[Zawgyi]

အေျပာင္းအေရႊ႕ကာလမပိတ္သိမ္းခင္ ေစာင္႔ၾကည္႕သြားရမယ္႔ ကစားသမားမ်ား

ဥေရာပေဘာလံုးေလာကရဲ႕ အေျပာင္းအေရႊ႕ကာလဟာ ဒီေန႔ညမွာပိတ္သိမ္းေတာ႔မွာ ျဖစ္ပါတယ္။ အေျပာင္းအေရႊ႕ပိတ္သိမ္းခါနီးမွာ ပရိသတ္ေတြမထင္မွတ္တဲ႔ အေျပာင္းအေရႊ႕ေတြဟာျဖစ္ေလ႔ျဖစ္ထရိွတာကလည္း အစဥ္အလာတစ္ခုလိုျဖစ္ေနပါျပီ။ အခု ပရိသတ္ေတြအတြက္ အေျပာင္းအေရႊ႕ကာလမပိတ္သိမ္းခင္ အသင္းေျပာင္းေရႊ႕ႏိုင္ေျခရိွတဲ႔ ကစားသမားေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ရာကီတစ္ Rakitic

Rakitic

Rakitic

အသက္(၃၀)အရြယ္ရိွျပီျဖစ္သူ ဘာစီလိုနာကြင္းလယ္လူ ရာကီတစ္ Rakitic ကို PSG အသင္းကေခၚယူဖို႔ပစ္မွတ္ထားေနတာပါ။ ဘာစီလိုနာအသင္းကို ဗီဒယ္လ္ Vidal နဲ႔ အာသာ Arthur တို႔ေရာက္ရိွလာတာေၾကာင္႔ ရာကီတစ္ Rakitic ဟာ အသင္းမွာပံုမွန္ပြဲထြက္ခြင္႔အတြက္ တိုက္ပြဲ၀င္ရဖို႔ရိွေနသူပါ။ PSG အသင္းရဲ႕ကြင္းလယ္လူ ရာဘီယူ Rabiot ရဲ႕အနာဂတ္ဟာလည္း တိက်တဲ႔အေျဖမထြက္ေသးတာေၾကာင္႔ PSG အသင္းဟာ ရာကီတစ္ Rakitic ကို ေခၚယူလိုေနတာပါ။

(၂) ဂ်႐ုန္းဘိုတန္ Jerome Boateng

Jerome-Boateng

Jerome-Boateng

ဘိုင္ယန္ျမဴးနစ္အသင္းေနာက္ခံလူ ဂ်႐ုန္းဘိုတန္ Jerome Boateng ကိုလည္း PSG အသင္းကေခၚယူဖိုခ်ိတ္ဆက္ေနတာပါ။ ဂ်႐ုန္းဘိုတန္ Jerome Boateng ရဲ႕အေျပာင္းအေရႊ႕ဟာ ျဖစ္ေပၚလာမလားဆိုတာ စိတ္၀င္စားစရာပါ။

(၃) ကာဂါ၀ါ Kagawa

Kagawa

Kagawa

ေဒါ႔မြန္အသင္းရဲ႕ ဂ်ပန္ကြင္းလယ္ကစားသမား ကာဂါ၀ါ Kagawa ကို မာေဆးလ္နဲ႔ဆီဗီလာအသင္းေတြကေခၚယူဖို႔ စိတ္၀င္စားေနၾကပါတယ္။ ေဒါ႔မြန္အသင္းကို ကြင္းလယ္လူေတြျဖစ္ၾကတဲ႔ ၀စ္ဆဲလ္ Witsel ၊ ဒီေလးနီ Delaney တို႔ေရာက္ရိွလာတာေၾကာင္႔ ကာဂါ၀ါ Kagawa အတြက္ပြဲထြက္ခြင္႔အခက္အခဲေတြျဖစ္ေပၚလာခဲ႔ျပီး ျပီးခဲ႔တဲ႔ လိုက္ပ္ဇစ္နဲ႔ပြဲမွာလည္း အသင္းရဲ႕လူစာရင္းမွာပါ၀င္ခဲ႔ျခင္းမရိွတာေၾကာင္႔ အခုလိုသတင္းေတြထြက္ေပၚလာခဲ႔တာပါ။

(၄) မာခီစီယို Marchisio

Marchisio

Marchisio

ဂ်ဴဗင္တပ္စ္ကစားသမားေဟာင္း ၀ါရင္႔ကြင္းလယ္လူ မာခီစီယို Marchisio ဟာဂ်ဴဗင္တပ္စ္နဲ႔ လမ္းခြဲခဲ႔ျပီး အသင္းလက္မဲ႔ျဖစ္ေနသူပါ။ မာခီစီယို Marchisio ကိုေပၚတူဂီနာမည္ၾကီးအသင္းေတြျဖစ္တဲ႔ ေပၚတို၊ဘင္ဖီကာ တို႔ကေခၚယူဖို႔စိတ္၀င္စားေနတာေၾကာင္႔ မာခီစီယို Marchisio ရဲ႕အေျပာင္းအေရႊ႕ျဖစ္ေပၚလာမလား ဆိုတာေစာင္႔ၾကည္႕သြားရမွာပါ။

(၅) မာကိုဗစ္ Markovic

Markovic

Markovic

မာကိုဗစ္ Markovic ဟာ လီဗာပူးလ္ကစားသမားျဖစ္ေနဆဲျဖစ္ေပမယ္႔ ၂၀၁၅ ခုႏွစ္ထဲက အသင္းမွာကစားခြင္႔မရေတာ႔ဘဲ အငွားေတြနဲ႔သာ အသင္းေပါင္းစံုမွာက်င္လည္ေနရသူပါ။ လက္ရိွမွာေတာ႔ မာကိုဗစ္ Markovic ကိုေခၚယူဖို႔ PAOK နဲ႔ အန္ဒါလက္ခ်္အသင္းေတြက စိတ္၀င္စားေနၾကပါတယ္။

(၆) ေလာဖ္႔တပ္ခ်ိခ္ Loftus-Cheek

Loftus-Cheek

Loftus-Cheek

ေလာဖ္႔တပ္ခ်ိခ္ Loftus-Cheek ဟာ ေျခစြမ္းေကာင္းမြန္ေပမယ္႔ ခ်ယ္လ္ဆီးအသင္းမွာေတာ႔ ပံုမွန္ေနရာအတြက္ ခက္ခဲေနသူပါ။ ခ်ယ္လ္ဆီးအသင္းရဲ႕ကြင္းလယ္မွာ ေယာ္ဂ်င္ဟို Jorginho ၊ ကြန္ေတ Kante ၊ ဘာကေလ Barkley ၊ ကိုဗာခ်စ္ Kovacic တို႔ရိွေနတာေၾကာင္႔လည္း ေလာဖ္႔တပ္ခ်ိခ္ Loftus-Cheek ဟာ ကံမေကာင္းသူလို႔ဆိုရမွာပါ။ ေလာဖ္႔တပ္ခ်ိခ္ Loftus-Cheek ကို ေခၚယူဖို႔ မိုနာကိုနဲ႔ ေရွာ္လ္ေကးအသင္းေတြက ေခၚယူဖို႔စိတ္၀င္စားေနၾကပါတယ္။

(၇) ဟာမိုဆို Hermoso

Hermoso

Hermoso

အက္စပန္ညိဳအသင္းရဲ႕လူငယ္ေနာက္ခံလူ ဟာမိုဆို Hermoso ကိုေခၚယူဖို႔ ရီးယဲလ္မက္ဒရစ္အသင္းက စိတ္၀င္စားေနပါတယ္။ ရီးယဲလ္မက္ဒရစ္ရဲ႕ လူငယ္ကစားသမားေဟာင္းျဖစ္သူ ဟာမိုဆို Hermoso ဟာ အက္စပန္ညိဳအသင္းကို ေျပာင္းေရႊ႕တုန္းက စာခ်ဳပ္ထဲမွာ buy back clause ပါ၀င္ေနတာေၾကာင္႔ ရီးယဲလ္မက္ဒရစ္အသင္းကို ျပန္လည္ေရာက္ရိွလာမလားဆိုတာ ေစာင္႔ၾကည္႔ၾကရမွာပါ။

အခုေဖာ္ျပေပးခဲ႔တဲ႔ ကစားသမားေတြဟာ အေျပာင္းအေရႊ႕ကာလမပိတ္သိမ္းခင္မွာ အေျပာင္းအေရႊ႕ျဖစ္ေပၚလာႏိုင္တဲ႔ ကစားသမားေတြျဖစ္ပါတယ္။ မထင္မွတ္ထားတဲ႔ အေျပာင္းအေရႊ႕ေတြျဖစ္ေပၚလာမလားဆိုတာကိုေတာ႔ အေျပာင္းအေရႊ႕ရဲ႕ ေနာက္ဆံုးအခ်ိန္ထိ ရင္ခုုန္သြားၾကရမွာပါ။

Ref: BBC Sport
Photo: CryptoCashEasy.com EN , Big World News ,besthqwallpapers , YouTube , Univision , 10z Soccer . 4Jewish.com 
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အပြောင်းအရွှေ့ကာလမပိတ်သိမ်းခင် စောင့်ကြည့်သွားရမယ့် ကစားသမားများ

ဥရောပဘောလုံးလောကရဲ့ အပြောင်းအရွှေ့ကာလဟာ ဒီနေ့ညမှာပိတ်သိမ်းတော့မှာ ဖြစ်ပါတယ်။ အပြောင်းအရွှေ့ပိတ်သိမ်းခါနီးမှာ ပရိသတ်တွေမထင်မှတ်တဲ့ အပြောင်းအရွှေ့တွေဟာဖြစ်လေ့ဖြစ်ထရှိတာကလည်း အစဉ်အလာတစ်ခုလိုဖြစ်နေပါပြီ။ အခု ပရိသတ်တွေအတွက် အပြောင်းအရွှေ့ကာလမပိတ်သိမ်းခင် အသင်းပြောင်းရွှေ့နိုင်ခြေရှိတဲ့ ကစားသမားတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ရာကီတစ် Rakitic

Rakitic

Rakitic

အသက်(၃၀)အရွယ်ရှိပြီဖြစ်သူ ဘာစီလိုနာကွင်းလယ်လူ ရာကီတစ် Rakitic ကို PSG အသင်းကခေါ်ယူဖို့ပစ်မှတ်ထားနေတာပါ။ ဘာစီလိုနာအသင်းကို ဗီဒယ်လ် Vidal နဲ့ အာသာ Arthur တို့ရောက်ရှိလာတာကြောင့် ရာကီတစ် Rakitic ဟာ အသင်းမှာပုံမှန်ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်ရဖို့ရှိနေသူပါ။ PSG အသင်းရဲ့ကွင်းလယ်လူ ရာဘီယူ Rabiot ရဲ့အနာဂတ်ဟာလည်း တိကျတဲ့အဖြေမထွက်သေးတာကြောင့် PSG အသင်းဟာ ရာကီတစ် Rakitic ကို ခေါ်ယူလိုနေတာပါ။

(၂) ဂျရုန်းဘိုတန် Jerome Boateng

Jerome-Boateng

Jerome-Boateng

ဘိုင်ယန်မြူးနစ်အသင်းနောက်ခံလူ ဂျရုန်းဘိုတန် Jerome Boateng ကိုလည်း PSG အသင်းကခေါ်ယူဖိုချိတ်ဆက်နေတာပါ။ ဂျရုန်းဘိုတန် Jerome Boateng ရဲ့အပြောင်းအရွှေ့ဟာ ဖြစ်ပေါ်လာမလားဆိုတာ စိတ်ဝင်စားစရာပါ။

(၃) ကာဂါဝါ Kagawa

Kagawa

Kagawa

ဒေါ့မွန်အသင်းရဲ့ ဂျပန်ကွင်းလယ်ကစားသမား ကာဂါဝါ Kagawa ကို မာဆေးလ်နဲ့ဆီဗီလာအသင်းတွေကခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ ဒေါ့မွန်အသင်းကို ကွင်းလယ်လူတွေဖြစ်ကြတဲ့ ဝစ်ဆဲလ် Witsel ၊ ဒီလေးနီ Delaney တို့ရောက်ရှိလာတာကြောင့် ကာဂါဝါ Kagawa အတွက်ပွဲထွက်ခွင့်အခက်အခဲတွေဖြစ်ပေါ်လာခဲ့ပြီး ပြီးခဲ့တဲ့ လိုက်ပ်ဇစ်နဲ့ပွဲမှာလည်း အသင်းရဲ့လူစာရင်းမှာပါဝင်ခဲ့ခြင်းမရှိတာကြောင့် အခုလိုသတင်းတွေထွက်ပေါ်လာခဲ့တာပါ။

(၄) မာခီစီယို Marchisio

Marchisio

Marchisio

ဂျူဗင်တပ်စ်ကစားသမားဟောင်း ဝါရင့်ကွင်းလယ်လူ မာခီစီယို Marchisio ဟာဂျူဗင်တပ်စ်နဲ့ လမ်းခွဲခဲ့ပြီး အသင်းလက်မဲ့ဖြစ်နေသူပါ။ မာခီစီယို Marchisio ကိုပေါ်တူဂီနာမည်ကြီးအသင်းတွေဖြစ်တဲ့ ပေါ်တို၊ဘင်ဖီကာ တို့ကခေါ်ယူဖို့စိတ်ဝင်စားနေတာကြောင့် မာခီစီယို Marchisio ရဲ့အပြောင်းအရွှေ့ဖြစ်ပေါ်လာမလား ဆိုတာစောင့်ကြည့်သွားရမှာပါ။

(၅) မာကိုဗစ် Markovic

Markovic

Markovic

မာကိုဗစ် Markovic ဟာ လီဗာပူးလ်ကစားသမားဖြစ်နေဆဲဖြစ်ပေမယ့် ၂၀၁၅ ခုနှစ်ထဲက အသင်းမှာကစားခွင့်မရတော့ဘဲ အငှားတွေနဲ့သာ အသင်းပေါင်းစုံမှာကျင်လည်နေရသူပါ။ လက်ရှိမှာတော့ မာကိုဗစ် Markovic ကိုခေါ်ယူဖို့ PAOK နဲ့ အန်ဒါလက်ချ်အသင်းတွေက စိတ်ဝင်စားနေကြပါတယ်။

(၆) လောဖ့်တပ်ချိခ် Loftus-Cheek

Loftus-Cheek

Loftus-Cheek

လောဖ့်တပ်ချိခ် Loftus-Cheek ဟာ ခြေစွမ်းကောင်းမွန်ပေမယ့် ချယ်လ်ဆီးအသင်းမှာတော့ ပုံမှန်နေရာအတွက် ခက်ခဲနေသူပါ။ ချယ်လ်ဆီးအသင်းရဲ့ကွင်းလယ်မှာ ယော်ဂျင်ဟို Jorginho ၊ ကွန်တေ Kante ၊ ဘာကလေ Barkley ၊ ကိုဗာချစ် Kovacic တို့ရှိနေတာကြောင့်လည်း လောဖ့်တပ်ချိခ် Loftus-Cheek ဟာ ကံမကောင်းသူလို့ဆိုရမှာပါ။ လောဖ့်တပ်ချိခ် Loftus-Cheek ကို ခေါ်ယူဖို့ မိုနာကိုနဲ့ ရှော်လ်ကေးအသင်းတွေက ခေါ်ယူဖို့စိတ်ဝင်စားနေကြပါတယ်။

(၇) ဟာမိုဆို Hermoso

Hermoso

Hermoso

အက်စပန်ညိုအသင်းရဲ့လူငယ်နောက်ခံလူ ဟာမိုဆို Hermoso ကိုခေါ်ယူဖို့ ရီးယဲလ်မက်ဒရစ်အသင်းက စိတ်ဝင်စားနေပါတယ်။ ရီးယဲလ်မက်ဒရစ်ရဲ့ လူငယ်ကစားသမားဟောင်းဖြစ်သူ ဟာမိုဆို Hermoso ဟာ အက်စပန်ညိုအသင်းကို ပြောင်းရွှေ့တုန်းက စာချုပ်ထဲမှာ buy back clause ပါဝင်နေတာကြောင့် ရီးယဲလ်မက်ဒရစ်အသင်းကို ပြန်လည်ရောက်ရှိလာမလားဆိုတာ စောင့်ကြည့်ကြရမှာပါ။

အခုဖော်ပြပေးခဲ့တဲ့ ကစားသမားတွေဟာ အပြောင်းအရွှေ့ကာလမပိတ်သိမ်းခင်မှာ အပြောင်းအရွှေ့ဖြစ်ပေါ်လာနိုင်တဲ့ ကစားသမားတွေဖြစ်ပါတယ်။ မထင်မှတ်ထားတဲ့ အပြောင်းအရွှေ့တွေဖြစ်ပေါ်လာမလားဆိုတာကိုတော့ အပြောင်းအရွှေ့ရဲ့ နောက်ဆုံးအချိန်ထိ ရင်ခုန်သွားကြရမှာပါ။

Ref: BBC Sport
Photo: CryptoCashEasy.com EN , Big World News ,besthqwallpapers , YouTube , Univision , 10z Soccer . 4Jewish.com 
Ko Kyue(Akhayar)
www.akhayar.com