ဥရောပအပြောင်းအရွှေ့ဈေးကွက်ကတော့ ပိတ်သိမ်းသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့သတင်းတွေထွက်နေကြတဲ့ နေမာ Neymar ၊ အဲရစ်ဆင် Eriksen နဲ့ ပေါ့ဘာ Pogba တို့ရဲ့အပြောင်းအရွှေ့တွေက ဖြစ်မလာတာကြောင့် ဒီကစားသမားတွေကတော့ သက်ဆိုင်ရာကလပ်အသင်းတွေမှာပဲ ဆက်ရှိနေကြမှာဖြစ်ပါတယ်။ ဒါပေမယ့် ဥရောပအပြောင်းအရွှေ့ဈေးကွက်ပိတ်သိမ်းခါနီးမှာ အသင်းပြောင်းခဲ့ကြတဲ့ နာမည်ကျော်ကစားသမားတွေလည်း ရှိနေပါတယ်။ ဒါကြောင့် အခု ပရိသတ်တွေအတွက် ဒီကစားသမားတွေကို ဖော်ပြပေးလိုက်ပါတယ်။

Falcao

အစောပိုင်းတုန်းက သတင်းတွေမှာတော့ ဖယ်လ်ကာအို Falcao ဟာ ဂါလာတာစာရေးအသင်းကို အငှားနဲ့ ပြောင်းရွှေ့မယ်လို့ ဖော်ပြခဲ့ကြပေမယ့် တကယ့်လက်တွေ့မှာတော့ အပြီးသတ်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ဒါအပြင် ဂါလာတာစာရေးအသင်းဟာ ဖယ်လ်ကာအို လို တိုက်စစ်မှူးမျိုးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့ပြီး (၃)နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဒီ (၃)နှစ်စာ စာချုပ်အတွက်တော့ ဖယ်လ်ကာအို ဟာ ယူရို(၅)သန်းရရှိမှာဖြစ်ပြီး ဂါလာတာစာရေးအသင်းမှာ ကျောနံပါတ်(၉)ကို ၀တ်ဆင်ကစားသွားမှာဖြစ်ပါတယ်။ ဂါလာတာစာရေးအသင်းဟာ ဥရောပအပြောင်းအရွှေ့ဈေးကွက်ပိတ်သိမ်းခါနီးမှာ ဖယ်လ်ကာအို အပြင် အသင်းကြီးတွေရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရတဲ့ ဆောက်သမ်တန်ကွင်းလယ်လူ လယ်မီနာ Lemina ကိုလည်း အငှားနဲ့ ခေါ်ယူခဲ့ပါတယ်။

Mkhitaryan

အာဆင်နယ်အသင်းမှ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ ကွင်းလယ်တိုက်စစ်ကစားသမား မစ်ခီတာယီရန် Mkhitaryan ကတော့ ရိုးမားအသင်းကို တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ ရိုးမားအသင်းမှာတော့ မစ်ခီတာယီရန် ဟာ ကျောနံပါတ်(၇၇)ကို ၀တ်ဆင်ကစားသွားမှာပါ။ ဒီနေရာမှာ ထူးထူးခြားခြားတိုက်ဆိုင်တာ တစ်ခုရှိနေပြီး မန်ယူနဲ့ အာဆင်နယ်ကို အလဲအထပ်အနေနဲ့ ပြောင်းရွှေ့ခဲ့တဲ့ မစ်ခီတာယီရန် ရဲ့ ဆန်းချက်စ် Sanchez တို့ဟာ လက်ရှိအပြောင်းအရွှေ့မှာတော့ အီတလီမြေကို ပြိုင်တူဆိုသလို ရောက်ရှိခဲ့ကြတာဖြစ်ပါတယ်။

Keylor Navas

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ချန်ပီယံလိဂ်အောင်ပွဲတွေမှာ အရေးပါခဲ့တဲ့ ဂိုးသမား နာဗတ်စ် Keylor Navas ဟာ ဥရောပအပြောင်းအရွှေ့ဈေးကွက်ပိတ်သိမ်းခါနီးမှာ ပြင်သစ်ထိပ်သီး PSG အသင်းကို (၄)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ နာဗတ်စ် ဟာ PSG အသင်းမှာ ကျောနံပါတ်(၁)ကို ၀တ်ဆင်ကစားသွားမှာဖြစ်တာကြောင့် အသင်းရဲ့ ပထမဦးစားပေး ဂိုးသမားလည်း ဖြစ်လာဖို့ ရှိနေပါတယ်။ ဒါအပြင့် နာဗတ်စ် ဟာ PSG အသင်းသမိုင်း တစ်လျှောက် ပထမဆုံးကော်စတာရီကာ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး သူ့ရဲ့ ပြောင်းရွှေ့ကြေးကိုတော့ မဖော်ပြခဲ့ပါဘူး။

Javier Hernandez

ဥရောပအပြောင်းအရွှေ့ဈေးကွက်ပိတ်သိမ်းခါနီးမှာတော့ တိုက်စစ်မှူး ဟာနန်ဒက်ဇ် Hernandez ရဲ့ အပြောင်းအရွှေ့ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဟာနန်ဒက်ဇ် ဟာ ၀က်စ်ဟမ်းအသင်းကနေ ဆီဗီလာအသင်းကို (၃)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ပြောင်းရွှေ့ကြေးကိုတော့ ဖော်ပြခဲ့ခြင်းမရှိခဲ့ပါဘူး။ ဆီဗီလာအသင်းမှာတော့ ဟာနန်ဒက်ဇ် ဟာ သူ့ရဲ့ထုံးစံအတိုင်း ကျောနံပါတ်(၁၄)ကို ၀တ်ဆင်သွားမှာ ဖြစ်ပါတယ်။

Icardi

အင်တာမီလန်အသင်းမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ တိုက်စစ်မှူး အီကာဒီ Icardi အတွက် စိတ်ကျေနပ်စရာ အပြောင်းအရွှေ့တစ်ခုဖြစ်မှာ သေချာပါတယ်။ ဘာလို့လည်းဆိုတော့ အီကာဒီ ဟာ လက်ရှိအနေအထားတွေအရ အင်တာမီလန်အသင်းထက် အဆင့်အတန်းမြင့်မားနေတဲ့ PSG အသင်းကို ပြောင်းရွှေ့နိုင်ခဲ့လို့ပါပဲ။ PSG အသင်းကို အီကာဒီ ဟာ တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ကျောနံပါတ်(၁၈)ကို ၀တ်ဆင်ကစားသွားမှာ ဖြစ်ပါတယ်။ အီကာဒီ ကို တစ်ရာသီအငှားအတွက် PSG အသင်းဟာ ယူရို(၅)သန်းအသုံးပြုခဲ့ရသလို အပြီးသတ်ခေါ်ယူမယ်ဆိုရင်တော့ နောက်ထပ်ယူရို(၆၅)သန်း အသုံးပြုသွားရမှာဖြစ်ပါတယ်။

ဥရောပအပြောင်းအရွှေ့ဈေးကွက်ပိတ်သိမ်းခါနီးမှာ အသင်းပြောင်းခဲ့ကြတဲ့ ကစားသမားများ

23:59 – Rachid Ghezzal (Leicester – Fiorentina] Loan

22:40 – Mauro Icardi [Inter Milan – Paris St-Germain] Loan

22:20 – Radamel Falcao [Monaco – Galatasaray] Free

22:04 – Stefano Okaka [Watford – Udinese] Undisclosed

21:10 – Kenedy [Chelsea – Getafe] Loan

21:00 – Mario Lemina [Southampton- Galatasaray] Loan

21:00 – Emiliano Marcondes [Brentford – FC Midtjylland] Loan

19:00 – Bobby Duncan [Liverpool – Fiorentina] £1.8m

18:50 – Henrikh Mkhitaryan [Arsenal – Roma] Loan

18:18 – Wesley Hoedt [Southampton – Royal Antwerp] Loan

18:15 – Nouha Dicko [Hull – Vitesse Arnhem] Loan

18:08 – Keylor Navas [Real Madrid – Paris St-Germain] Undisclosed

18:08 – Alphonse Areola [Paris St-Germain – Real Madrid] Loan

18:00 – Kelechi Nwakali [Arsenal – Huesca] Undisclosed

17:15 – Marcus Edwards [Tottenham – Vitoria] Undisclosed

17:10 – Achraf Lazaar [Newcastle – Cosenza] Loan

17:00 – Florin Andone [Brighton – Galatasaray] Loan

16:34 – Asmir Begovic [Bournemouth – Qarabag] Loan

14:32 – Baba Rahman [Chelsea – Real Mallorca] Loan

13:13 – Arvin Appiah [Nottingham Forest – Almeria] £8m

11:00 – Javier Hernandez [West Ham – Sevilla] Undisclosed

10:36 – Adalberto Penaranda [Watford – KAS Eupen] Loan

10:01 – Matteo Darmian [Manchester United – Parma] Undisclosed

08:47 – Fernando Llorente [Tottenham – Napoli] Free

Ref: BBC Sports
Photo: Galatasaray Twitter , Forza Italian Football , Sport English , PSG Twitter , Sevilla Twitter
Ko Kyue(Akhayar)
www.akhayar.com