထားမရှိပါဘူး။

မာစီယဲလ် Martial (မန်ယူ မှ စပါး)

Martial

Martial

မာစီယဲလ်ကတော့ ဒီနွေရာသီမှာ မန်ယူက ထွက်ခွာဖို့ သေချာသလောက်ရှိနေပြီ။ အခုအပြောင်းအရွှေ့အတွင်း ကစားသမားသစ် မခေါ်ရသေးတဲ့ စပါးအသင်းအတွက် မာစီယဲလ်က ပထမဆုံးခေါ်ယူတဲ့ ကစားသမားဖြစ်လာနိုင်ပါတယ်။

ပရိသတ်ကြီးရေ. .ဒါတွေကတော့ ဒီနွေရာသီဈေးကွက်မပိတ်ခင် အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့ရှိနေတဲ့ ကစားသမားတွေပါပဲ။ ဘယ်ကစားသမားက ဘယ်အသင်းကို ရောက်သွားမလဲဆိုတာကတော့ . . .

REF:sportskeeda
Photo:Pinterest,Evening Standard,Globo Esporte,The Independent
Naing Linn(Akhayar)
www.akhayar.com